Channel Myanmar

Kevin Wayne

Alvin and the Chipmunks: The Road Chip
Alvin and the Chipmunks: The Road Chip ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန်တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင်အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီးသူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကိုခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့်​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစုမဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ်ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size…   2.6 GB /  665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Alvin and the Chipmunks: The Road Chip

2015
The Magnificent Seven (2016) 7.0
The Magnificent Seven (2016) IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie

The Magnificent Seven (2016)

4K HEVC
A Nashville Legacy(2023) 6.5
A Nashville Legacy(2023) A Nashville Legacy(2023)************************ Rating 88%ရရှိထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဂီတကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Nashvilleလို့ဆိုလိုက်တာနဲ့ ဂီတသက်ဝင်စည်ကားရာ မြို့တစ်မြို့ဆိုတာ အားလုံးသိကြမှာပါ။ဒီဇာတ်ကားဟာလည်း Nashvilleမြို့ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အခြေပြုရိုက်ကူးထားပါတယ်။ဂီတဇာတ်ကားဖြစ်တဲ့အတွက် သီချင်းပေါင်းစုံမြူးမြူးကြွကြွပါဝင်ပါတယ်။ ဇာတ်ကြောင်းအနေနဲ့ကတော့ Naimaဟာ ပါရဂူဘွဲ့ယူဖို့ Nashvilleမြို့ရှိ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာအလုပ်သင်လာဆင်းပါတယ်။ ပြတိုက်မှာစေတနာ့ဝန်ထမ်းလုပ်နေတဲ့ Damianနဲ့တွေ့ပြီးနောက်မှာ ဆုံးပါးသွားတဲ့အဘွားဖြစ်သူရဲ့ လူသိမခံခဲ့တဲ့အတိတ်ကို အစဖော်မိပါတော့တယ်။အဘွားဖြစ်သူပါဝင်ခဲ့တဲ့ မိန်းကလေးဂီတအဖွဲ့အကြောင်းဖော်ထုတ်ပြီး ပါရဂူဘွဲ့စာတမ်းပြုစုဖို့ကြိုးစားရာကနေတစ်နွယ်ငင် တစ်စင်ပါကာ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးနဲ့ပေါက်ရုံမက မုန်တိုင်းပါဝင်မယ့်အဖြစ်တွေရှိနေသောအခါ.....File Size :(1.5GB)& (776MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

A Nashville Legacy(2023)

Malum (2023) 5.3
Malum (2023)  "Last Shift" ဆိုတဲ့ရုပ်ရှင်ကိုပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး IMDb 5.6/10 အထိရရှိထားတဲ့ ကြောက်စရာ thriller & horror film အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ ရဲ‌မေလေးတစ်ယောက်ဟာ သူ့အဖေရဲ့သေဆုံးမှုကိုအ‌ကြောင်းစုံသိရဖို့ကြိုးစားရင်းကနေမကောင်းဆိုးဝါးလောကသားတွေနဲ့ထိုက်တိုက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ သွေးသံရဲရဲနဲ့နှလုံးပျက်စရာဇာတ်ဝင်ခန်းတွေအများကြီးပါတာမို့ R-rated movie အဖြစ်သတ်မှတ်ထားပြီး အသက်မပြည့်သေးတဲ့က‌လေးတွေဟာမိဘအုပ်ထိန်းမှုမရှိဘဲမကြည့်သင့်ပါဘူး။File size…(1.4 GB)/(690 GB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khun 
movie

Malum (2023)

Sisters on the Run (2023) 5.7
Sisters on the Run (2023) Sisters on the Run (2023) ==================ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ား ရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက် လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddy အိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddy က သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။ Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေး ဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းပုံစံ နေတာပေါ့။ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မ Maddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့ Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်း ဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲ တမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့ Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။ Selma သူ့ယောကျ်ားကိုသတ်ပြီး ...
movie

Sisters on the Run (2023)

2023
Bad Candy (2020) 4.8
Bad Candy (2020) Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie

Bad Candy (2020)

2020
Unplugging (2022) 4.1
Unplugging (2022) Unplugging (2022)ဒီနေ့ခေတ်မှာ electronic devices တွေကတော့ ဘယ်သူနဲ့မှမကင်းတဲ့အရာပါပဲ။ အားလုံးထဲမှာမှ phone နဲ့ laptop ကတော့ အဆိုးဆုံးပေါ့။ ကျောင်းသားအရွယ်လူငယ်တွေကလည်း ဒီ phone တွေ laptop တွေကနေပညာရှာရတယ်။ အလုပ်လုပ်နေတဲ့ လူရွယ်တွေ လူကြီးတွေလည်း အလားတူ ဖုန်းနဲ့လူ ကွာတယ်ရယ်မရှိကြပါဘူး။ တစ်နေ့တစ်နေ့ ဒီပစ္စည်းတွေ social media ပေါ်က အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိသားစု၊ ကိုယ့်အနီးနားက အရင်းနှီးဆုံးသူတွေကို အချိန်ပေးဖို့မေ့နေမိတယ်လို့ရော ထင်မိကြဖူးလား .. နေ့စဉ်ဘဝနဲ့ဝေးရာကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူသွားပြီး သူတို့ကိုအချိန်ပေးမယ်လို့ရော တွေးမိကြဖူးလား ..?အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ Jeanine က အလုပ်လောဘကြီးပြီး နေ့နေ့ညညအလုပ်မှအလုပ်ဖြစ်နေတဲ့သူပါ။ ကိစ္စတချို့ကြောင့် သူ့အရင်အလုပ်ကိုနားထားရတဲ့ ခင်ပွန်းဖြစ်သူ Dan က ဝါသနာပါရာ ဆော့စ်အစပ်လည်းလုပ်ရောင်းရင်း အိမ်မှုကိစ္စလည်းလုပ်ရင်း သမီးဖြစ်သူ Lizzy ကိုလည်းထိန်းကျောင်းရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Dan ရဲ့ဆော့စ်အစပ်တွေကို လိုက်ပို့ပေးနေကျ Juan ဆုံးသွားရာကနေ Dan တစ်ယောက် တစ်ခုခုကိုတွေးမိသွားပါတော့တယ်။ အဲဒါကတော့ မိုးလင်းကမိုးချုပ် ဖုန်းနဲ့လူမခွာဘဲ အလုပ်ထဲမှာပဲနစ်မြောနေတဲ့သူ့မိန်းမကို ဖုန်း၊ အင်တာနက် တစ်ခုမှသုံးမရတဲ့နေရာကိုခေါ်သွားပြီး နှစ်ယောက်တည်း ...
movie

Unplugging (2022)

2022
Castle Falls (2021) 6
Castle Falls (2021) Rotten Tomatoes 83%Action ဇာတ်ကိုမှ ဇာတ်လမ်းဇာတ်အိမ်ကောင်း​​ကောင်းနဲ့ ကြည့်ရှုလိုသူများအတွက်မကြာ​သေးခင်ကမှ ထွက်ရှိခဲ့တဲ့ Castle Falls ရုပ်ရှင်ကို တင်ဆက်​ပေးလိုက်ပါတယ်။လန်ဒိုဟာ မူးယစ်ရာဇာ ဒန်မီရယ်ဂလက်စ်ရဲ့ ဒေါ်လာ သုံးမီလီယံကို ခိုးယူပြီး Castle Heights ဆိုတဲ့ ဆေးရုံပျက်ကြီးထဲမှာ သွားဝှက်ထားခဲ့ပါတယ်။ဖြစ်ချင်​တော့ သူတို့နှစ်​ယောက်ဟာ ထောင်ထဲမှာ ပြန်ဆုံကြပြီး လန်ဒိုဟာလည်း အသတ်ခံရဖို့ နီးစပ်​နေခဲ့ပါတယ်။ခိုးတုန်းကခိုးပြီး အခုမှ အလွန်​ကြောက်ရွံ့​​နေတဲ့ လန်ဒိုဟာ ထောင်​စောင့်မှုးဖြစ်တဲ့ အဲရစ်ဆန်နဲ့အ​ပေးအယူလုပ်ပြီး ထောင်​နေရာပြောင်း​ပေးဖို့ တောင်းဆိုခဲ့ပါတယ်။အဲရစ်ဆန်ဟာလည်း ကင်ဆာရောဂါခံစား​နေရတဲ့ သမီးဖြစ်သူအတွက် ခွဲစိတ်​ကြေး မတတ်နိုင်တဲ့အတွက်အ​ပေးအယူကို လက်ခံခဲ့ပြီး ဆေးရုံပျက်ကြီးထဲက ငွေကို သွားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါကို သိသွားတဲ့ မူးယစ်ရာဇာဒန်မီရယ်ဟာ သူ့လူ​တွေကို ဆေးရုံပျက်ကြီးဆီ စေလွှတ်လိုက်ပါတယ်။တစ်ဖက်မှာလည်း မိုက်ဝိတ်ဒ် ဆိုတဲ့ ဘ၀ပျက် MMA Fighter ဟောင်းကြီးဟာ လက်​ဝှေ့သမားအဖြစ်မှ အနားယူကာဆေးရုံပျက်ကြီးကို ဖြိုချပစ်မဲ့အလုပ်သမားအဖွဲ့ထဲ ၀င်​ရောက်လုပ်ကိုင်ရင်း လန်ဒိုဝှက်ထားခဲ့တဲ့ ငွေထုပ်ကြီးကို မ​တော်တဆ ...
movie

Castle Falls (2021)

Last Seen in Idaho (2018) N/A
Last Seen in Idaho (2018) အသစ်ထွက်ရှိလာတဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးနာမည်က Last seen in Idaho (2018)ပဲဖြစ်ပါတယ်။ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးလို့ပြောရမှာပါ။ဒီကားထဲမှာ ကိုယ်က အော် ဒီလိုကိုး လို့တွေးလိုက်မိတဲ့အချိန် နောက်ထပ်အံ့အားသင့်စရာတစ်ခုက ထပ်ပေါ်လာပြန်ပါတယ်ဗျ။ဇာတ်လမ်းရဲ ့အကျဉ်းချုပ်လေးကတော့ အက်ဆီးဒန့်တစ်ခုကြောင့် သတိလစ်နေခဲ့တဲ့ အမျိုးသမီး Summer...ရုတ်တရက်သတိရလာချိန်မှာ အက်စီးဒန့်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုမမှတ်မိတော့ပဲ နောင်ဖြစ်လာမယ့်အနာဂါတ်မှာသူ့အသတ်ခံရမယ့်အကြောင်းကို ကြိုမြင်လာရပါတော့တယ်။တစ်ရွေ့ရွေ့ရွေ့လျားနေတဲ့အချိန်ရယ် လူသတ်သမားရယ် သူမရယ် အားပြိုင်မှုတွေကြောင့် တော်တော်လေးကောင်းတဲ့ကားတစ်ကားဖြစ်လာတယ်ပဲ ပြောရမယ်ဗျ။ဘာဖြစ်လာမယ်ဆိုတာကို ကြိုတွေးလို့မရတဲ့ကားမျိုးကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Last seen in Idaho(2018)ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။Qty - 720p Web DLGern - Action / ThrillerDuration - 1hr 55minTranslator - Ye YintReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Last Seen in Idaho (2018)

2016