Channel Myanmar

Ken Samuels

OSS 117: Lost in Rio (2009)
OSS 117: Lost in Rio (2009)  ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.8 Rotten Tomatoes 75% ရထားတဲ့ ပြင်သစ်စပိုင် ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။စာရေးဆရာ Jean Bruceရဲ့ ပြင်သစ်စပိုင်ဇာတ်ကောင် ကုဒ်နာမည် OSS-117 ကို ရိုက်ကူးထားတာဖြစ်ပြီး ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ စပိုင်ဟာသကားတွေရဲ့ အရသာမျိုးကို ပြန်လည်ပေးစွမ်းနိုင်မယ့် ကားမျိုးပါ။ဇာတ်လမ်းကတော့ ၁၉၆၇မှာတည်ထားတာဖြစ်ပြီး ပြင်သစ်လျှို့ဝှက်အေးဂျင့်ဖြစ်တဲ့ လူကြီးမင်း ဟူဘတ်ဒီလာဘာ့ဒ် (codename: OSS-117)ကို ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ မိုက်ခရိုဖလင်ကို ပြန်ယူဖို့ ဘရာဇီးကို စေလွှတ်ရာကနေ လျှို့ဝှက်အကြံအစည်တစ်ခုထဲကို မထင်မှတ်ပဲ ရောက်သွားတဲ့ ဇာတ်လမ်းပါ။မြောက်အမေရိကကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နာဇီ​ဟောင်းတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်ဇင်မယ်ဆီက ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ ဖလင်ကို ယူပေးရမှာပါ ဘရာဇီးမှာ ဟူဘတ်တစ်ယောက် ပြဿနာ အတိုက်အခိုက်မျိုးစုံကြုံရပြီး အစ္စရေးစစ်တပ်က အရာရှိမလေးဖြစ်တဲ့ ဒလောရက်စ်နဲ့ ဆုံပါတယ်။သူတို့နှစ်ယောက်က လိင်ကွဲပြားမှုအယူဝါဒနဲ့ သာသာရေးအတွေးအခေါ် အမြင်မတူကြပေမယ့်လည်း နာဇီလက်ကျန် ပရော်ဖက်ဆာဘွန်ဇင်မယ်ကို ဘယ်လိုဖမ်းမလဲဆိုတဲ့ ...
movie

OSS 117: Lost in Rio (2009)

The Pod Generation (2023) 5.7
The Pod Generation (2023)  MDb 5.7 ရရှိထားတဲ့သိပ္ပံစိတ်ကူးယဉ်နဲ့ ဒရမ်မာအမျိုးအစားဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ စာရေးဆရာဖြစ်တဲ့ Sophie Barthes တစ်ယောက်ကတော့ ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ဆုနှစ်ခုရရှိထားပါတယ် အနာဂတ်မှာသိပ္ပံနဲ့နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေရဲ့နေ့စဉ်ဘဝတွေလည်းပြောင်းလဲသွားတာကိုရိုက်ကူးပြသထားတာပါ ဇာတ်လမ်းအကျဉ်း..... မဝေးတော့တဲ့အနာဂတ်မှာတော့ ကလေးကိုကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီးမွေးစရာမလိုဘဲ pod ဆိုတဲ့ တကယ့်သားအိမ်နဲ့တူအောင်စီမံထားတဲ့ အခန်းငယ် (တစ်နည်း - အိုး)လေးတွေနဲ့မွေးလို့ရနေပါပြီ ရေချယ်နဲ့အယ်လ်ဗီကတော့လင်မယားတွေဖြစ်ကြပြီး ကလေးယူဖို့အစီအစဉ်မရှိပေမဲ့ ရုတ်တရက်အခြေအနေပေးတာကြောင့် pod နဲ့ကလေးမွေးဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် အနာဂတ်မှာနည်းပညာတွေ တအားခေတ်မှီတိုးတက်လာတာနဲ့အမျှ သစ်ပင်သစ်တောတွေလည်းရှားပါးလာပြီး ရုက္ခဗေဒပညာရှင်ဖြစ်တဲ့ အယ်လ်ဗီကတော့ pod နဲ့ကလေးမွေးတာကိုလုံးဝသဘောမကျပါဘူး ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်လည်း pod ထဲမှာကလေးမွေးထားကြရင်း ဒီနည်းပညာကတကယ်ရောစိတ်ချရပါ့မလား ဆိုတာကိုမယုံသင်္ကာဖြစ်လာပါတော့တယ် သဘာဝအတိုင်းကပိုကောင်းလား pod (အိုးလေး)ထဲမှာမွေးတာက ပိုကောင်းလားဆိုတာနဲ့ပတ်သက်ပြီး လူတွေကြားမှာလည်း ဂိုဏ်းတွေကွဲနေတဲ့အပြင် ဘယ်ဟာကပိုကောင်းလဲဆိုတာကိုမတွေးတတ်တော့ဘဲဖြစ်နေပါတော့တယ် သူတို့လင်မယားနှစ်ယောက်ကရော ဒီလိုနည်းနဲ့ကလေးမွေးတာအဆင်ပြေပါ့မလား သဘာဝဆိုတာကြီးကွယ်ပျောက်တော့မဲ့ကမ္ဘာမှာ သူတို့ဘယ်လိုရှင်သန်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာပါ အေးအေးဆေးဆေး ဒရမ်မာဇာတ်လမ်းလေးဖြစ်တဲ့အပြင် လူတွေလစ်လျူရှူနေကြတဲ့ သဘာဝတရားရဲ့အရေးပါပုံကိုပါ မီးမောင်းထိုးပြသွားတာကို တွေ့ရမှာဖြစ်ပါတယ် File size…(1.3 ...
movie

The Pod Generation (2023)

Double Team (1997) 4.8
Double Team (1997) Double Team (1997)_____IMDb - 4.8/10     ဒီနေ့အတွက် ကျွန်တော်(စိုးထွေး)ရဲ့(၁၆)ကားမြောက်ဇာတ်ကားလေးကိုပရိတ်သတ်တွေဆီမိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားအညွန်းကိုမပြောခင် ကျွန်တော် ပရိတ်သတ်တွေအကြောင်းကိုအရင်ပြောချင်ပါတယ် ။ ကျွန်တော်တို့တင်တဲ့ဇာတ်ကားတွေရဲ့အောက်မှာရေးတဲ့ ပရိတ်သတ်တွေရဲ့Commentတွေကို ကျွန်တော်တို့အမြဲတန်း လေးလေးစားစားဖတ်ပါတယ်။ ပရိတ်သတ်တွေတောင်းဆိုသမျှဇာတ်ကားတွေကိုလည်း အတတ်နိင်ဆုံးလုပ်ပေးနိင်အောင် ကျွန်တော်တို့ညီအစ်ကိုမောင်နမတွေအမြဲတစေကြိုးစားနေကြပါတယ်။ အခုတော့မင်းသားကြီးဗန်ဒိန်းဇာတ်ကားကို တောင်းဆိုသူတွေလည်းအများကြီးတွေ့ခဲ့လို့ ကျွန်တော်ဘာသာပြန်ဖြစ်ခဲ့တာပါ။    ဒီဇာတ်ကားလေးကတော့ကြာပါပြီတော်တော်လေးကိုကြာနေပါပြီ။ ဇာတ်လမ်းအစမှာဦးနှောက် အရမ်းကောင်းမွန်တဲ့ထိပ်သီးလူဆိုးခေါင်းဆောင်စတားဘရို့ကို ဖမ်းဆီးဖို့တာဝန်ယူရသည့် အေဂျင့်ဂျက်ကွင်း . . . သူ့ရဲ့မတော်တဆမှုတခုကြောင့်စတားဘရို့ရဲ့ရင်သွေးငယ်သေဆုံးသွားပြီးနောက် ဂျက်ကွင်း ကိုအညို းထားပုံ၊ ဂျက်ကွင်းရဲ့ကိုယ်ဝန်သည်ဇနီးကို ပြန်ပေးဆွဲထားပြီးဂျက်ကွင်းကိုလက်စားချေဖို့ကြို းပန်းပုံ၊ စတားဘရို့ရဲ့လက်ထဲကသားနဲ့ဇနီးကိုဂျက်ကွင်း ဘယ်လိုကယ်တင်မလဲစသဖြင့်မင်းသားကြီးဗန်ဒိန်းရဲ့ အက်ရှင်အလန်းများနဲ့စတားဘရို့ရဲ့သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်ကားကောင်းတစ်ကားအဖြစ်ညွန်းဆိုလိုက်ပါတယ်။    (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)  File Size                          : 850 MB Quality   ...
movie

Double Team (1997)

1997