Channel Myanmar

Kim Hye-yoon

Hide and Seek (2013) 6.3
Hide and Seek (2013) Hide and Seek (2013) ================“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။

အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Hide and Seek (2013)

2013
Ditto (2022) 8.2
Ditto (2022) Ditto (2022)လက်ရှိကြောင့်ပဲ အတိတ်ကပြောင်းလဲသွားတာလား၊ အတိတ်ကြောင့်ပဲ လက်ရှိဖြစ်လာသလား"အချိန်တွေကို ကျော်လွန်ပြီး အချိန်ခရီးသွားတယ်ဆိုတာကို စိတ်ကူးယဉ်ဖူးတဲ့သူတွေအတွက်ကတော့ တကယ်ကို စိတ်ကူးယဉ်လို့ကောင်းမယ့် လွမ်းဆွတ်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Ditto ကို ပြန်ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒါရိုက်တာတွေရဲ့ ပုံဖော်မှုမှာတော့ တစ်ခုနဲ့တစ်ခုမတူအောင် ပြသွားတာတွေကို ခံစားရမှာပါစကားပြောစက်ကနေစခဲ့တဲ့ ဇာတ်လမ်းကတော့ ၁၉၉၉ ခုနှစ်က ဂင်ယုံး နဲ့ ၂၀၂၂ ခုနှစ်မှာရှိနေတဲ့ ကျောင်းသူမူနီးတို့က အချင်းချင်းဆက်သွယ်ကြရင်း ဆန်းကြယ်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ရပါတော့တယ်စကားပြောစက်ကနေပဲ သူငယ်ချင်းဖြစ်လာတဲ့ သူတို့နှစ်ယောက်ဟာ အချစ်ရေးအချစ်ရာတွေ အိပ်မက်အကြောင်းတွေ တိုင်ပင်ကြရင်းနဲ့ အတိတ်ဆိုတာကို ပြောင်းလဲပစ်လို့မရဘူးဆိုတာကို သိလာတဲ့အခါမှာတော့ ဘဝတွေ တစ်ဆစ်ချိုးခဲ့ပါပြီ...Cast တွေအနေနဲ့ကတော့ ပြောစရာမလိုအောင် ကောင်းပြီးသား၊ အကုန်လုံးကလည်း မျှော်နေကြတဲ့ ဇာတ်လမ်းလေးဆိုတော့ ခံစားကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy, Romance Quality…. 1080p | 720p | 480p File size… ...
movie

Ditto (2022)

2022
The Bad Guys: Reign of Chaos (2019) 6.5
The Bad Guys: Reign of Chaos (2019) The Bad Guys: Reign of Chaos (2019)အညွှန်း********************************************မာဒုန်ဆော့ပရိတ်သတ်တွေအတွက် BLU-RAY1080P5.1Chလေးနဲ့ တင်ဆက်ပေးထားပါတယ်...မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတယ်….ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်…..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြီးတစ်လုံး တစ်လုံးဟာ အပျိုပေါက် အုန်းပင်တစ်ပင်ရဲ့ အုန်းသီးလုံးကြီးလောက်ကြီးရှိတဲ့ဒီလူကြီးကိုကျွန်တော်တို့အလွယ်ပဲ ဖက်တီးမင်းသားလို့ ဂုဏ်ပုဒ်တပ်လိုက်ကြတယ်…ရိုးသားတဲ့သူ့အပေါ် အကျင့်ယုတ်တဲ့ သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ဟန်ပန်ကိုကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ်…ကိုယ့်ကိုကိုယ်အားမရမိတဲ့ကျွန်တော်တို့ ဝိညဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ်…. ဒါ့ကြောင့်ပဲသူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်…ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့်ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကိုလိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ… ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ…. အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ… သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်….File Size : (1.36GB)  (734 MB) and (252MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Action ,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by ...
movie

The Bad Guys: Reign of Chaos (2019)

The Girl on a Bulldozer (2022)
The Girl on a Bulldozer (2022) The Girl on a Bulldozer (2022)လူကောင်သေးသေးလေး နဲ့ မိုက်တဲ့ ဖိုက်တာအစ်မကြီးရဲ့ ဘူဒိုဇာ မောင်းတဲ့ကား လေး တင်ဆက်ပေးပါဦး မယ်ကိုယ် မဟုတ်ရင် နည်းနည်းမှ အထိမခံတဲ့ ဂူဟယ်ယောင်းဟာ အကြမ်းဖက်မှုနဲ့ ကျောင်းထွက်လိုက်ရပါတယ်အဲဒီနောက်မှာတော့ အ ဖေဖြစ်သူ ရဲ့ ရုတ်တရက်ဖြစ်သွားတဲ့ ယာဥ်တိုက်မှု နောက်ကွယ်က အကြောင်းအရင်းကို လိုက်စုံစမ်းရင်းနဲ့ အမှန်တရားကိုသိသွားပါ တော့တယ်အသက် ၁၉ နှစ်ပဲ ရှိသေးလို့ မယောင်မလည်နဲ့ စုံစမ်းတဲ့ နေရာမှာတောင် ဒေါသကို ရှေ့တန်းတင်တဲ့ ကောင်မလေးဆို ပေမယ့် မောင်ဖြစ်သူကို တော့ အစ်မကြီးပီပီ ဂရုတစိုက်နဲ့ ချစ်တတ်ပါ သေးတယ်Sky Castle ထဲက မင်းသမီး Kim Hye Yoon အပြင် စုံထောက်အဖြစ် Super Junior's Ye Sung လည်းပါဝင်ထားပါ တယ်Kim ...
movie

The Girl on a Bulldozer (2022)

Midnight (2021) 6.9
Midnight (2021) Midnight 2021သန်းခေါင်ယံ .....သန်းခေါင်ယံမှာ ဘာတွေ ဖြစ်ကြမလဲ????ညဆိုတာကတော့ မကောင်းမှုတွေ စိုးမိုးတတ်တဲ့အချိန်ပါ။ ဒီညကတော့ ထူးဆန်းပါတယ်။ကွင်းဆက်လူသတ်သမားတစ်ယောက်က အမျိုးသမီးငယ်တစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါပဲ။ဘာလို့ သတ်ဖြတ်နေရလဲ ဆိုတာကတော့ ..... သူ လူသတ်မှုကျူးလွန်နေတာကို အမျိုးသမီးငယ်တစ်ယောက် က မြင်တွေ့သွားလို့ နှုတ်ပိတ်ဖို့အတွက် လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားတာပါ။အဲဒီအမျိူးသမီးငယ်ကတော့ ဆွံ့အနားမကြားဖြစ်နေတဲ့ ဂျောင်မီ ပါပဲ။ဆွံ့အနားမကြား ဖြစ်နေတဲ့ ဂျောင်းမီက ဆွံ့အနားမကြားသူတွေအတွက် ဝန်ဆောင်မှုပေးဖို့ Call Center မှာ အလုပ်လုပ်ရပါတယ်။လူကောင်းသူကောင်းတွေကြားမှာ တစ်ယောက်ထဲ ကင်းကွာနေတတ်တဲ့ သူမ တစ်ချိန်မှာတော့ ကွင်းဆက်လူသတ်သမားတစ်ယောက် လူသတ်မှု ကျူးလွန်တာကို မြင်ရပြီးတဲ့နောက်မှာတော့ ......လူသတ်သမားရဲ့လက်ကနေ သူမ ထွက်ပြေးလွတ်မြောက်နိုင်မလား ဆိုတာကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။Jin Ki Joo ,Wi Ha joon, Kim Hye Yoon နဲ့ Park Hoon တို့မှ အဓိက သရုပ်ဆောင်ထားပါတယ်...Thriller ကားတွေကြည့်ရတာကြိုက်တတတ်တယ်ဆိုရင်တော့ ဒီကားမျိုးက လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။IMDb ...
movie

Midnight (2021)

2021
Another Child (2019) 7.2
Another Child (2019) (Unicode) Family Drama ဇာတ်ကားလေးပါဂျူရီက အမြဲအမှတ်ကောင်းပြီးစာတော်တဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါချစ်ရတဲ့အဖေရယ် အမေရယ်နဲ့ မချမ်းသာပေမယ့် မဆင်းရဲတဲ့မိသားစုလေးဘဝလေးကိုဖြတ်သန်းနေသူပါတစ်နေ့မှာတော့ သူ့ချစ်ရတဲ့အဖေက သူနဲ့တစ်ကျောင်းတည်းသား ယွန်းအာရဲ့အမေနဲ့ ညိစွန်းနေတာကိုသိလိုက်ရတဲ့အခါ..သူနဲ့ယွန်းအာကြားကအဖုအထစ်လေးတွေ မိဘအပေါ် နာကျည်းချက်တွေကို ဘယ်လိုရင်ဆိုင်ကြမလဲသူတို့ဘဝထဲကိုဝင်လာမယ့်တတိယလူကရောဘယ်သူလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးကိုးရီးယားကားတို့ရဲ့ထုံးစံအတိုင်း ကြည့်နေရင်းနဲ့မွန်းကျပ်လာစေတာတော့အမှန်ပါပဲ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပါ)  File Size : (750 MB ) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL H264 AAC-NonDRM Translated by May Myat Thu Encoded by Thanhtike ...
movie

Another Child (2019)

2019