Channel Myanmar

Kevin Cahoon

Mars Needs Moms (2011) 5.4
Mars Needs Moms (2011) Mars Needs Moms (2011)Disney နဲ့ ImageMovers တို့ ပူးပေါင်းထုတ်တဲ့ 3D Animated Film ဖြစ်ပါတယ်။ Disney လက်ရာနဲ့မတူဘဲ ကွဲထွက်နေတဲ့ လက်ရာကို မြင်ရမှာပါ။ ImageMovers Studio မပိတ်ခင် နောက်ဆုံးထုတ်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကုန်ကျတဲ့ Budget နဲ့ ပြန်ရတာ တအားကွာဟနေလို့ Disney အတွက် ဆုံးရှုံးမှု‌အတော်ကြီးခဲ့တဲ့ ကားဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကတော့ ကိုးနှစ်အရွယ် မိုင်လိုဆိုတဲ့ကောင်လေးက မာရှန်တွေ (မားစ်ဂြိုဟ်သားတွေ) ပြန်ပေးဆွဲသွားတဲ့ သူ့အမေကို ကယ်တင်တဲ့အကြောင်းပါ။မိုင်လိုက တစ်ညမှာ သူ့အမေနဲ့ စကားများပြီး သူ့မှာ အမေလုံး၀မရှိခဲ့ရင်ကောင်းမှာလို့ ပြောပစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ မိုင်လိုရဲ့အမေကို မာရှန်တွေက မားစ်ဂြိုဟ်ဆီ ပြန်ပေးဆွဲသွားပါတယ်။မိုင်လို သူ့အမေကို တောင်းပန်ဖို့ ဆင်းလာတဲ့အခါ တွေ့သွားပြီး လိုက်ခေါ်ရာက သူပါ မားစ်ဂြိုဟ်ပေါ် ပါသွားပါတယ်။ အဲဒီကနေ ...
movie

Mars Needs Moms (2011)

2011
So Cold the River (2022) 4.5
So Cold the River (2022) So Cold the River (2022) ====================ဝက်စ်ဘေဒန်မြို့လေးမှာ “ဘရက်ဒ်ဖော့ကျိန်စာ” ဆိုပြီးစိုးမိုးနေတဲ့အချိန် လူတွေကလည်း ဘရက်ဒ်ဖော့လို့ဆိုလိုက်တာနဲ့ အရမ်းကြောက်နေခဲ့ပါတယ်။ တကယ်တော့ သူတို့ကြောက်တာက ကမ့်ဘဲလ်ဘရက်ဒ်ဖော့ဆိုတဲ့လူကိုပါ။ သူကဘယ်လောက်ထိဆိုးသွမ်းလဲဆိုရင် ဘရက်ဒ်ဖော့မိသားစုဝင်တွေပါ အချင်းချင်းပြန်ကြောက်ရတဲ့အထိ သူ့နာမည်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ကမ့်ဘဲလ်ဘရက်ဒ်ဖော့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးပါဆိုပြီးတော့ အဲရစ်ကာကိုအလုပ်လာအပ်ခဲ့ပါတယ်။ အဲရစ်ကာကလည်း ခေသူမဟုတ်။ သဘာဝလွန်တွေနဲ့ အဆက်အသွယ်ရှိတဲ့ ထူးခြားတဲ့လူတစ်ယောက်ဆိုပြီး မှတ်တမ်းရုပ်ရှင်နယ်ပယ်မှာ နာမည်ကြီးနေတဲ့သူတစ်ယောက်ပါ။ မှတ်တမ်း ရုပ်ရှင်ရိုက်ဖို့ တစ်ခုတည်းသောသဲလွန်စအဖြစ် ကမ့်ဘဲလ်ဘရက်ဒ်ဖော့ရဲ့ မီးခံသေတ္တာထဲမှာသိမ်းထားတဲ့ ရေပုလင်းလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒါလေးကို ယူလာပြီး အဲရစ်ကာတစ်ယောက် ဝက်စ်ဘေဒန်မြို့မှာ သဲလွန်စရှာရပါတော့တယ်။ရေပုလင်းဆိုတော့လည်း ရေဆာနေတဲ့အချိန်၊ စိတ်အိုက်နေတဲ့အချိန် သောက်မိ ကြတာပေါ့နော်။ အဲ့ဒီရေပုလင်းက တကယ်တော့ မကောင်းဆိုးဝါးပါတဲ့။ ဝက်စ် ဘေဒန်မှာလည်း မြေအောက်ရေက အရမ်းအစွမ်းထက်ပါတယ်တဲ့။ အဲ့ဒါတွေကို ဆက်စပ်ကြည့်ရင်းနဲ့... အဲရစ်ကာတစ်ယောက် ဘာတွေရှာတွေ့သွားမလဲ၊ အဲ့ဒီရေ ကရော ဘာကြောင့်ကြောက်ဖို့ကောင်းနေတာလဲ၊ ဘရက်ဒ်ဖော့ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ဦးမလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်ကြည့်လိုက်ပါတော့နော် ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(983 MB) / (486 MB) Quality............WebRip 1080p / 720p Duration.........1Hr ...
movie

So Cold the River (2022)

2022