Channel Myanmar

Kim Ki-duk

Breath (2007) 6.9
Breath (2007) Breath (2007)တောင်ကိုရီးယား Art Houseဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Kim Ki Dukကို ဒီကလူ တော်တော်များများသိကြသလို သူ့ရုပ်ရှင်တွေဖြစ်တဲ့ 3-Iron, Spring Summer Fall winterနဲ့ တခြားရုပ်ရှင်တွေလည်း ဒီမှာ တော်တော်ကြိုက်ကြပါတယ်။ Breathဟာ Kimရဲ့ ကားကောင်းတွေထဲက တစ်ကားပါပဲ။Castတွေထဲ ထူးထူးခြားခြား ဝေါင်ကာဝေးလက်စွဲတော်တစ်ယောက်ဖြစ်တဲ့ ချန်းချန်ကို သုံးထားပါတယ်။ နောက် တောင်ကိုရီးယား A Listတန်း၀င် မင်းသား Ha Jung-Wooနဲ့ Park Ji-Ahတို့ကို သုံးထားပါတယ်။Breathဟာ Kim Ki Dukကားပါ။ ဒီတော့ သူရိုက်တတ်တဲ့ပုံစံအတိုင်း ဒီထဲမှာ ချန်းချန်ရဲ့ ဇာတ်ကောင် Jiang Jinဟာ ဒီထဲစကားတစ်လုံးမှ မပြောပါဘူး။ လူ့အဇ္ဈတ္တအတွင်းသဏ္ဍာန်ကို သာမန်လူတွေ မတွေးမိတဲ့ဟန်နဲ့ပဲ ပုံဖော်ထားပါတယ်။ သူ့ကားပီပီသသ နည်းနည်းလည်း ပဟေဠိဆန်ပါတယ်။ သူ့ကားပီပီသသ လိင်ဆန္ဒသရုပ်ဖော်ခန်းတွေလည်း ပါတယ်။ဖရန်စစ် ဖို့ဒ် ကော်ပိုလာဟာ သူ့ရုပ်ရှင်တွေကို စကားလုံးတစ်လုံးတည်းနဲ့ ခြုံငုံပြောပြဖူးပါတယ်။ မှတ်မိသလောက်ဆို Godfatherဆို Familyလို့ ပြောခဲ့တယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကို ...
movie

Breath (2007)

2007
Spring, Summer, Fall, Winter… and Spring (2003) 8.0
Spring, Summer, Fall, Winter… and Spring (2003) Spring, Summer, Fall, Winter... and Spring (2003)====================================IMDb Rating - 8.0/10#Unicodeဒီနေ့မှာ ဒီနှစ်မှာ ဒီဘ၀မှာ ကြုံရတဲ့ဒုက္ခဝေဒနာသံသရာလို့ ခင်ဗျားတို့ခေါ်ကြတဲ့ ထပ်ဖန်တလဲလဲဖြစ်ပျက်တဲ့ သဘောတရားအတိုင်း ဖြစ်ပျက်နေမယ်ဆိုရင် ဒီဒုက္ခတွေဟာ ရင်ဆိုင်နိုင်စရာရှိပါ့မလား။နွေကန္တာဦးကိုဖြတ်သန်းပြီးတဲ့အခါ ဂိမာနနွေဂိမာနနွေကိုကျော်လွန်သွားတဲ့အခါ ရွက်ကြွေဆောင်းဦး ဆောင်းဦးကိုကျော်လွန်သွားတဲ့အခါ ဟေမန္တဆောင်းပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဒွန်တွဲလို့ ဒီအရာတွေအားလုံးကို ကျော်လွန်ပြီးသွားတဲ့အခါ နွေကန္တာဦးဟာ ပြန်မွေးဖွားလာပြန်တယ်။အဆုံးမသတ်တတ်တဲ့ သဘောသဘာ၀ရှိပါတဲ့ ဒီသံသရာကြီးမှာ ကျွန်တော်တို့ ခြေလှမ်းတွေနဲ့ထပ်ကြပ်မကွာ အပြစ်၀န်တွေဟာ လေးလံလှစွာ ပါလာတယ်။နွေဦးပြ‌ီးတော့နွေ နွေပြီးတော့ဆောင်းဦ; ဆောင်းဦးပြီးတော့ဆောင်း ဆောင်းပြီးတော့နွေ အားလုံးဟာ ဒီအပြစ်၀န်တွေကို သယ်ကာပိုးကာနဲ့ ရှေ့ဆက်ကြရဦးမယ်။ကဗျာဟောင်းကလေးထဲကလိုဆိုရရင် မာယာတွေရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့အောက်မှာ ဘယ်လူသားကမှတော့ ဒဏ်ရာနဲ့ မကင်းခဲ့ပါဘူး။ ကျွန်တော်တို့သယ်ပိုးထားရတဲ့ ဒဏ်ရာတွေကို လွှတ်ချဖို့ အဖြေက အချိန်ပါပဲ။ အချိန်ဟာ အရာအားလုံးရဲ့ အဖြေပါပဲ။ဒီအရာတွေ ဘယ်အချိန်မှာရပ်သွားမလဲ ဒီရင်ထဲမှာချည်နှောင်ထားတဲ့အပြစ်၀န်တွေကို ဘယ်လိုဖြေချရမလဲ ဆိုတဲ့အဖြေကတော့ ကိုယ်တိုင်ရဲ့ ရင်ထဲမှာပဲရှာရမယ်။အဖြေမရှာနိုင်‌သေးသမျှတော့ ...
movie

Spring, Summer, Fall, Winter… and Spring (2003)

2003