Channel Myanmar

Kim Young-sun

Badland Hunters (2024)
Badland Hunters (2024) Badland Hunters (2024)အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သ‌ဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ ...
movie

Badland Hunters (2024)

2024
Hail to Hell (2023) 7.1
Hail to Hell (2023) Hail to Hell (2023)ကျောင်းတွင်းမှာ အနိုင်ကျင့်မှုတွေခံရတဲ့ ကျောင်းသူတွေအဖို့တော့ ကျောင်းက ငရဲလိုပါပဲ တစ်ယောက်ပြီးတစ်ယောက် မပြီးနိုင်တဲ့အနိုင်ကျင့်မှုတွေကြားမှာ အလူးအလဲခံရတဲ့ ဟွမ်ဆွန်းဝူနဲ့ ဆုန်းနာမီတို့နှစ်ယောက်ကလည်း ငရဲကနေလွတ်မြောက်ချင်လို့ သေလမ်းကိုရွေးဖို့ လုပ်ကြပါတယ်ဒါပေမဲ့ မသေခင်လေး သူတို့ကို အရင်ဆုံးအနိုင်ကျင့်ခဲ့ပြီး ကောင်းကောင်းနေ ကောင်းကောင်းစားနေတဲ့ ဘတ်ချယ်ရင်းကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်အဲလိုနဲ့ လက်စားချေဖို့ ဆိုးလ်ကို ရောက်သွားတဲ့အခါမှာ မထင်မှတ်တဲ့အရာတွေ အပြောင်းအလဲတွေနဲ့ ကြုံတွေ့လိုက်ရပါတော့တယ်နောက်ဆုံးမှာ လက်စားချေမှုက အောင်မြင်သွားမလား ဘယ်လိုအခက်အခဲတွေကို အတူဖြေရှင်းမလဲဆိုတာ ကြည့်ရှူခံစားပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.16GB | 520MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Hail to Hell (2023)

2023
4 Horror Tales: Hidden Floor(2006) 5.3
4 Horror Tales: Hidden Floor(2006) ဒီတစ်ခေါက်တော့Four Horror Tales:Hidden Floor ဆိုတဲ့ Korea Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ single-mother မင်ယောင်ဆိုတဲ့ အမျိုးသမီးဟာ သူ့သမီးလေး ဂျူဟီး နဲ့အတူ တိုက်ခန်းအသစ်တစ်ခုကို ပြောင်းလာတာကနေ အစပြုထားပါတယ်။ရောက်ရောက်ချင်းမှာပဲ ဒီတိုက်ခန်းအိမ်ယာမှာ လေးလွှာ မထားတာကို မင်ယောင်က သတိထားမိသွားပါတယ်။(လေးဂဏန်းဟာ တရုတ်လို သေခြင်း နဲ့ အသံထွက်ဆင်လို့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။)မင်ယောင်ကတော့ ဒါတွေကို အယုံအကြည်မရှိတာကြောင့် အမှုမဲ့ အမှတ်မဲ့ပါပဲ။မင်ယောင်တို့ သားအမိနေတဲ့အခန်းနံပါတ်က (၅၀၄)ပါ။သူတို့အောက်က အခန်းကတော့ (လေးလွှာမရှိတာကြောင့် ) ၃၀၄ ပေါ့။တစ်ရက်ကျ မင်ယောင်တို့ဆီကို အောက်အခန်းက လူက ဒေါသတကြီးနဲ့ရောက်လာပြီး မဆူပူဖို့ ၊ဝုန်းဝုန်းဒိုင်းဒိုင်းတွေ မလုပ်ဖို့ ဒေါသတကြီး လာပြောပါတယ်။မင်ယာင်တို့သားအမိဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတွေမို့ ဒါမျိုးလာပြောခံရတာကို ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ပိုပြီး ထူးဆန်းတာက ညဘက်ဆိုရင် သူတို့အောက်ခန်းကတောင် (၃၀၄ လို့ ထင်ရတဲ့အခန်းက )ဆူညံသံတွေ ကြားရတာပါပဲ။သားအမိနှစ်ယောက်ပဲရှိတဲ့ ...
movie

4 Horror Tales: Hidden Floor(2006)