Channel Myanmar

Kevin McGarry

The Wedding Veil Expectations (2023) 6.7
The Wedding Veil Expectations (2023)  The Wedding Veil: Expectation ဆိုတဲ့ ဇာတ်ကားလေးကတော့ The Wedding Veil trilogy ရဲ့နောက်ဆုံးကားလေးပါဒီဇာတ်ကားလေးထဲမှာတော့ အေဗရီနဲ့ပီတာတို့နှစ်ယောက်ဟာ ရဲတိုက်လိုမျိုးခမ်းနားတဲ့ အိမ်အိုကြီးကိုဝယ်လိုက်ပါတယ် ဒါပေမဲ့ အိမ်ကိုပြန်လည်ပြုပြင်ဖို့ ဆမ်ဆိုတဲ့ကန်ထရိုက်တာကို ငှားပြီး ပြန်ပြင်ဖို့လိုတဲ့နေရာတွေကို စစ်ဆေးခိုင်းတဲ့အခါမှာ ဒီအိမ်ကြီးဟာ ကောင်းတာထက် ပြန်ပြုပြင်ရမယ့် လိုအပ်ချက်တွေအများကြီးရှိနေပါတယ်အေဗရီရဲ့အလုပ်ဖြစ်တဲ့ ပြတိုက်မှာလည်း ဇီဇာကြောင်ပြီး အတ္တကြီးတဲ့ မေဆင်ဆိုတဲ့ ဒါရိုက်တာချုပ်ပြောင်းလာပြီး အေဗရီတို့ သူငယ်ချင်းသုံယောက်ရဲ့ မင်္ဂလာခေါင်းပုံပါတဲ့ အာမီချီပန်းချီကားကို တခြားပန်းချီတွေနဲ့လဲပစ်ဖို့လုပ်ပါတော့တယ် ပီတာရဲ့အလုပ်မှာလည်း သူနှစ်သက်တဲ့ အနုပညာပရိုဂရမ်အတည်ပြုပေးဖို့အတွက် ကျောင်းကဘုတ်အဖွဲ့နဲ့ ရင်ဆိုင်နေရပါတယ် တစ်ချိန်တည်းမှာပဲအေဗရီမှာ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ရပြီး ပီတာကို ရိုမန်းတစ်အဆန်ဆုံးနည်းလမ်းနဲ့ဖွင့်ပြောဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အေဗရီကိုယ်တိုင်ကလည်း အလုပ်မှာ ကိစ္စတွေရှုပ်နေ ပီတာကလည်း အလုပ်ကိစ္စနဲ့ခေါင်းရှုပ်နေပြီး အိမ်​ပြင်ဖို့ကိစ္စကလည်းရှိနေပြန်ဆိုတော့ အေဗရီက သူ့ကိုယ်ဝန်အကြောင်းကို ပီတာကိုဘယ်လိုမျိုးဖွင့်ပြောမလဲ သူနှစ်သက်ရတဲ့ အာမီချီပန်းချီကားကြီးကို ပြတိုက်မှာပဲဆက်ရှိနေဖို့ သူဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.5 GB)/(780 Mb) Quality….Webrip ...
movie

The Wedding Veil Expectations (2023)

The Wedding Veil Legacy (2022) 7.3
The Wedding Veil Legacy (2022)  ဒီဇာတ်ကားလေးက 2022 ခုနှစ်မှာထွက်ရှိထားပြီး rainting 7.3 ရရှိထားတဲ့ Romanceအမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့ သူငယ်ချင်းသုံးယောက်အတူတူဝယ်မိခဲ့တဲ့ ဒဏ္ဍာရီတစ်ပုဒ်ရှိတဲ့ မင်္ဂလာဇာပဝါခေါင်းဆောင်းလေးအကြောင်းပါ အဲ့ဒီခေါင်းဆောင်းလေးကိုပိုင်ဆိုင်ရတဲ့သူတိုင်းက သူတို့ဘဝလက်တွဲဖော်နဲ့ဆုံတွေ့ရပါတယ်တဲ့ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်က ဒီဒဏ္ဍာရီကိုယုံကြည်ပြီး ဒီခေါင်းဆောင်းလေးဆောင်းပြီးချစ်တဲ့သူတွေနဲ့လက်ထပ်နိုင်ခဲ့ကြပါတယ်နောက်ဆုံးခေါင်းဆောင်းလေးကိုထရေစီဆီလက်ဆင့်ကမ်းပေးရမယ့်အလှည့်ရောက်လာပါတယ် ဒဏ္ဍာရီကိုမယုံတဲ့ထရေစီတစ်ယောက် ချစ်ရသူနဲ့တွေ့နိုင်ပါ့မလား ဒီခေါင်းဆောင်းကိုပိုင်ဆိုင်ခဲ့တဲ့ တကယ့်မူလပိုင်ရှင်အစစ်အမှန်ကရောဘယ်သူများလဲ ဒီခေါင်းဆောင်းလေးမှာတကယ်တမ်းဘယ်လိုဒဏ္ဍာရီမျိုးရှိခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ သိရှိရမှာပဲဖြစ်ပါတယ်..... File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucoris
movie

The Wedding Veil Legacy (2022)

The Wedding Veil (2022) 7.3
The Wedding Veil (2022)   1. The Wedding Veil (2022) 2. The Wedding Veil Unveiled (2022) 3. The Wedding Veil Legacy (2022) 4. The Wedding Veil Expectations (2023) 5. The Wedding Veil Inspiration (2023) 6. The Wedding Veil Journy (2023) စတဲ့ဇာတ်ကား The Wedding Veil (Sequel) ခြောက်ကားရဲ့ ပထမဆုံးဇာတ်ကားလေးတစ်ကားပါဇာတ်အိမ်လေးကတော့ Lacey Chabert၊ Autumn Reeser နဲ့ Alison Sweeney တို့၃ယောက် ရှေးဟောင်းပစ္စည်းဆိုင်ကနေဝယ်လာမိတဲ့ ၁၉ရာစုက သတို့သမီးမျက်နှာအုပ်ဇာပုဝါလေးတစ်ထည်ရဲ့ ဒဏ္ဍာရီနဲ့ပတ်သက်နေတဲ့အကြောင်းလေးပါ......ဒဏ္ဍာရီလေးကတော့ "ဒီပုဝါကိုပိုင်ဆိုင်ထားသူဟာ အချစ်စစ်နဲ့တွေ့လိမ့်မယ်" တဲ့......ဘယ်လိုဆန်းကြယ်မှုတွေနဲ့ဇာတ်အိမ်ဖွဲ့ထားသလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြတော့နော်---အများကြီးမညွှန်းတော့ပါဘူးနော်--- Drama/Romance ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ Rating လည်းကောင်းသလို Sequel တွေထပ်ရိုက်ရလောက်အောင် အားပေးမှုရထားတဲ့ ဇာတ်ကားလေးဆိုတော့ ...
movie

The Wedding Veil (2022)

Checkin’ It Twice (2023) 7.0
Checkin’ It Twice (2023) Checkin' It Twice (2023) ================== IMDb Rating - 7.0/10ခရစ်စမတ်နားနီးလာပြီဆိုတော့ ခရစ်စမတ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရေခဲပြင် ဟော်ကီ ကစားသမား ဘရစ်နဲ့ အိမ်ခြံမြေအကျိူးဆောင် အက်ရှလေတို့ နှစ်ယောက်သား ခရစ်စမတ်ပိတ်ရက်ပြန်ကျရင်းနဲ့ မြို့တစ်မြို့မှာ သွားစုံမိရင်း အကြောင်းကြောင်းတွေကြောင့် ရင်းနှီး ဖို့အကြောင်းဖန်လာခဲ့သည်ပေါ့။တခြားအချစ်ဒရမ်မာကားတွေလို မဟုတ်ပဲ အသက် ၃၀ ကျော် အပျိုကြီး လူပျိူကြီး စာရင်းထဲဝင်ဖို့ ဆိုင်းပြင်းနေတဲ့ လူနှစ်ယောက် ကြားက ဇာတ်လမ်းလေးပေါ့။ နှစ်ယောက်သားရဲ့ ဘဝအခြေအနေ ဇာတ်ကြောင်းတွေနဲ့ မိသားစုနွေးထွေးမှုလေးတွေကို စုပေါင်းတင် ဆက်ထားတဲ့ ကားလေးဖြစ်လို့ အေးအေးဆေးဆေးလေးနဲ့ ခရစ်စ မတ်အချစ်ကားလေး ခံစားချင်သူတွေအတွက် သင့်တော်တဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.82 GB) / (672 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thetti Tun Encoder..........SWM
movie

Checkin’ It Twice (2023)

2023
Saw 3D (2010) Saw 7 5.6
Saw 3D (2010) Saw 7 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw 3D (2010) Saw 7

Brace for Impact (or) Final Destiny (2016) 4.8
Brace for Impact (or) Final Destiny (2016) Brace for Impact (or) Final Destiny (2016) ============================== Thriller IMDb – 4.8/10ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို လေယာဉ်ပျက်ကျမှုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းကောင်းလေး တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့.. ရာထူးက ရပ်နားခံထားရတဲ့ လေယာဉ်ပျက်ကျတာတွေကို စစ်ဆေး ရတဲ့အေးဂျင့်ဖြစ်တဲ့ ဆိုဖီယာတစ်ယောက် ရာထူးက ရပ်နားခံရပြီး အားလပ်ရက်ရထားတာကြောင့် သူ့အစ်ကိုနဲ့အတူတူလေယာဉ်စီးဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျတာတွေကို စစ်ဆေးရတဲ့ အေးဂျင့်ပီပီ လေယာဉ်ထွက်ခါနီးမှာပျက်ကျမှာကို စိုးရိမ်ပြီး ဆင်း လာခဲ့ပါတယ် သူ့အစ်ကိုကိုကတော့ လေယာဉ်ပေါ်မှာ ပါသွားတာပေါ့။အဲဒီလေယာဉ်ဟာ ပျက်ကျသွားတဲ့အချိန်မှာတော့ ဆိုဖီယာတစ်ယောက် ရာထူးရပ်နားခံထားရပေမဲ့ အေးဂျင့်တစ်ယောက်ရဲ့စိတ်ခံစားမှုအရ ဒီကိစ္ စကို သူ့ဘာသာစတင် စုံစမ်းပါတော့တယ်။ စုံစမ်းစစ်ဆေးနေတဲ့အချိန် အတွင်း ဆိုဖီယာဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သဲလွန်စတွေ က များလွန်းလို့ သူရှာတွေ့ထားတာက တကယ့်ကိုခိုင်လုံတဲ့သဲလွန်စဖြစ် ရဲ့လား။ ဒီလေယာဉ်ပျက်ကျမှုနောက်ကွယ်က ဖြစ်ရပ်မှန်ကို တကယ်ဖော် ထုတ်နိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ကြည့်ရှူရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.62 GB) / (600 MB) / (337 MB) Quality............WEB-DL 1080p / ...
movie

Brace for Impact (or) Final Destiny (2016)

2016
Feeling Butterflies (2022) 6.8
Feeling Butterflies (2022) Feeling Butterflies (2022)အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မြို့‌လေးတစ်မြို့မှာ အမ်မလီမယ်ရီပိုဆာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက သူမရဲ့သူငယ်ချင်းနဲ့အတူ လိပ်ပြာ‌လေးတွေကိုမွေး၊ ပြီးရင် မွေးနေ့ပွဲတို့ မင်္ဂလာဆောင်တို့လို ပွဲတွေမှာ လိပ်ပြာလေးတွေကိုလွှတ်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်။ အတိတ်အချစ်ရေးကံဆိုးခဲ့သူတစ်ယောက်ဖြစ်လို့ ထပ်ပြီးရင်ခုန်ဖို့မလွယ်‌ကူတော့တဲ့ သူမဘ၀ဟာ မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ စပြီးတာဝန်ယူရာကနေ single dad လူချောလေး ဂဲရက်နဲ့တွေ့ပြီးနောက်မှာ ပြောင်းလဲသွားခဲ့တယ်။အကြောင်းဖန်ချင်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လိပ်ပြာအကောင်ရေ ၅၀၀ လွှတ်ဖို့အတွက် ဂဲရက်တို့သားအဖက ဝင်ရောက်ကူညီပေးလာတဲ့အခါမှာ‌တော့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး စတင်လာနိုင်ပါ့မလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သဘာဝတရားကြီးနဲ့ အင်းဆက်နွယ်မျိုး လိပ်ပြာတွေရဲ့ဆက်စပ်နေပုံတွေ၊ လိပ်ပြာလေးတွေကို ဂရုတစိုက်စောင့်ကြည့်မွေးမြူရပုံတွေ၊ အရောင်အသွေးစုံလင်တဲ့လိပ်ပြာအမျိုးအစားလေးတွေကို မျက်စိပသာဒဖြစ်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ အချစ်ကားအေးအေးလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်များ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်)Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.3GB and 650MB Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder .....August
movie

Feeling Butterflies (2022)

2022