Channel Myanmar

Kim Young-chan

My 11th Mother (2007)
My 11th Mother (2007) My 11th Mother (2007)မိသားစုစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေလာရတဲ့သူတွေအတွက်တော့ မိဘကောင်းရှိတာ အဆန်းမဟုတ်ပေမယ့် ကံအကြောင်းမလှလို့ အမေဆုံးပြီး ကိုယ့်ကိုမချစ်တဲ့ အဖေနဲ့ ကြုံတွေ့ရတဲ့ကလေးအတွက်တော့ ဒါဟာ အင်မတန်ပြီးပြည့်စုံတဲ့ အိပ်မက်လေးတစ်ခု ဖြစ်နေတာပေါ့ဒီကားလေးမှာတော့ မိန်းမပျက်တွေကို ရောင်းစားတဲ့ဖခင်လက်ထဲမှာ ကြီးပြင်းလာရတဲ့ ဂျယ်ဆူလေးက မိခင်မေတ္တာဆာလောင်နေတဲ့ ကလေးတစ်ယောက်ပေါ့၊ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ် ဟင်းချက်စားသောက်ရင်း နေလာခဲ့ရတယ်၊ အရင်က အဖေဖြစ်သူခေါ်လာတဲ့ မိန်းမတွေကို လွယ်လွယ်နဲ့အမေလို့ နှုတ်ကခေါ်ခဲ့ပေမယ့် တစ်နေ့မှာတော့ ကိုယ့်အပေါ် တကယ်ဂရုစိုက်တဲ့ အမျိုးသမီးတစ်ဦးနဲ့ သံယောဇဥ်တွယ်ခဲ့ကြတယ်၊ မိခင်းရင်းသဖွယ် မေတ္တာတွေပေးလို့ ဂျယ်ဆူပျော်ရွှင်နေရင်းက ကံကြမ္မာက ရက်စက်လွန်းပါတယ်၊ အဲ့အမျိုးသမီးမှာ ကင်ဆာရောဂါဝေဒနာ ပြင်းထန်လာတဲ့အခါမှာတော့...အနှေးနဲ့အမြန် သေရမှာကို ကြိုသိလို့ ဂျယ်ဆူကို တတ်နိုင်သလောက် သင်ပြပေးရင်း နောက်ဆုံးမှာ ဘုရားက သူတို့သားအမိ ၂ယောက်ကို အတူတူနေခွင့်ပေးမလား၊ ဂျယ်ဆူတစ်ယောက်တည်း ဘဝကို အထီးကျန်ကျန် ဆက်လက်ဖြတ်သန်းရမလားဆိုတာကို ခုပဲ ကြည့်လို့ရပြီနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p ...
movie

My 11th Mother (2007)

Save the Green Planet! (2003) 7.2
Save the Green Planet! (2003) Save the Green Planet! (2003) ဇာတ်လမ်းအညွှန်း*************************************** "သင်ဟာ ဂြိုလ်သားတွေရှိကြောင်းယုံကြည်တဲ့သူလား"? လီဗြောင်ဂူဆိုတဲ့ လူသားတစ်ယောက်ကတော့ ဂြိုလ်သားတွေအခိုင်အမာရှိတယ်လို့ ယုံကြည်နေပြီး အဲဂြိုလ်သားတွေက အကြံအစည်တစ်ခုနဲ့ လူသားတွေထဲ ရောနှောနေထိုင်နေတယ်လို့ ယူဆထားပါတယ်။ဘေးလူဘယ်သူကြားကြား အရူးလို့ထင်မြင်စေမဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့သူ၊ ငယ်ငယ်ကတည်းက အပယ်ခံတစ်ယောက်ဖြစ်လာတဲ့သူ့ကို ဘေးကနေအားပေးထောက်ပံ့‌ပြီး ကူညီပေးနေတဲ့ ဆူနီဆိုတဲ့ ချစ်သူကောင်မလေးလည်းရှိပါတယ်။ ‌တစ်နေ့မှာတော့ ဂြိုလ်သားတွေရဲ့ခေါင်းဆောင်လို့ သူယူဆထားတဲ့ သူဌေးဂန်မန်ရှစ် ကို ချစ်သူကောင်မလေးနဲ့နှစ်ယောက်ပေါင်းပြီး ပြန်ပေးဆွဲကာ သရုပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဂြိုလ်သားခေါင်းဆောင်ဖြစ်သူကို နည်းပေါင်းစုံနဲ့ နှိပ်စက်မေးမြန်းရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီကားလေးကို ကြည့်ရင်းအဖြေရှာကြပါစို့။ ဒီကားက Sci-fi movie အမျိုးအစားဖြစ်လို့ ဗဟုသုတအစုံလည်းပါသလို comedy ပါဖြစ်တဲ့အလျောက် ပေါက်ကရတွေပါပြီး ခွီနေရတာမလို့ ကြည့်နေရင်း မပျင်းစေမှာတော့ အမှန်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChoThet ပါ။) File Size          :  (2.9GB), ...
movie

Save the Green Planet! (2003)

2003