Channel Myanmar

Kevin Nealon

Joe Dirt (2001) 6.0
Joe Dirt (2001)   ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီးအကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကိုလှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေတစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိနေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီးလာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar ...
movie

Joe Dirt (2001)

You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
Just Go with It(2011) 6.4
Just Go with It(2011)  Comedy ကားကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Comedy/Drama ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Grown ups, Big Daddy တို့ရဲ့မင်းသားကြီး Adam Sandler... Friends seriesက မင်းသမီး Jennifer Aniston... Battleship ဇာတ်ကားထဲက မင်းသမီးချောလေး Brooklyn Decker တို့နဲ့ဆိုတော့ တကယ့်ကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားလေးကတော့ လက်စွပ်လေးတစ်ကွင်းကြောင့် တစ်လောကလုံးဗြောင်းဆန်ကုန်တယ်လို့ပဲပြောရမှာပါ။ ပလက်စတစ်ဆာဂျရီပညာရှင် ‌ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ သူ့ဇနီးလောင်းကသူ့မကောင်းကြောင်းပြောနေတာကို ကြားခဲ့ရပြီး မင်္ဂလာပွဲပျက်ပြီး စိတ်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ လက်ထပ်လက်စွပ်ကို မစွန့်ပစ်လိုက်ပဲနဲ့ ကောင်မလေးတွေကိုလက်စွပ်ပြ၊ မိန်းမကနှိပ်စက်ကြောင်းပြော၊ မျက်ရည်ခြူတဲ့ စားဘဲကြီးလုပ်ပါတော့တယ်။ တစ်ရက်မှာတော့ သူတကယ်သဘောကျတဲ့ကောင်မလေးတွေ့ပေမယ့် သူ့လက်စွပ်အကြောင်းကိုအမှန်အတိုင်းမပြောချင်တဲ့အခါ လိမ်ပြောဖို့ ဉာဏ်နီဉာဏ်နက်တွေသုံးပါတော့တယ်။ သူ့ကိုကူပြီးလိမ်ပေးဖို့ သူ့လက်ထောက်လည်းမနေရ၊ သူ့လက်ထောက်ရဲ့သားသမီးတွေလည်းမနေရ၊ အဲဒီသားအမိတွေကလည်း အခွင့်အရေးရ‌တုန်း မွှေချလိုက်တော့ ဒန်နီတစ်ယောက် ပြဿနာတွေကြီးပါတော့တယ်။ဒီလိုနဲ့ ဒန်နီက သူချစ်တဲ့‌ကောင်မလေးကိုရမလား၊ ...
movie

Just Go with It(2011)

Happy Gilmore (1996) 7.0
Happy Gilmore (1996) လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။File size…(2.82GB)  / (1.36GB) /714MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy / Spot Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Min Khant Kyi Win
movie

Happy Gilmore (1996)

Little Nicky (2000) 5.3
Little Nicky (2000) Little Nicky (2000) ===============ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ...
movie

Little Nicky (2000)

2000
The Wedding Singer(1998) 7.0
The Wedding Singer(1998) The Wedding Singer(1998) အညွှန်း*******************************Adam Sandler နဲ့ Drew Barrymore တို့ရဲ့ နောက်တစ်ကား..ရော်ဘီဟာ့ထ်ဆိုတဲ့ အဆိုရှင်တစ်ဦးကတော့ အတော်လေးအချစ်ကံခေခဲ့သူလေးဖြစ်ပါတယ်။လက်ထပ်ဖို့အထိရည်ရွယ်ထားသူဆီက အစွန့်ပစ်ခံခဲ့ရတဲ့ရော်ဘီတစ်ယောက်ဂျူလီယာဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံမိမှ ပျော်ရွှင်မှာကိုပြန်ရှာတတ်လာပါတော့တယ်။ဒါပေမယ့်လည်း ဂျူလီယာဆီမှာလည်း လက်ထပ်ရမယ့်သူကရှိနေပြန်တော့ခပ်နုံနုံ ရော်ဘီတစ်ယောက် ရှေ့တိုးဖို့ခက်နောက်ဆုတ်ဖို့မလွယ်နဲ့ပေါ့။အလွဲလေးတွေကိုယ်စီနဲ့ အချစ်ကံခေတဲ့ရော်ဘီတစ်ယောက်ကိုယ်ချစ်တဲ့မိန်းကလေးကို တစ်ပါးသူလက်ထဲက အမိဆွဲထားနိုင်ပါ့မလား၊ဂျူလီကရော လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့သူကိုပစ်ပြီး ရော်ဘီကိုရွေးချယ်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့အတူ ရိုမန့်တစ်လည်းဆန်ဆန် ဟာသလည်းနှောရက်နဲ့ သိပ်ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်မင်းသမီးလေးကလည်း သိပ်လှတာမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ File Size : (1.8GB )(941 MB) and (213MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Romance , Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie

The Wedding Singer(1998)

Get Smart(2008) 6.5
Get Smart(2008) Get Smart(2008) IMDb.......6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်... ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်...... ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ... Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်..... ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်.... ရယ်စရာတွေကလည်း ...
movie

Get Smart(2008)

2008
International Falls(2019) 5.5
International Falls(2019) International Falls(2019)(unicode)မင်နီဆိုတာပြည်နယ်က အင်တာနေရှင်နယ်ဖော်စ်ဆိုတဲ့ မြို့လေးဟာလူသူအ‌ရောက်အပေါက်နည်းပြီး ဖွံ့ဖြိုးမှုသိပ်မရှိတဲ့နိုင်ငံငယ်လေးတစ်ခုပါ တစ်မြို့လုံးအနှံ့ကျဆင်းနေတဲ့ နှင်းမြူတို့က ထိုမြို့ကလူတစ်ချို့ရဲ့အိပ်မက်တွေကို ဖုံးလွှမ်းမြဲဖုံးလွှမ်းထားသလိုပါပဲ.... ထိုမြို့ရဲ့ ငါးခုတောင်မပြည့်တဲ့အဆောက်အဦးတွေထဲက တစ်ခုမှာအိပ်မက်တွေအကောင်ထည်မပေါ်ပဲ ဝဲလည်လည်ဖြစ်နေရတဲ့ ဒီးတစ်ယောက် ဟိုတယ်မှာ weekends တိုင်းလုပ်တဲ့ Comedy Show မှာဖျော်ဖြေမယ့် တင်ဖလက်ချာနဲ့တွေ့ပြီး သူ့ဘ၀လမ်းကြောင်းတစ်ဆစ်ချိုးပြောင်းဖို့ဖြစ်လာတယ်.... ဒီးတစ်ယောက်ဘယ်လိုပြောင်းလဲသွားမလဲ.... သူတို့(၂)ယောက်ကရော ရေရှည်မှာဘယ်လိုဆက်စခန်းသွားကြမလဲ.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...(zawgyi)မင်နီဆိုတာပြည်နယ်က အင်တာနေရှင်နယ်ဖော်စ်ဆိုတဲ့ မြို့လေးဟာလူသူအ‌ရောက်အပေါက်နည်းပြီး ဖွံ့ဖြိုးမှုသိပ်မရှိတဲ့နိုင်ငံငယ်လေးတစ်ခုပါ တစ်မြို့လုံးအနှံ့ကျဆင်းနေတဲ့ နှင်းမြူတို့က ထိုမြို့ကလူတစ်ချို့ရဲ့အိပ်မက်တွေကို ဖုံးလွှမ်းမြဲဖုံးလွှမ်းထားသလိုပါပဲ.... ထိုမြို့ရဲ့ ငါးခုတောင်မပြည့်တဲ့အဆောက်အဦးတွေထဲက တစ်ခုမှာအိပ်မက်တွေအကောင်ထည်မပေါ်ပဲ ဝဲလည်လည်ဖြစ်နေရတဲ့ ဒီးတစ်ယောက် ဟိုတယ်မှာ weekends တိုင်းလုပ်တဲ့ Comedy Show မှာဖျော်ဖြေမယ့် တင်ဖလက်ချာနဲ့တွေ့ပြီး သူ့ဘ၀လမ်းကြောင်းတစ်ဆစ်ချိုးပြောင်းဖို့ဖြစ်လာတယ်.... ဒီးတစ်ယောက်ဘယ်လိုပြောင်းလဲသွားမလဲ.... သူတို့(၂)ယောက်ကရော ရေရှည်မှာဘယ်လိုဆက်စခန်းသွားကြမလဲ.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...File Size : (900 MB) and (373 MB) Quality : ...
movie


Anger Management (2003 6.2
Anger Management (2003 ဒေ့ဗ် ဟာ အရမ်းတော်တဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်ပါတယ် အရာရာတိုင်းကို စည်းစနစ်တကျ လုပ်တက်ပြီး အရှက်အကြောက်လဲ ကြီးသလို ဒေါသကိုလဲ မျိုသိပ်နိုင်သူဖြစ်ပြီး အောက်ကျို့တက်သူပါ ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကိစ္စ တစ်ခုကို ချိန်းဆိုထားလို့ လေယဉ် နဲ့ ခရီးထွက်ရပါတော့တယ်... အဲ့ဒီမှာ ပြသနာက စတော့တာပါပဲ ဒေ့ဗ် ဘေးနားမှာ ကျပ်မပြည့်တဲ့ အူကြောင်ကြား ဘဲတစ်ပွေ ရောက်နေပြီး စိတ်အနှောက်အယှက်ဖြစ်စရာတွေကိုပဲ ဆက်တိုက်လုပ်နေခဲ့ပါတယ်... သက်သာလို သက်သာငြား ဆိုပြီး နားကြပ်လေးတပ်ပြီး ရုပ်ရှင်ကြည့်ဖို့ လေယဉ်မယ် ကို အကူအညီတောင်းခဲ့ပေမဲ့ တလွဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံး ကိုယ်ထိလက်ရောက်မှု နဲ့ တရားရုံးရောက်ခဲ့ပါတယ် တရားသူကြီးက အင်မတန်စိတ်ရှည်ပြီး ဒေါသထိန်းချုပ်နိုင်တဲ့ ဒေ့ဗ် ကိုမှ ဒေါသထိန်းချုပ်နည်း သင်တန်း တက်ဖို့ အမိန့်ချမှတ်လိုက်ပါတော့တယ် ကဲ ဒေ့ဗ် တစ်ယောက် အေးချမ်းတဲ့ ဘ၀လေး ကနေ ဘယ်လို သောက်တလွဲ တွေ နဲ့ စတင်တော့မလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ဒီရုပ်ရှင်ကားကို Yuki Aurora က ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ၍ ...
movie

Anger Management (2003

2003
Blended(2014) 6.5
Blended(2014) Blended (2014) IMDB..... 6.5 ဒီကားထဲက မင်းသား Adam Slanderကိုအတော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နှုတ်ခမ်းနီမလေးတို့အကြိုက်မဖြစ်သလို ရိုက်တဲ့ဇာတ်ကားတော်တော်များများရဲ့ Character ပိုင်းကလည်း ထက်မြက်ထူးချွန်တဲ့ ပုံစံမျိုးမရှိသလောက်ပါပဲ... အူတူတူ အတတနဲ့ ပေါက်ကရ အလွဲလွဲအချော်ချော်တွေကြီးပဲ...သို့ပေမယ့် ဒီစရိုက် ဒီပုံစံနဲ့လူကြီးကပဲ ကျွန်တော်တို့ရဲ့ နှုတ်ခမ်းတွေကိုပြုံးပျော်နိုင်စေသလို  နှလုံးအိမ်ကိုလည်း ၀မ်းနည်းကြေကွဲအောင်လုပ်နိုင်စွမ်းရှိတယ်.... ဒီကားလေးမှာလည်း  အိမ်ထောင်ဖက်ကောင်းရှာဖို့ blind date ကျရင်း အလွဲလွဲအချောချောဖြစ်တဲ့ လူကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ... ကိုင်းပရိတ်သတ်ကြီးရေ အကြောင်းအမျိုးမျိုးကြောင့် တင်းတင်းစေ့ထားရတဲ့ ခင်ဗျားတို့ နှုတ်ခမ်းတွေကို ပျော်ရွှင်စွာနဲ့ ကွေးညွှတ်သွားစေချင်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါနော်..... စကားမစပ် ဒီမင်းသားနဲ့မင်းသမီးပဲရိုက်ထားတဲ့ 50 First Dates လည်းကောင်းတယ်နော်..... File Size : (1GB) and (373 MB) Quality : Blu-Ray 720p Format…mp4 Duration…01:570:00 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Phyo Pyae 
movie

Blended(2014)

2014