Channel Myanmar

Kerem Atabeyoğlu

Love Tactics 2 (2022) 4.8
Love Tactics 2 (2022) Love Tactics 2 (2022) ================ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။  သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်)File Size..........(1.85 GB) / (833 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM
movie

Love Tactics 2 (2022)

2023
Kim Bu Aile? (2022)
Kim Bu Aile? (2022) ကိုရီးယား ဟာသဇာတ်ကား Extreme Job ကို မှီငြမ်းထားတဲ့ တူရကီဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ရဲတပ်ဖွဲ့ ကော်မရှင်နာ Adem ဟာ မစ်ရှင်တစ်ခုမှာ အမှားလုပ်မိပြီးတာဝန်ရပ်ဆိုင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူဟာ အိမ်မှာ အေးဆေးပြန်မနားဘဲ အဲမစ်ရှင်မှာ ဖမ်းရမဲ့ရာဇဝတ်သားတွေကို ကိုယ့်ဘာသာလိုက်ဖမ်းဖို့လုပ်ပါတယ်။ အဲရာဇဝတ်သားတွေနောက် ခြေရာခံလိုက်ရင်း သူတို့ပုန်းတဲ့နေရာကို ရှာတွေ့ခဲ့ပါတယ်။ သူတို့ရာဇဝတ်မှုကျုးလွန်နေတုန်း အမိအရ ဖမ်းနိုင်အောင် ပုန်းတဲ့နေရာနားက ကြက်ကြော်ဆိုင်တစ်ဆိုင်မှာ သူ့အဖွဲ့သားတွေနဲ့အတူ ကြက်ကြော်ရောင်းတာ ဆိုင်ကနာမည်ကြီးသွားတဲ့အခါ… ကြက်ကြော်ဆိုင်နဲ့ မူလရည်ရွယ်ချက်ကြား ဗျာများရင် အလွဲလွဲအချော်ဖြစ်ကြပုံကို ရယ်ရယ်မောမောနဲ့ကြည့်ရှုအားပေးရမဲ့ ဟာသကားလေးပဲဖြစ်ပါတယ်။ File size…(2.1 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Kim Bu Aile? (2022)