Channel Myanmar

Kenneisha Thompson

The Inhabitant (2022) 5.0
The Inhabitant (2022) Tara ဟာအားကစားထူးချွန်ပြီး အ၀တ်အထည်ချုပ်ရာမှာပါရမီပါတဲ့ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးပါ။ဆယ်ကျော်သက်မိန်းကလေးထုံးစံအတိုင်း မိသားစုနဲ့ကတောက်ကစဖြစ်တတ်သလို ရည်းစားဖြစ်သူကလည်းအဝေးမှာကျောင်းသွားတက်တော့မှာဖြစ်လို့ အဆင်မပြေဖြစ်နေရလို့ ရင်ဖွင့်စရာသူငယ်ချင်းတစ်ယောက်ပဲရှိပါတယ်။အဲဒီအချိန်မှာ Tara ရဲ့ပတ်၀န်းကျင်ကလူတစ်ယောက်ပြီးတစ်ယောက်ပျောက်ခြင်းမလှ ပျောက်သွားကြပြီး Tara ရဲ့ခေါင်းထဲမှာလည်းထိတ်လန့်စရာအတွေးတွေပေါ်ပေါ်လာပါတယ်။ Tara လည်း သူ့ဘ၀ထဲကျရောက်လာတဲ့ဒုက္ခ‌ တွေကိုရင်ဆိုင်ရင်း သူအရင်ကမသိခဲ့တဲ့မိသားစုကျိန်စာက သူ့အနောက်ကနေအရိပ်လိုလိုက်လာပါတော့တယ်။Jump scare သိပ်မရှိဘဲ Tempo တဖြည်းဖြည်းတက်လာမယ့် Horror ကားလေးပါ။File size…1.14GB/ 635MB/ 428MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:37:00 Genre...Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Inhabitant (2022)

Black as Night (2021) 5.1
Black as Night (2021) Black as Night (2021)================ရှော်နာဟာ နယူးအော်လန်မှာ နေထိုင်ပြီး ရှက်တတ်ကြောက်တတ်တဲ့မိန်းကလေးတစ်‌ယောက်ပါ၊ နောက်ပြီး အမေဖြစ်သူဟာ ဆေးစွဲနေပြီးသူတို့မိသားစုနဲ့ခွဲနေရတော့ အမေရှိတဲ့ အွန်ဘရို့စ်ဆိုတဲ့နေရာကို ရှော်နာ မကြာခဏလာလည်လေ့ရှိပါတယ်။ အွန်ဘရို့စ်က ဆေးသမားနဲ့အပေအတေတွေ နေတဲ့နေရာတစ်ခုပါ။ တစ်ညမှာ ရှော်နာဟာ သူ့သူငယ်ချင်း ပက်ဒရိုရဲ့ တိုက်တွန်းမှုကြောင့် ပါတီပွဲတစ်ခုကို နှစ်ယောက်သားအတူတူသွားခဲ့ပေမဲ့ ရှက်တတ်ကြောက်တတ်တဲ့ သူ့အတွက်တော့ စိတ်ညစ်ပြီး ပါတီပွဲကနေ တစ်ယောက်တည်း ထွက်လာခဲ့တယ်။အဲ့ဒီအိမ်အပြန်လမ်းမှာ ‌‌ရှော်နာတစ်‌‌ယောက် သူ့တစ်ဘ၀လုံးစာ အပြောင်းအလဲကြီးကို ကြုံတွေ့ရမယ်ဆို‌တာတော့ မသိခဲ့ပါဘူး။ မထင်မှတ်ဘဲရှော်နာဟာ သွေးစုပ်ဖုတ်ကောင်တစ်ကောင် ကိုက်တာခံလိုက်ရပါတော့တယ်။ နောက်တစ်နေ့ ရှော်နာတစ်‌ယောက် အဖြေရှာရင်း အဲ့ဒီသွေးစုပ်ဖုတ်ကောင်တွေဟာ အိမ်ခြေယာမဲ့တွေနဲ့ ဆေးသမားတွေကို ပစ်မှတ်ထားနေတယ်ဆိုတာ သိလာရပြီးနောက်ပိုင်း ပြဿနာတွေဟာရှက်တတ်ကြောက်တတ်တဲ့ ‌ရှော်နာဆီ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတော့တယ်။ ဒီကားဟာ လူမည်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု လူမည်းတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေကိုပါ တွဲစပ်ဖော်ပြပေးထားတဲ့ကိုလည်း တွေ့မြင်ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck ...
movie

Black as Night (2021)

2021
A Ghost Story (2017) 6.9
A Ghost Story (2017) A Ghost Story (2017) IMDb - 6.9/10_____Rotten - 91%   ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ဘယ်ကိုရောက်သွားမလဲ။ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။  ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။သူလုပ်သမျှကိုကြည့်နေပေးတယ်။အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ)   File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw
movie

A Ghost Story (2017)

2017