Channel Myanmar

Kim Bo-Ra

The Ghost Station (2023)
The Ghost Station (2023) The Ghost Staton (2023)Horror ဇာတ်လမ်းတွေမှကြိုက်တတ်တဲ့သူတွေအတွက် ဘူတာရုံက အဖြစ်အပျက်တွေရိုက်ကူးထားတဲ့ ဇာတ်လမ်းကိုတင်ဆက်ပေးပါဦးမယ်နော်အို့ဆူဘူတာမှာ အမြဲတမ်း သေဆုံးမှုတွေဖြစ်ပြီး တစ်ခုနဲ့တစ်ခုက သေပုံခြင်းမတူကြပေမဲ့ တူညီတဲ့အချက်လည်းရှိနေပါသေးတယ်.. အဲဒါကို စုံစမ်းရင်းနဲ့ သတင်းရေးဖို့ဖြစ်လာတဲ့ သတင်းထောက်ဂင်နာယောင်းက ဇာတ်ကြောင်းအစုံသိရဖို့ နောက်ကြောင်းလိုက်ပါတော့တယ် သေဆုံးတဲ့ဝိညာဉ်တွေထဲကမှ နာကျည်းချက်ကြီးမားလွန်းတဲ့ ဝိညာဉ်တွေက သနားစရာအကောင်းဆုံးဖြစ်သလို အဆိုးဆုံးလို့ပြောကြပါသေးတယ်အို့ဆူဘူတာရုံရဲ့ အဖြစ်အပျက်တွေမှာ ဘယ်သူတွေပါဝင်နေမလဲ၊ လူတွေသေဆုံးရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ၊သတင်းထောက်ဂင်နာယောင်းကရော နာကြည်းမှုတွေပြည့်နေတဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်ဂင်နာယောင်းအဖြစ် SKY Castle က Kim Bo Ra နဲ့ ချွဲဝူဝန်းအဖြစ် N.Flying Kim Jae Hyun တို့ကအဓိကပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery Quality…. 1080p | 720p | 480p File size… 889MB | 397MB | 208MB Format… mp4 Duration…. 1h ...
movie

The Ghost Station (2023)

2023
Goodbye Summer (2019) 5.6
Goodbye Summer (2019) Goodbye Summer (2019) ==================တကယ်လို့ သင့်ဆီမှာ မကြာခင်သေရတော့မယ့်ရောဂါတစ်ခုရှိ နေတယ်ဆိုပါစို့။ ဒါဆို သင်တစ်ဖက်သတ်ချစ်နေရတဲ့သူကို ဖွင့် ပြောမှာလား မပြောဘူးလား၊ အကယ်၍ ဖွင့်ပြောဖြစ်ခဲ့ရင်ရော သူကလက်ခံနိုင်ပါ့မလား၊ တွေးစရာတွေကတော့ အများကြီးပါပဲ။ သေခါနီးလူတစ်ယောက်က ကြိတ်ချစ်ရတဲ့ကောင်မလေးကို ဖွင့် ပြောတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့လည်းထင်နိုင် သလို တစ်ဖက်ကတွေးကြည့်ရင် ကိုယ့်ရဲ့နောက်ဆုံးဆန္ဒမို့လို့ ဒါဟာ တရားမျှတတယ်လို့လည်း ဆိုနိုင်တာပါပဲ။ ဒီဇာတ်ကား လေးထဲမှာလည်း အဓိကပြောသွားတဲ့အကြောင်းအရာက ဒီ( ၂) ချက်ပါပဲ။ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ရောဂါတစ်ခုနဲ့မကြာခင် သေဆုံးရတော့မယ့် ဟျွန်းဂျယ်ဆိုတဲ့အထက်တန်းကျောင်းသား လေးတစ်ယောက်ရဲ့ နေ့ရက်တွေဖြတ်သန်းပုံကို စကားတွေအများ ကြီးမပြောဘဲ ရိုက်ကူးထားတဲ့ပုံနဲ့တင်ဆက်ထားတာပါ။ သေနေ့ စေ့နေတဲ့ သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အတွေးတွေအမြင်တွေ၊ သူ့အတွေးအမြင်တွေ အပေါ် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ဖိအား၊ ရိုက်ခတ်ချက် စတာ တွေကို scenario သဘောမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ YG Ent. Ex-rapper ONE (or) Jung Jaewon နဲ့ Sky Castle စတားKim Bora တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်)File Size..........(990 MB) ...
movie

Goodbye Summer (2019)

2019
Love and Leashes (2022) 5
Love and Leashes (2022) Love and Leashes (2022)Will you dominate me? (Age rating - 18+)ရုပ်ရည်ချောမောပြီး ယောက်ျားဆန်ဆန်ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးတွေကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ .. Jung Ji Hooကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Jung Ji Hoo အပေါ် တိတ်တခိုးခံစားချက်ရှိနေတဲ့ .. Jung Ji Wooတစ်နေ့မှာတော့ Jung Ji Hoo ဆီကိုပို့လိုက်တဲ့ ပါဆယ်ထုပ်က ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်လို့ပဲဆိုရမလား နာမည်ချင်းဆင်ပြီး သူ့အပေါ်စိတ်ဝင်စားနေတဲ့ Jung Ji Woo ဆီကိုမှ ရောက်သွားပါတော့တယ်။အဲဒီကနေတဆင့် အရာအားလုံးပြီးပြည့်စုံပြီး သူမတူတဲ့ sexual taste ရှိတဲ့ ကောင်ချောလေး Jung Ji Hoo ရဲ့ လျှို့ဝှက်ချက်ကြီးကို Jung Ji Woo သိရှိသွားပြီး နှစ်ဦးသဘောတူ ...
movie

Love and Leashes (2022)

2022
Monster (2014) 6.5
Monster (2014) Monster(2014) =========== IMDb. = 6.5/10ဒီရုပ်ရှင်ဟာ အလယ်အလတ်အဆင့် ကိုရီးယားရုပ်ရှင်ဆိုတော့ကာ အားနည်းချက်နဲ့ အားသာချက် အလီလီတော့ရှိနေတယ်။ သို့ပေမဲ့ Entertainmentတော့ အပြည့်အ၀ဖြစ်တဲ့ ရုပ်ရှင်ဆိုတာတော့ အာမခံလို့ရပါတယ်။ Thriller, Action အမျိုးအစားပေမဲ့ Thrillerနည်းပြီး Actionများတဲ့ကားလို့ ဆိုရမှာပဲ။ Psychopath လူသတ်သမားဖြစ်တဲ့ Lee Min Ki ရဲ့ သတ်ခန်း‌ဖြတ်ခန်းတွေကိုတော့ လူအတော်များများ အကြိုက်တွေ့ကြမှာပဲ။ရုပ်ရှင်ရဲ့အားသာချက်ကိုပြောရရင်တော့ အားအသာဆုံးအပိုင်းက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပဲ။ ကလေးသရုပ်ဆောင်က အစအတော်လေး အသက်၀င်တယ်။ သရုပ်ဆောင်ကောင်းဆို cast တွေကလည်း ဆရာတွေကိုး။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ လီမင်ဂီကတော့ Beauty Inside series နဲ့ OH Master မှာ Sociopath ဆန်ဆန် ဇာတ်ရုပ်တွေနဲ့ အတော်လိုက်ဖက် သရုပ်ဆောင်ကောင်းခဲ့တဲ့လူ။ ဒီမှာလည်း Psychopathအနေနဲ့ အတော်လေး သရုပ်ဆောင်တာ ကောင်းတယ်။ နောက်... ပွဲဦးထွက် A Muse (2012)မှာကတည်းက အတော်လေးဂေါ်ခဲ့တဲ့ Goblin နဲ့နာမည်ကြီးတဲ့ ဂင်ဂိုအွန်းကလည်း ကျပ်မပြည့်တဲ့ ဇာတ်ကောင်နေရာမှာ ...
movie

Monster (2014)

2014
Ghost Mansion(2021) 6.5
Ghost Mansion(2021) Ghost Mansion (2021)အခုတစ်ခေါက်မှာတော့ တော်တော်လေးကြည့်ကောင်းပြီး အသစ်စက်စက်ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား Horror ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ကြည့်လို့တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို ထုံးစံအတိုင်းမြှုပ်ကွက်လေးတွေပါလို့ ကြည့်ရတာတန်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် Cast တွေကတော့ Sung-Joon, Kim Hong-Pa, Kim Bo-Raတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဂျူလိုင် ၁၅ရက်နေ့ကတင် ရုံတင်ထားတဲ့ ရုံတင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်ကျိန်စာတိုက်ခံထားရတဲ့ အိမ်ယာတစ်ခု ဇာတ်လမ်းကတော့ အဲ့ဒီကျိန်စာတိုက်ခံထားရတဲ့ ဂွမ်းနင်း အိမ်ယာအကြောင်းကနေစပါတယ် အဲ့ဒီအိမ်ယာက ထူးဆန်းတဲ့ဖြစ်ရပ်တွေ ခြောက်ခြားဖွယ်တွေ ဖြစ်တတ်လို့ ကျော်ကြားတဲ့ အိမ်ယာတစ်ခုပါ တစ်ရက်မှာ အဲ့ဒီအိမ်ယာကို Webtoon ကာတွန်းရေးဆရာတစ်ယောက် ဇာတ်လမ်းယူဖို့ရောက်လာခဲ့ပါတယ် သူကအဲ့ဒီအိမ်ယာ ထိန်းသိမ်းရေးလူကြီးတစ်ယောက်နဲ့ သူကတွေ့ဆုံပြီး အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတွေကို နားထောင်ဖို့ရောက်လာခဲ့တဲ့ သူတစ်ယောက်ပေါ့ အဲ့ဒီအိမ်ယာထိန်းသိမ်းရေး လူကြီးက Webtoon ကာတွန်းဆရာကို အဲ့ဒီအိမ်ယာမှာနေခဲ့တဲ့ သူတွေရဲ့ စိတ်ဝင်စားဖွယ် ကြောက်လန့်ဖွယ်အဖြစ်ဆိုးတွေကို တစ်ခုချင်းပြောပြပါတော့တယ် ဘာတွေပြောပြတယ် ဘယ်လိုတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ ကိုယ်တိုင်ပဲ ...
movie

Ghost Mansion(2021)

2021
Perfect Number(2012) 7.0
Perfect Number(2012) Perfect Number(2012)ဒီဇာတ်ကားလေးကတော့ အတော်များများစိတ်ဝင်စားတတ်ကြတဲ့ ကိုရီးယား Crime Mystery-drama အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်ထက်မြက်တဲ့ဉာဏ်ရည်ပိုင်ဆိုင်ထားပြီး အထက်တန်းကျောင်းသင်္ချာဆရာတစ်ယောက်ရှိတယ်...သူက တစ်ယောက်ထဲနေတတ်တဲ့သူမို့ လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အပိုင်းမှာ သိပ်တော့အံဝင်လေ့မရှိ... ဒါပေမယ့်သူတစ်ဖက်သတ်သိပ်ချစ်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်...ဒီအမျိုးသမီးဟာတစ်ခုလပ်တစ်ယောက်..တစ်နေ့တော့ အဲ့ဒီအမျိုးသမီးဟာခင်ပွန်းဟောင်းဖြစ်သူကိုမတော်တဆသတ်မိသွားတယ်...ဒီအရေးကိုသိတဲ့ သင်္ချာဆရာဟာ သူချစ်တဲ့အမျိုးသမီးအမှုအခင်းကလွတ်ဖို့အရေး သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်ကိုကောင်းကောင်းအသုံးချပြီးကာကွယ်ဖို့ကြိုးစားပါတော့တယ်...မှုခင်းထောက်လှမ်းရာမှာတော်တဲ့ရဲတွေကရော အမှုမှန်ကိုဖော်ထုတ်နိုင်မလား..သင်္ချာဆရာဖြစ်သူရဲ့လှည့်စားမှုအောက်ကို ရောက်သွားမလားဆိုတာကိုတော့ကြည့်ကြပါကုန်....ဒီကားက တကယ်ကို့စိတ်လှုပ်ရှားစရာပါ..ကိုရီးယားတွေ ဒီလိုဇာတ်မျိုးဆို ရိုက်ကူးရာမှာ အတော်ပိုင်လေ့ရှိတယ်...ရင်တဖိုဖိုနဲ့ကို စဆုံးဆွဲခေါ်ပြီး စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်....File Size : (950 MB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…01:55:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by Phyo Pyae
movie

Perfect Number(2012)

Shoot Me in the Heart (2015) 7.1
Shoot Me in the Heart (2015)  Shoot Me In The Heart ဇာတ်ကားကတော့ Director : Je-Yong Mun ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့ Korean Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.1/10 Box office - US$2.6millionဒီဇာတ်ကားထဲမှာဆိုရင် မင်းသား Lee Min-ki နှင့် Yeo Jin-goo တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။"တစ်ချို့လူတွေက ရူးလို့ အရူးဆေးရုံ(အရူးထောင်)ရောက်လာပေမယ့် တစ်ချို့ကတော့ အရူးဆေးရုံ(အရူးထောင်)ကို အပို့ခံလိုက်ရတာကြောင့် တကယ်ရူးသွားကြပါတယ် "***ဇာတ်လမ်းအညွှန်း***Soo-myung နဲ့ Seung-Min ဆိုသော အရူးနှစ်ကောင်ဟာ အရူးဆေးရုံ(အရူးထောင်)မှာ မထင်မှတ်ပဲတွေ့ကြတာကနေ ဇာတ်လမ်းစထားပါတယ်။Soo-myung ကတော့ သူအသက် ၁၉နှစ်အရွယ်တုန်းက သူ့အမေကိုယ်ကိုကိုယ်သတ်သေတာကို မြင်ခဲ့ရတဲ့စိတ်ဒဏ်ရာကြောင့် ရူးသွားတဲ့အပြင် ကတ်ကြေးမြင်တိုင်း ကြောက်နေရပါတယ်။ ဒါပေမယ့် Seung-Min ကတော့ လူကောင်းနီးပါးပါ။ သူက Paraglider Champian တစ်ဦးဖြစ်ပြီး မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ အရူးဆေးရုံ(အရူးထောင်) ကို ရောက်လာခဲ့ရပါတယ်။Soo-myung က အရင်တုန်းကတော့ ဆေရုံမှာသာ ပျော်ပြိးဆော့နေပေမယ့် Seung-Min ရောက်လာတဲ့အခါမှာတော့ အပြောင်းအလဲကြီးဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ Seung-Min က ထိုအရူးဆေးရုံ(အရူးထောင်)မှ ထွက်ပြေးဖို့ကြိုးစားနေလို့ပါပဲ။ ထိုနောက် Soo-myung ကပါ အတူတူထွက်ပြေးဖို့ ပြောလာခဲ့မှာဆိုရင်တော့.... ထိုအရူးနှစ်ကောင် ထိုအရူးဆေးရုံ(အရူးထောင်)မှ ဘယ်လိုလွတ်အောင် ကြံကြမလဲ... တစ်ခြားအရူးတွေကရော သူတို့နှစ်ယောက်ကို လွတ်မြောက်အောင် ဘယ်လိုဘယ်လိုကူညီပေးကြမလဲ...ဒီဇာတ်ကားထဲမှာဆိုရင်တော့ သူတို့အရူးနှစ်ယောက်ရဲ့ အလွဲလွဲအချော်ချော်ဟာသတွေ ...
movie

Shoot Me in the Heart (2015)

2015