Channel Myanmar

Kevin McCorkle

Midnight Son (2011) 5.8
Midnight Son (2011)  Midnight Sun ဆိုတဲ့နေရောင်နဲ့ ထိတွေ့လို့မရတဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းကိုရိုက်ထားတဲ့ ရုပ်ရှင်ကိုတော့တော်တော်များများကြည့်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Midnight Son ဆိုတဲ့ဇာတ်ကားကတော့ နာမည်ချင်းဆင်သလို ဒီကားထဲကမင်းသားကလည်းနေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါပေမယ့် ဒီကားကအချစ်ဇာတ်လမ်းဆိုတာထက်နည်းနည်း Dark ပိုဖြစ်တဲ့သွေးထွက်သံယိုတွေ သည်းထိပ်ရင်ဖိုတွေဖက်သွားပါတယ်။IMDb မှာ Rating 5.8 ရထားပြီး အဲ့လိုထူးထူးဆန်းဆန်းလူတွေအကြောင်းကြည့်ချင်တဲ့လူတွေအတွက်တော့ ကြည့်လို့ကောင်းမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ***************ဂျေကော့ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ့မှာသွေးအားနည်းတတ်တဲ့ရောဂါရှိပါတယ်။အဲ့ဒီအပြင်ကိုမှသူ့အရေပြားက မူမမှန်တဲ့အတွက် နေရောင်နဲ့ထိရင်အလွယ်တကူ လောင်ကျွမ်းတတ်ပါတယ်။ဒီတော့တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ညဘက်မှာလုံခြုံရေးအဖြစ် အလုပ်လုပ်ရင်းအသက်မွေးနေပါတော့တယ်။တစ်နေ့မှာ ညဘက်လျှောက်သွားရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းဂျေကော့ဘ်ရဲ့ ကျန်းမာရေးက ဆိုးသထက်ပိုဆိုးလာပြီး ကြံရာမရဖြစ်နေတဲ့အချိန်မှာ လူသွေးသောက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ထူးဆန်းစွာနဲ့ပဲ လူသွေးသောက်ပြီးသက်သာသွားတဲ့အတွက်နောက်ပိုင်း ရဖို့ခက်ခဲတဲ့လူသွေးတွေကို အဆက်မပြတ်လိုလာတဲ့အခါမှာဂျေကော့ဘ်တစ်ယောက်ဘယ်လိုကြံဖန်ပြီးတော့ ဘယ်လိုနောက်ဆက်တွဲတွေဖြစ်လာမယ်ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.68 GB / 749 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Midnight Son (2011)

The Island (2005) 6.8
The Island (2005) IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller  အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့..........။ File size…(5 GB)/(2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:04 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Poe Thinzar Kyaw
movie

The Island (2005)

The Truth About Emanuel (2013) 6.0
The Truth About Emanuel (2013) The Truth About Emanuel [ 2013 ] IMDb 6/10 Drama/Thrillerဒီဇာတ်ကားရဲ့အ‌ကြောင်းကိုပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်အမန်နျူရယ်ရဲ့ဘဝဇာတ်ကြောင်းနဲ့ အစချီရပါမယ်လူ့လောကထဲကို ရောက်ရောက်လာချင်းမှာပဲ မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့အမန်နျူရယ်ဟာ တခြားကလေးတွေနဲ့မတူဘဲ ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာဗရပွနဲ့ကြီးပြင်းလာသူပါသူ့ရဲ့ပထမဆုံးဝင်သက်ဟာ မိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့ရပြီးတော့ဘဝတစ်လျှောက်လုံး အမန်နျူရယ်ဟာ သူ့အပြစ်မကင်းသလိုခံစားနေခဲ့ရပါတယ်ရက်တွေနှစ်တွေကုန်လွန်လာခဲ့ပြီး တစ်ရက်မှာတော့အမန်နျူရယ်တို့အိမ်ဘေးကို ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်အိမ်ပြောင်းလာပါတော့တယ်မိခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့အမန်နျူရယ့်ခမျာအကြောင်းအရင်းမဲ့စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးကိုမြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ် လောကကြီးထဲမှာ ဖွင့်ရအခက်ဆုံးအရာကစိတ်ရဲ့တံခါးပေါက်ဆိုသလိုမျိုးပဲ အိမ်နီးနားချင်းအမျိုးသမီးဆီမှာလည်းလူမသိတဲ့လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိလို့နေပြန်ပါတယ် အမန်နျူရယ်တစ်ယောက် သူ့ရဲ့စိတ်ဒဏ်ရာကိုကုစားနိုင်မှာလားအိမ်နီးနားချင်းအမျိုးသမီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကရောဘာတွေဖြစ်မလဲဆိုတာကိုဒီတစ်နာရီခွဲစာ Drama-Thriller အမျိုးအစား movie ထဲမှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်   File size…  1.3 GB /  625 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO
movie

The Truth About Emanuel (2013)

2013
The Amazing Spider-Man (2012) 7.0
The Amazing Spider-Man (2012) ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

The Amazing Spider-Man (2012)

2012
4K HEVC