Channel Myanmar

Kevin M. Horton

G.B.F. (2013) 5.9
G.B.F. (2013) G.B.F (2013) IMDb-5.9/10 ~Rotten tomatoes-80% 2013 တုန်းကထွက်ရှိခဲ့တဲ့ LGBTQA+++ လူငယ်ဆယ်ကျော်သက်အထက်တန်းကျောင်း ဟာသဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တန်နာကရုပ်ပြစာအုပ်ဂိတယောက်ဖြစ်ပြီး သူတက်နေတဲ့North Gateway အထက်တန်းကျောင်းမှာသူသိတဲ့ ဂေးဆိုလို့ သူနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဘရန့်နှစ်ယောက်ပဲရှိပါတယ်။သူတို့နှစ်ယောက်က ဂေးနေကြောင်းကို ဖွင့်ချမပြရသေးပဲအချိန်တခုကိုစောင့်နေကြတာပါ။ဒီအချိန်မှာပဲ ဂျီဘီအက်ဖ် (Gay Best Friend) ဆိုတဲ့ဂေးတယောက်ကို အခင်ဆုံးသူငယ်ချင်းအဖြစ်ထားတဲ့ကိစ္စကရေပန်းစားလာနေခဲ့ပြီး ဂေးမရှိသလောက်ကိုဖြစ်နေတဲ့North Gateway ကျောင်းမှာ နာမည်ကြီး တဲ့အုပ်စုကြီးသုံးခုရဲ့ခေါင်းဆောင်သုံးယောက်ဆီကိုပါ ရောက်လာပါတော့တယ်။ဘရန့်ကတော့ သူကဂေးနေကြောင်းပွင့်ချလိုက်ပြီးကျောင်းကပွဲမှာသူတို့နဲ့အတူတက်ဖို့အတွက်ခေါင်းဆောင်မလေး သုံးယောက်ကဝိုင်းလုတာကိုခံဖို့ စီစဉ်ထားတာပါ။ဒါပေမဲ့ မထင်မှတ်ပဲ ဂိုင်ဒါဆိုတဲ့ ဂေးတွေအချင်းချင်းဆက်သွယ်ဖို့သုံးတဲ့အက်ပ်ကနေတဆင့် တန်နာက ဂေးဆိုတာကို သိသွားကြပြီး ကျောင်းကပွဲမှာကွင်းဖြစ်ဖို့အတွက် အုပ်စု သုံးခုရဲ့ ခေါင်းဆောင်သုံးယောက်လုံးကတန်နာကို ဂျီဘီအက်ဖ်အနေနဲ့ အတင်းထားလိုက်ပါတော့တယ်။ဒီလိုနဲ့ တန်နာနဲ့ ဘရန့်တို့ သူငယ်ချင်းနှစ်ယောက်ကြားမှာတင်းမာသွားခဲ့ကြပြီး ကျောင်းကပွဲညကိုမရောက်ခင်ဘယ်လိုတွေဖြစ်ကြမလည်း ဘယ်သူတွေရောကျောင်းကပွဲရဲ့ ကင်းနဲ့ ကွင်းဖြစ်သွားမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။လိင်ပိုင်းဆိုင်ရာအသုံးအနှုံးနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့်ကလေးသူငယ်တွေတော့မကြည့်ရှုသင့်ပါဘူးဗျ။ File size…  1.90 GB /  938 ...
movie

G.B.F. (2013)

2013