Channel Myanmar

Kenjiro Tsuda

As Long As We Both Shall Live (2023) 6.8
As Long As We Both Shall Live (2023)  Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ဒီ Live Action မှာတော့ နာမည်ကြီးVoice actor တစ်ဦးဖြစ်တဲ့ Kenjiro Tsuda နဲ့My Love Mix-up ၊ Silent အစရှိတဲ့ Series တွေမှာ သရုပ်ဆောင်ခဲ့တဲ့Ren Meguro တို့ ပါဝင်သရုပ်‌ဆောင်ထားကြတာဆိုတော့ကြည့်ပျော်မှာကတော့ အသေအချာပါပဲ။ဒါ့အပြင် IMDb rating ကလည်း 6.7 ဆိုတော့တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုကမွေးဖွားလာခဲ့တဲ့ Miyo Saimori...မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီးစွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲမိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ...
movie

As Long As We Both Shall Live (2023)

2023
One Piece Film Red (2022) 6.9
One Piece Film Red (2022) One piece red film ................................. IMDb 6.9/10 Rotten Tomatoes 95%ဒီကားက​တော့ One Piece Animation Movie​တွေရဲ့၁၅ကား​မြောက်ရုပ်ရှင်ပါ။ မထွက်ခင်ကတည်းက ပရိသတ်​တွေကြား ​တော်​တော်ကိုhypeခဲ့ကြသလို ထွက်လာ​တော့လည်း Jujutsu no Kaisen movieကို ရုံဝင်​ငွေမှာ ​အ​မေရိကန်​ဒေါ်လာ၁၈၀သန်းနဲ့တောက်ချပစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ one piece anine seriesရဲ့အပိုင်း၁၀၀၀ပြည့်​မြောက်တဲ့ အထိမ်းအမှတ်နဲ့ထုတ်ခဲ့တာပါ။ဒါ​ပေမဲ့ one piece film red စီးရီးဇာတ်လမ်းနဲ့​တော့ဆက်မ​နေပဲ alternate timelineအ​နေနဲ့(non canon)ပဲရှိပါတယ်။ ဆို​တော့ကာ စီးရီးကြည့်ပြီး Shanksရဲ့သမီးက ဘယ်က​ပေါ်လာတာလဲစဥ်းစားမ​နေနဲ့ဗျ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ ဖျက်ဆီးခံလိုက်ရပြီလို့လူသိများတဲ့ Elegiaကျွန်း​ပေါ်မှာ နာမည်​ကျော်အဆို​တော်မ​လေး Utaဟာ သမိုင်းတွင်​လောက်မယ့်ရှိုးပွဲတစ်ခုကိုလုပ်ဖို့ စီစဥ်ထားတာ​ကြောင့် ငဖီတို့အဖွဲ့လည်း ရှိုးပွဲကြည့်ဖို့​ရောက်လာပါတယ်။ ရှိုးပွဲကို​​ရောက်​တော့ ငဖီနဲ့ Uta​တွေ့ဆုံချိန်မှာ Utaဟာ ငဖီရဲ့ငယ်သူငယ်ချင်းဖြစ်​နေတာကိုသိလိုက်ရပါတယ်။Utaဟာ သူ့ရဲ့ရှိုးပွဲဟာ ရာသက်ပန်​ပျော်ရွှင်​စေမယ့်ပွဲဖြစ်​စေရမယ်လို့ ​ကြေညာခဲ့ပြီး ​ရွှေပွဲလာပရိသတ်​တွေကိုလည်းဆန်းကြယ်တဲ့​ ဖျော်​ဖြေမှု​တွေနဲ့တင်ဆက်ခဲ့ပါတယ်။ ဒါ​ပေမဲ့ သူ့ရဲ့ရှိုးပွဲ​နောက်ကွယ်မှာ​တော့ ​မှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုဟာ ​စောင့်ကြို​နေပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်က​တော့..... File size…2.68GB / 1.36GB Quality…1080p HEVC / 720p  Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle(Hard Sub) Encoder….Thit San Khant Translated by Dr.Nyan
movie

One Piece Film Red (2022)

2022
Shin Ultraman (2022) 6.6
Shin Ultraman (2022) Shin Ultraman(2022) ================IMDb Rating (6.6) / Rotten Tomatoes (100%)Ultraman နဲ့ Godzilla ယူနီဗာ့စ်ဟာ ဂျပန်က စတင်ခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေက ယူရိုက်ရတဲ့ အောင်မြင်ပါတယ်... ဒီ ၂၀၂၂ ထွက် Shin Ultraman ရုပ်ရှင်ကာလည်း ဂျပန်လက်ရာ Godzilla ရုပ်ရှင်တစ်ကားအဖြစ်နဲ့ ၂၀၂၂ မှာ ရုံကြီးကားအဖြစ် ထွက်လာပြီး Rating ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်...အရင်ကကြားဖူးနေကြ Ultraman , Kamen Rider ရုပ်ရှင်, ဇာတ်လမ်းတွဲတွေရဲ့ အငွေ့အသက်တွေကို CGI ဘက်ဂျက်ကောင်းကောင်းနဲ့ အရသာရှိရှိကြည့်ရမှာပါ ကိုင်ဂျူးလို့ခေါ်တဲ့ သတ္တဝါဆန်းကြီးတွေဟာ ကမ္ဘာပေါ်ကို ထူးဆန်းစွာရောက်ရှိလာပါတယ် ပထမဆုံးပေါ်လာတဲ့ ကိုင်ဂျူးတွေကို လူသားတွေပေါင်းစည်းကာ စစ်တပ်အရပ်ဘက် အတော်လေးနှိမ်နင်းလိုက်ရပေမယ့် ကိုင်ဂျူးတစ်ကောင်နဲ့ မရပ်တန့်သွားပါဘူး...နောက်ထပ် S အဆင့်ဝင် ကိုင်ဂျူးမျိုးစုံဟာ အစွမ်းမျိုးစုံနဲ့ ပေါ်လာပါတော့တယ် လူသားတွေလည်း အခက်တွေ့လာရတဲ့ အခြေအနေကိုရောက်လာပြီး....လူသားတွေကို ကယ်တင်မယ့် အာထရာမန်းပေါ်လာပါတယ်...အာထရာမန်း ကမ္ဘာပေါ်ကို ရောက်ရှိလာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဂျပန်ကို နိုင်ငံရေးအသာစီးမှုယူသွားမှာ စိုးရိမ်လာပါတယ်....ဒီ အာထရာမန်းက ဘယ်သူလဲ လူသားမျိုးနွယ်အတွက် ...
movie

Shin Ultraman (2022)

Belle: The Dragon and the Freckled Princess (2021) 7.2
Belle: The Dragon and the Freckled Princess (2021) Belle: The Dragon and the Freckled Princess(2021) (Ryuu to Sobakasu no Hime)IMDb Rating(7.2) / Rotten Tomatoes (93%) / Anilist (78%)Anime ရုပ်ရှင်ကားကောင်းတွေကိုမျှော်လင့်နေတဲ့သူတွေအတွက် လတ်တလောပူပူနွေးနွေးထွက်ရှိထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့...ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး.... ဒါပေမဲ့ တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်...U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်...ဒီ App ကို စုဇုတစ်ယောက် ...
movie

Belle: The Dragon and the Freckled Princess (2021)