Channel Myanmar

Kiều Minh Tuấn

Bad Blood (2023) 6.1
Bad Blood (2023)  ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ....။ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျမင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ....။မိသားစုအတွက်‌ ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကိုအများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေလက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်...အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့သာစိတ်ကူးခဲ့ပါတော့တယ်....ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ...။ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရအလုပ်ကြမ်းသမားဘဝကို‌ကူးပြောင်းခဲ့ပြီး...လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်...ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး...။ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုကဖမ်းခေါ်သွားတဲ့အခါမှာတော့...လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကိုအက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ...။  File size…1.56GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Action , Family , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bad Blood (2023)

Duyen Ma (2022)
Duyen Ma (2022) Duyen Ma / My Biyfriend is a Ghost (2022)ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Boyfriend Is A Ghost လို့အမည်ရတဲ့ Vietnam ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်န်ဆိုတဲ့ တစ်ကိုယ်တော် ရိုးသားကြိုးစားတဲ့ ကောင်လေးက ကံအကြောင်းမလှဘဲ ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသွားပါတော့တယ်။ သေဆုံးခါစ ဝိဉာဉ်အဖြစ်နဲ့ သွားစရာမရှိဖြစ်နေတဲ့ မင်န့်ကို နော့ ဆိုတဲ့ ဝိဉာဉ်တွေ သရဲတွေကိုမြင်ရပြီး ခင်မင်ရတဲ့ဝိဉာဉ်တစ်ချို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်မလေးက သူ့အိမ်က ဝိဉာဉ်တွေနဲ့အတူတူ‌ လာနေထိုင်ဖို့ခေါ်လာခဲ့ရာက စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သေဆုံးသွားတဲ့အဖြစ်ကိုလက်မခံနိုင်ဖြစ်နေတဲ့ မင့်န်ကို ဝိဉာဉ်ဘဝနဲ့နေသားကျသွားအောင် ကူညီပေးနေရင်း သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ၊ အချစ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ကမ္ဘာနှစ်ခုခြားနေတဲ့ သူတို့အချစ်ရဲ့ခက်ခဲမှုတွေနဲ့အတူ ဘယ်လိုမျိုး အနှောင့်အယှက်တွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Cali နဲ့ Shin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Horror, Romance Quality…. 1080p | ...
movie

Duyen Ma (2022)

2022
The Happiness of a Mother (2019) 6.2
The Happiness of a Mother (2019) မိခင်တွေဆိုတာ မိမိရဲ့ရင်သွေး ဘယ်အခြေအနေပဲရောက်ရောက် မေတ္တာမပျက်တတ်ကြပါဘူး 2019 မှာထွက်ရှိခဲ့တဲ့ ဒီဗီယက်နမ်ရုပ်ရှင်လေးကတော့ autism ဖြစ်နေတဲ့ကလေးငယ်လေးတစ်ယောက်နဲ့ သူရဲ့မိခင်တို့ကြားက နွေးထွေးတဲ့မေတ္တာကိုဖော်ကျူးထားတာပဲဖြစ်ပါတယ် ခင်ပွန်းဆုံးပါးပြီးတဲ့နောက်မှာ တယ်ရ်ဟာ အလုပ်ကြမ်းမျိုးစုံလုပ်ပြီး သားငယ်လေးကို ပြုစုပျိုးထောင်ခဲ့ပါတယ် သူမရဲ့သား တင်မ်ကိုသာမာန်ကလေးတွေလိုပဲယူဆပြီး ကျောင်းထားခဲ့ပါတယ် ဒါပေမဲ့ တင်မ်ဟာ သူ့အမေရဲ့နာမည် " တယ်ရ် " ဆိုတဲ့ စကားလုံးကလွဲရင် ဘာမှမပြောတတ်ရှာပါဘူး ဒါကြောင့် တင်မ်ကျောင်းထွက်ခဲ့ရပါတယ် ထူးခြားတာတစ်ခုကတော့ တင်မ်ဟာ ပုံမှန်ဆိုရင် ဘယ်လိုအပြုအမူမျိုးကိုမှ တုံ့ပြန်လေ့မရှိပေမယ့် ရုပ်မြင်သံကြားကလာတဲ့ Magical Dance Show ကိုတော့ ကြိုက်နှစ်သက်တဲ့ပုံပေါ်ပါတယ် သူမရဲ့သားဟာ autism ဖြစ်နေတယ်ဆိုတာသိသွားတဲ့နောက်မှာတော့ တယ်ရ်တစ်ယောက် ဘယ်လိုများရှေ့ဆက်မလဲ သားငယ်လေးကို ဘယ်လိုပြုစုပျိုးထောင်မလဲ စိန်ခေါ်မှုတွေကိုအတူတူ ဘယ်လိုရင်ဆိုင်မလဲဆိုတာကြည့်ရင်း မိခင်မေတ္တာကိုလည်း အပြည့်အဝ ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ   File Size - 933 mb Quality - web-dl 1080p Subtitle -  burmese Translator - Win Lett Encoder - Thit San Khant
movie

The Happiness of a Mother (2019)

2019