Channel Myanmar

Kid Rock

Osmosis Jones (2001) 6.3
Osmosis Jones (2001)  ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ဇာတ်ကားလန်းလန်းလေးတွေကြည့်ချင်ရင်ဒီကားလေးကလည်း ကြည့်သင့်တဲ့အထဲပါသဗျ...။ဒါအပြင် ဇာတ်လမ်းပုံစံလေးက ရဲနှစ်ယောက်အမူလိုက်ကားဆိုတော့"Rush hour"ဇာတ်ကားတွေလို vibeမျိုးလေးလည်း ခံစားရမှာအသေအချာပါပဲ...။ဇာတ်လမ်းအကြောင်းပြောရရင် ဖရန့်ဆိုတဲ့လူတစ်ယောက်ရှိတယ်...။သူက ကျန်းမာရေးလည်းမလိုက်စား အစားအသောက်လည်းမဆင်ခြင်ဖြစ်ကတတ်ဆန်းနေတဲ့လူပေါ့....။အဲ့လိုနေချင်သလိုနေလို့ ခန္ဓာကိုယ်ထဲဝင်လာသမျှ ရောဂါပိုးတွေကိုတိုက်ဖျက်ပေးရတာကတော့ ကိုယ်တွင်းကသွေးဖြူဥလေးတွေပါ...။အိုစမိုစစ် ဂျုန်းဆိုတာ ဖရန့်ရဲ့ ကိုယ်တွင်းမြို့တော်ကြီးထဲက ရောဂါတွေကိုတိုက်ဖျက်ပေးရတဲ့ ရဲသားသွေးဖြူဥလေးတစ်ကောင်ဖြစ်ပါတယ်....။တစ်နေ့မှာတော့ ထုံးစံအတိုင်း အဆင်အခြင်မဲ့တဲ့ ဖရန့်ကြောင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေထပ်ဝင်လာပြီး အအေးမိသလို ခေါင်းကိုက်သလိုလိုဖြစ်လာပါတယ်....။ဒီအခြေအနေကို ဖြေရှင်းဖို့ အိုစမိုစစ် ဂျုန်းတစ်ယောက် အခွင့်အရေးရလာတဲ့အခါမှာတော့....။ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာ ဒီအိုင်ဒီယာဆန်းဆန်းလေးနဲ့ရုပ်ရှင်ကားလေးထဲမှာကြည့်ရှုလို့ရပါပြီ....။  File size…2.12 GB / 836 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Osmosis Jones (2001)

Joe Dirt (2001) 6.0
Joe Dirt (2001)   ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီးအကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကိုလှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေတစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိနေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီးလာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar ...
movie

Joe Dirt (2001)