Channel Myanmar

Kim Nam-jin

Shadows in the Palace(2007) 6.7
Shadows in the Palace(2007) Shadows in the Palace(2007)****************************နန်းတွင်းသူတွေဟာ နန်းတွင်းထဲ ဝင်လိုက်ကြတာနဲ့ ကိုယ့်ကိုယ်ကို ဘုရင့်အတွက် ပုံအပ်ပြီး အပျိုစင်ဘဝကိုပါ ထိန်းသိမ်းကြရတယ်...နန်းတွင်းသူတွေဟာ နန်း‌တွင်းထဲ ဝင်လိုက်ပြီးတာနဲ့ နန်းပြင်ကို အသက်ရှင်လျက် ပြန်မထွက်နိုင်ကြဘဲ ဘုရင့်ပိုင်ပစ္စည်းတစ်ခုလိုပဲ ဖြစ်သွားရတယ်...ဝေါ်လျောင်ဆိုတဲ့ နန်းတွင်းသူလေးတစ်ယောက်က တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် ...အဲဒါကို အလောင်းစစ်ဆေးတဲ့ ဆေးအကူလေးက စစ်ဆေးကြည့်ရာ သတ်သေတာမဟုတ်ဘဲ အကွက်ကျကျစီစဉ်ထားတဲ့ လူသတ်မှု ဖြစ်မှန်းကို သိသွားခဲ့တဲ့အပြင်ဝေါ်လျောင်မှာ ကလေးမွေးထားတဲ့ လက္ခဏာတွေကိုပါ တွေ့ခဲ့ရတယ် အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာ အမျိုးမျိုး နှောင့်ယှက်တားဆီးခံခဲ့ရတယ်.. ဝေါ်လျောင်က ဘာလို့ အသတ်ခံခဲ့ရတာလဲ.. ဘယ်သူက သတ်တာလဲ ဘာလို့များ အဲဒီကိစ္စကို မဖော်ထုတ်စေချင်တာလဲ နန်းတွင်းထဲကအရှုပ်တော်ပုံတွေနဲ့ ကြီးနိုင်ငယ်ညှင်းကိစ္စတွေ မိဖုရားချင်း အားပြိုင်မှုတွေနဲ့ အာဏာရဖို့အတွက်လူ့အသတ်ကိုပါ သတ်ဖို့ ဝန်မလေးကြတဲ့ သူတွေအကြောင်းကို ‌သေသေချာချာ ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရတန်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်နော်....File Size :(2.1GB) and (867MB) Quality : ...
movie

Shadows in the Palace(2007)

Poetry (2010) 7.8
Poetry (2010) [Unicode]Poteryဒီရုပ်ရှင်ရဲ့နာမည်ကလေးက ကဗျာပါ။ ကဗျာဆိုတာ ဘာလဲ အရှင်းဆုံးပြောပြရရင်တော့ အနုပညာတစ်ခုပါပဲ။အနုပညာဆိုတာကရော...။ တစ်ခါတလေမှာ အနုပညာနဲ့ အတတ်ပညာဟာ ရောထွေးသွားတတ်ပါတယ်။ အနုပညာမှာ အတတ်ပညာဟာ အရေးပါပေမယ့် အတတ်ပညာသက်သက်နဲ့လုပ်တဲ့ ဖန်တီးမှုတစ်ခုဟာ ဘယ်တော့မှ အနုပညာလက်ရာတစ်ခုဖြစ်မလာပါဘူး။ သေချာရေရာတဲ့ စိတ်ခံစားမှုအဟုန်မပါပါဘဲ ကျွမ်းကျင်ရုံသက်သက် ရေးဆွဲထားတဲ့ ရုပ်ပုံတစ်ချပ်ဟာ ပန်းချီတစ်ချပ်ဖြစ်မလာပါဘူး။ အနုပညာမှာ အတတ်ပညာပါပေမယ့် အတတ်ပညာဟာ တိုင်ပင်ဖော်တိုင်ပင်ဖက်မျှပါ။ စာအရေးအသားပိုင်နိုင်ရုံသက်သက်ရေးထားတဲ့ ကဗျာတစ်ပုဒ် သီချင်းတစ်ပုဒ်ဟာ ကဗျာဖြစ်မလာပါဘူး။အတိအကျတော့မဟုတ်ပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ အနုပညာပစ္စည်းတကယ့်အစစ်တစ်ခုမှာ ကဗျာလို သီချင်းလို ပန်းချီလို အားလုံးနဲ့ခံစားလို့ရတဲ့ အရည်အသွေးရှိပါတယ်။ နိုင်မြန်မာရဲ့ အခုတော့ပါးစပ်ရာဇဝင်ကလေးတစ်ခုဖြစ်ခဲ့ပြီနဲ့ ဝါဆိုဟာ သီချင်းလည်းဖြစ် ကဗျာလည်းဖြစ် ပန်းချီလည်းဖြစ်ပါတယ်။ စိုင်းခမ်းလိတ်ရဲ့ အချစ်ဆိုတဲ့အရသာ သီချင်းဆိုလည်း တန်းမြင့်တဲ့ ကဗျာတစ်ပုဒ်လိုပါပဲ။ ခင်မောင်ရင်ရဲ့ ပန်းချီကားတွေဟာလည်း ကဗျာပါပဲ။ ပန်းချီကို စကားလုံးမပါတဲ့ကဗျာလို့ ဆိုကြသေးသကိုး။ ကဗျာကလည်း စကားလုံးပန်းချီပါပဲ။ အားလုံးဟာ အနုပညာဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာပိုင်းခြားလို့မရအောင် ဆက်သွယ်နေပါတယ်။ဒီတော့ ကဗျာတစ်ပုဒ်ရေးဖို့ တကယ်တမ်းလိုတာက စကားလုံးပိုင်နိုင်မှု မဟုတ်ပါဘူး။ စိတ်ခံစားချက်ပါ။ ဒါကို ဒါရိုက်တာက ကဗျာသင်တန်းရဲ့နောက်ဆုံးနေ့မှာ တစ်ဦးတည်းသောကဗျာရေးနိုင်သူတစ်ယောက်နဲ့ မီးမောင်းထိုးပြသွားပါတယ်။ အဲ့ဒီလူက အယ်ဇိုင်းမားရှိတဲ့ အဘွားအိုပါ။ သူ့နာမည်က ယန်းမီဂျာ။ဒီကဗျာကို သူ ...
movie

Poetry (2010)