Channel Myanmar

Kev Adams

Stuck with You (2022) 5.5
Stuck with You (2022) Stuck with You (2022) ================နှစ်သစ်အချိန်အခါလေးမှာ ပူလောင်မှုတွေဝေးပြီး ပျော်ရွှင် စရာလေးတွေပဲ ကြုံတွေ့ရအောင်လို့ စိတ်ရွှင်လန်းရမယ့် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အစအဆုံးကို ပြုံးနေရပြီး ကြည်ကြည်နူးနူးလေးနဲ့ စိတ်ကို ပေါ့ပါးသွားစေတာမို့  ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့် ပါလို့ပြောချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ နှစ်သစ်အကြိုညမှာ ဓာတ်လှေကားထဲ ပိတ်မိသွားကြတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်အ ကြောင်းပါ။ ဂေလ်က သူ့အိပ်မက်တွေနောက်လိုက်ရင်း အလုပ်လက်မဲ့ဖြစ်နေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ဟန်နာကတော့ အလုပ်မှာ အဆင်ပြေပေမဲ့ အချစ်ကံခေနေ ရတဲ့ ကောင်မလေးတစ်ယောက်ပေါ့။သူတို့နှစ်ယောက် နှစ်သစ်အကြိုညမှာ ပါတီတစ်ခုကို လာကြ ရင်း ဓာတ်လှေကားထဲ ပိတ်မိသွားပြီး နှစ်သစ်ကို ဓာတ်လှေ ကားထဲမှာတင် ဖြတ်သန်းရမဲ့ အခြေအနေလေးတစ်ခု ဖြစ်လာ ခဲ့ပါတယ်။ ဒီတော့ ဓာတ်လှေကားထဲမှာ နှစ်သစ်ကြိုကြမဲ့ သူတို့ နှစ်ယောက်ရဲ့ ကြုံရဆုံရလူ့ဘဝလေးတွေကို ခံစားကြည့်လိုက် ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.1 GB) / (440 MB) Quality............WEB-DL 1080p / 720p Duration.........59Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......May Thet Khine Soe Encoder..........SWM
movie

Stuck with You (2022)

2022
Gangsterdam (2017)
Gangsterdam (2017) မျက်ဝန်းပြာပြာနဲ့ ပြင်သစ်ဟာသမင်းသား Kev Adams ကိုတော့ Aladdin ဟာသဇာတ်ကားနဲ့မှတ်မိကြမယ်ထင်ပါတယ်...ခုဇာတ်ကားမှာလဲ အလွဲလွဲအချော်ချော်နဲ့ ထပ်မြင်ရဦးမှာပါ...ကောလိပ်ကျောင်းပျော်ကြီး ရူဘင်တစ်ယောက် ကျောင်းသူသစ်လေး နိုရာကို စွဲလန်းသွားရာက ဇာတ်လမ်းစတယ်...ပြသနာက နိုရာက သာမန်ကျောင်းသူလေးမဟုတ်ဘူး...မာဖီးယားဂိုဏ်းတစ်ခုရဲ့  ဆေးခြောက် ကယ်ရီသမား...ကျောင်းသူလေးကို ဖွန်ကြောင်ရင်းနဲ့ ရူဘင်တစ်ယောက် မာဖီးယားဂိုဏ်းရဲ့ ဆေးခြောက်ထုပ်ကြီးပျောက်ဆုံးမှုမှာကြားညှပ်သွားပြီး Gangsterdam ဆိုတဲ့ စွန့်စားခန်းကြီး နယ်သာလန်မှာဖွင့်ပါတော့တယ်...။ဇာတ်ကိုပံ့ပိုးထားတဲ့ ဇာတ်ရံတွေကလဲ အသီးသီးထူးခြားတဲ့ဇာတ်ကောင်တွေနဲ့မို့ ရီနေရမှာ အသေအချာပါပဲ။ဟာသအက်ရှင်အခွီကားတွေ မျှော်လင့်နေရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။ File size…(1.5 GB) / (999MB) Quality….HDRip 1080p / 720p Format…mp4 Duration….01:33:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nay Lin Thar
movie

Gangsterdam (2017)

Alad’2 (2018) The Brand New Adventures of Aladin
Alad’2 (2018) The Brand New Adventures of Aladin  2015 ကထွက်ခဲ့တဲ့ အာလာဒင်ဟာသကားလေးကို ကြည့်ဖူးသူတိုင်းမှတ်မိကြဦးမယ်ထင်ပါတယ်။ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းမဆိုးသလို အလွန်လည်းရယ်ခဲ့ရတဲ့ ကားကောင်းလေးတစ်ကားပါ။အဲဒီကားလေးရဲ့အဆက်နံပါတ် ၂ ကားလေးကိုတော့ ၂၀၁၈ မှာထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဟာသကားဖြစ်သည့်အားလျော်စွာ အလွန်ခွီးနေရမှာလည်းဖြစ်သလို ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ဇာတ်လမ်းဇာတ်ကွက်ကအလွန်ကောင်းပြန်တဲ့ ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ပထမဇာတ်လမ်းက အာလာဒင်ဟာ နန်းတော်ကြီးမှာ ရွှေနန်းပြောင်ပြောင်းနန်းဆောင်ဆောင်နဲ့နေရပြီး အရင်လိုစွန့်စားခန်းတွေမရှိတော့တဲ့သူ့ဘဝကြီးကိုပျင်းနေပါတယ်။မင်းသားဖြစ်သူအာလာဒင်ဘာမှသေချာမစီမံပေးနိုင်တာကြောင့်အဆင်မပြေဖြစ်နေရတဲ့တိုင်းပြည်ကြီးကို ရှားဇမန်ဆိုတဲ့သူရောက်လာပြီး တိုင်းပြည်သိမ်းဖို့လုပ်တဲ့အခါအင်အားမသာတာကြောင့်အရေးနိမ့်ပြီး မင်းသားအာလာဒင်အနေနဲ့ထွက်ပြေးရပါတော့တယ်။အခက်အခဲတွေရောက်နေတဲ့ အာလာဒင်ဟာ သူလွှတ်ပေးခဲ့တဲ့ သူရဲ့ဂျင်းနီကိုပြန်ရှာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမယ်၊ထွက်ပြေးသွားတဲ့အာလာဒင်ကိုယုံကြည်မှုကင်းမဲ့သွားတဲ့မင်းသမီးရဲ့ယုံကြည်မှုကိုဘယ်လိုပြန်ရအောင်ကြိုးစားရမယ်၊ဇာတ်လမ်းထဲမှာဘယ်လိုလှည့်ကွက်မြုပ်ကွက်လေးတွေပါမယ်ဆိုတာကို ဟာသလေးတွေနဲ့တောက်လျှောက်ကြည့်ရင်းဘဝ‌အမောတွေပြေရစေဖို့ ဒီတစ်ခါညွှန်းလိုက်ရတဲ့ကားလေးက‌တော့ Aladdin 2(2018) ပဲဖြစ်ပါတယ်ခင်ဗျာ။(Aladin 1 ကို ဒီမှာ https://channelmyanmar.org/the-new-adventures-of-aladdin-2015/   ဒေါင်းပါ။)  File size…(1.8 GB) and (1 GB) Quality…BluRay 1080p & 720p 5.1CH (HEVC Encode) Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

Alad’2 (2018) The Brand New Adventures of Aladin

HEVC 1080p 5.1
The New Adventures of Aladdin (2015)
The New Adventures of Aladdin (2015)  အာလာဒင်ပုံပြင်ကို ဆန်းသစ်ထားတဲ့ ပြင်သစ်ဇာတ်ကားပါ။ အာလာဒင်ကို Comedy ဇာတ်ကားဖြစ်အောင်ရိုက်ကူးထားပါတယ်။ တွေ့ဖူးသမျှ အာလာဒင်ဇာတ်ကားတွေထဲမှာတော့ ဒီဇာတ်ကားက အတော်အခွက်ပြောင်ပါတယ်။ တစ်ကားလုံး ရယ်ရမလို စိတ်ပျက်ရမလိုနဲ့ သေချာတာကတော့ ကြားဖူးနေကြ အာလာဒင်နဲ့လုံးဝမတူတာပါပဲ။ ဇာတ်ကားတစ်ကားလုံးကို သွက်လက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပံ့ပိုးထားတဲ့အပြင် အာလာဒင်သီဆိုတဲ့ Rap သီချင်းတွေကလဲ နားထောင်လို့ကောင်းပါတယ်။ ပုံစံပြောင်းအာလာဒင်နဲ့ ခွီကြပါစို့။(Aladin 2 ကို ဒီမှာ https://channelmyanmar.org/alad2-2018-the-brand-new-adventures-of-aladin/  ဒေါင်းပါ။)  File size…(1.6 GB) and (900 MB) Quality…BluRay 720p 5.1 CH (HEVC Encode) & 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung  Trailer
movie

The New Adventures of Aladdin (2015)

The Spy Who Dumped Me (2018) 6.4
The Spy Who Dumped Me (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Spy who dumped me"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီကားလေးမှာ အွန်ဒရေးနဲ့ မော်ဂန်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့စပိုင်ဆန်ဆန်နဲ့စွန့်စားခန်းတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....အွန်ဒရေးဆိုတဲ့ ကောင်မလေးဟာ သူသိပ်ချစ်ရတဲ့ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်းမှာသူ့ချစ်သူက စပိုင် သူလျိုတစ်ယောက်ဆိုတာ သိခဲ့ပါတယ်...အဲဒီသူ့ချစ်သူစခဲ့တဲ့ ဇာတ်လမ်းနောက်တွဲကိစ္စတွေဟာချစ်သူဖြစ်တဲ့ သူမဆီကိုပါရောက်လာပါတော့တယ်...သူမဆီကိုရောက်လာတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဂန်ပါပါဝင်ပတ်သက်လာရတော့တာပေါ့....ဒီလိုနဲ့ သူမတို့နှစ်ယောက် ဒီအရှုပ်ဇာတ်လမ်းတွေကြားအပစ်အခတ်သတ်ဖြတ်မှု့တွေကြားမှာဘယ်လိုအူကြောင်ကြောင်နဲ့စွန့်စားခန်းတွေ လုပ်ကြမလဲဆိုတာရယ်ရယ်မောမောနဲ့ ကြည့်ရမှာဖြစ်ပါတယ်....Rating 6.3  ရရှိထားပြီးတော့ စပိုင်ဇာတ်လမ်း အက်ရှင်ပုံစံတွေဟာသဆန်ဆန်ရယ်မောရတာကို ကြိုက်တဲ့ လူတွေအတွက်ကတော့ဒီဇာတ်လမ်းလေးထဲက စာသားအများစုကသင်တို့ကို စိတ်ကျေနပ်မှု့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်....အားလုံးပဲကြည့်လိုက်ရအောင်လား.... File Size : (747 MB) and (305 MB) Quality : BluRay 720p Running Time : 1hr 57min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The Spy Who Dumped Me (2018)

2018
A Bag of Marbles (2017) 7.3
A Bag of Marbles (2017) A Bag of Marbles (2017) IMDb - 7.3/10_______Rotten - 82%  လူသားတိုင်း အသက်ရှင်ခွင့်ရဖို့ ထိုက်တန်ပါတယ် အဖေကျွန်တော့်ကို မေးတယ် ဂျိုး.. မင်း ဂျူးလား... ကျွန်တော်က ခပ်ပြုံးပြုံးလေးပြန်ဖြေလိုက်တယ် မဟုတ်ပါဘူး ဖြောင်း........ အနားမှာရပ်နေတဲ့ ကျွန်တော့်အမေ၊ ဘေးနားမှာထိုင်နေတဲ့ အစ်ကိုအားလုံး ကြောင်သွားပြီး အခြေနေကို နားမလည်နိုင်တဲ့အမှုရာတွေနဲ့။ ကျွန်တော်လည်း ပါးကိုလက်နဲ့အုပ်ပြီး အံသြသွားတာရော ရုတ်ရက်ကြီးဆိုတော့ မှင်သက်သွားတယ်။ ဘာလို့လဲ..ဘာလို့.. အဖေကဒီတစ်ခေါက် ဂျူးလိုထပ်မေးတယ် မင်းဂျူးလား ကျွန်တော် ကြောင်တောင်တောင်နဲ့ပဲ မဟုတ်ဘူးလို့ ထပ်ဖြေလိုက်တယ် ဖြောင်းးး ရုတ်တရတ် အားနဲ့လွဲပြီး ကျွန်တော့်ပါးကို ရိုက်ချပလိုက်တယ် ဂျူးလိုမေးရင် ပြန်မဖြေနဲ့ကွလို့  အဖေ ပြောနေတယ် အဖေ ထပ်ပြီး မေးတယ် မင်းဂျူးမှန်းငါသိတယ် မှန်မှန်ဖြေစမ်း မဟုတ်ဘူး..... စကားတောင်မဆုံးသေးဘူး ဖြောင်း ... ခပ်မြန်မြန် ကျွန်တော့်ပါးကို ရိုက်ပလိုက်တယ် အမေလည်း အံ့သြပြီး မျက်ရည်တွေလည်းကျနေတယ် အစ်ကိုကလည်း ဘာတွေဖြစ်ကုန်တာလဲဆိုတဲ့မျက်နှာနဲ့ ကြည့်နေတယ် အဖေ ထပ်မေးတယ် မင်းဂျူးလား ကျွန်တော်မျက်ရည်တွေကျလာပြီး မဟုတ်ဘူး မဟုတ်ဘူး .... အထပ်ထပ်ခါခါ ပြန်ဖြေနေခဲ့တယ် ပြီးမှာ အဖေ ကျွန်တော့်ကိုဖက်ပြီး သားလေး တစ်ယောက်ယောက်ဆီမှာအသတ်ခံရမှာ ကြောက်ရွှံ့နေတာထက် ပါးအရိုက်ခံရတဲ့ နာကျင်မှုကပိုကောင်းပါတယ်ဒီဇာတ်ကားရဲ့မှုရင်းနာမည်က Un Sac De Billes ဖြစ်ပြီး အင်္ဂလိပ်နာမည်က A bag of marbles လို့အမည်ပေးထားပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၇ ဇန်နဝါရီလ ...
movie

A Bag of Marbles (2017)

2017