Channel Myanmar

Kimberley Drummond

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
Magic Mike XXL(2015) 5.6
Magic Mike XXL(2015)  2012ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Magic Mikeရဲ့ အဆက်ဖြစ်ပြီး 2023မှာလည်း sequelအနေနဲ့ ထပ်လာဖို့ရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဖော်အချွတ်လောကကနေ အနားယူပြီး သုံးနှစ်ကြာ ကိုယ်ပိုင် ပရိဘောဂ လုပ်ငန်းကိုသာ တစ်စိုက်မတ်မတ် လုပ်နေတဲ့ Mikeဟာ တစ်နေ့မှာတော့ အရင်အဖွဲ့ဟောင်းဆီကနေ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dellas ဆုံးပါးသွားခဲ့ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒီလိုနဲ့ အသုဘစောင့်အိပ်ရအောင်လို့ လိုက်သွားပြီး အရင်အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်ဆုံမိတဲ့နောက် မထင်မှတ်ထားတာတွေ ဖြစ်ပျက်လာတဲ့အခါမှာတော့..။IMDb rating 5.6နဲ့ Tomatometerမှာ 65% ရရှိထားပြီး ပထမတစ်ကားထက် စာရင် Dance sceneတွေ Soundtrackတွေ သိသိသာသာ ပိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါရိုက်တာအနေနဲ့ကတော့ ပထမတစ်ကားရဲ့ ပရိုဂျူဆာဖြစ်တဲ့ ဝါရင့်ဒါရိုက်တာကြီး Gregory Jacobက စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။File size…(2.02GB)  / (1.07GB) / 546MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comsdy / Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie

Magic Mike XXL(2015)

That’s Amor (2022) 5.2
That’s Amor (2022) That's Amor (2022) ===============ဂရက်ဖစ်ဒီဇိုင်နာမလေး ဆိုဖီယာတစ်ယောက် အလုပ်မှာအဆင် မပြေလို့ အလုပ်ထွက်လိုက်ရတဲ့အပြင်၊ အိမ်ပြန်လာတဲ့အချိန်မှာ သူ့ ချစ်သူက သူ့အပေါ် ဖောက်ပြန်နေတာကို ကိုယ်တိုင်မြင်လိုက် ရပါတယ်။ အဲ့တော့ စိတ်နာနာနဲ့ လှေကားကအဆင်း ခြေချော်ပြီး ခြေထောက်ထိခိုက်သွားလို့ အမေဖြစ်သူရဲ့အိမ်မှာ ပြန်သွားနေလိုက် ရတဲ့အထိပေါ့။ အမေဖြစ်သူက သူ့သမီးလေးပျော်အောင်‌ဆိုပြီး သူသွားနေကျ Zumba အကသင်တန်းကို ခေါ်သွားတယ်။  အဲ့က အပြန်မှာ ဟင်းချက်သင်တန်း‌ ကြော်ငြာစာရွက်တွေ့တော့ သူ့သမီးကို သူနဲ့အတူလိုက်တက်ပေးဖို့ ဆွယ်ပါလေရော။ သမီးဖြစ်သူကလည်း မလွန်ဆန်နိုင်တဲ့အဆုံး အတူလိုက်တက်လိုက်ရတယ် ဘာညာပေါ့ဗျာ။ဇာတ်လမ်းက အခုမှစမှာပါ အဲ့သင်တန်းမှာ သင်တန်းဆရာရဲ့ တူလေး ဖြစ်တဲ့ မက်တီးယက်စ်ဆိုသူနဲ့စတင်တွေ့ဆုံးပြီး ထုံးစံအတိုင်း ဆိုဖီယာ ဘဝထဲ ဝင်လာတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာကို ဒီအချစ်ဟာသ ဇာတ်ကားလေးမှာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း လေးကလည်း ပေါ့ပေါ့ပါးပါးလေးဖြစ်ပြီး ဟင်းချက်ဝါသနာပါတဲ့လူတွေ အတွက် ကြည့်ပျော်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(2.67 GB) / (922 MB) / (566 MB) Quality............WEB-DL 1080p / ...
movie

That’s Amor (2022)

2022
Django Unchained ( 2012 ) 8.4
Django Unchained ( 2012 ) Unicode*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
movie

Django Unchained ( 2012 )

2012
We Need to Talk About Kevin (2011) 7.5
We Need to Talk About Kevin (2011) We need to talk about Kevin (2011) ကျွန်တော်တို့ ကယ်ဗင့် အကြောင်းကို ပြောမှ ဖြစ်တော့မှာ။ ကယ်ဗင် ဆိုတာ ဘယ်သူလဲ? ကယ်ဗင် ဆိုတာ ကလေးတစ်ယောက်ပါပဲ။ ကလေးတစ်ယောက်ရဲ့ စိတ်အကြောင်းကို အကောင်းဆုံး ပုံဖော်ပြသထားတဲ့ဇာတ်ကားပါ။ စိတ်အကြောင်းကို နူးနူးညံ့ညံ့ လှလှပပ ပုံဖော်ထားတာတော့ မဟုတ်ပါဘူး Psycho Thriller ကား တစ်ကားပါ။ Thriller ကား ဆိုတဲ့အတိုင်း ရင်တမမနဲ့ ကြည့်ရမှာပါ။ ကယ်ဗင်ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သူ့အမေ အီဗာကတော့ ခရီးသွားဆောင်းပါးတွေ ရေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကယ်ဗင်ဟာ ငယ်ငယ်ကတည်းက ထိန်းကျောင်းရခက်ပါတယ်။ ကျင်ကြီးကျင်ငယ်စွန့်တာကအစ လေ့ကျင့်ရခက်ပါတယ်။ အမေအပေါ် တွယ်တာပေမယ့် အမေ့ဆီက မေတ္တာကို ကောင်းကောင်း မရရှိခဲ့တဲ့ ကယ်ဗင်ဟာ အမေ့မေတ္တာကို သူ့နည်းသူ့ဟန်နဲ့ ရဖို့ ကြိုးစားရှာပါတယ်။ ဒုတိယကလေး မွေးလာတဲ့အချိန်မှာတော့ ကယ်ဗင့်ရဲ့စိတ်ရိုင်းတွေက ပိုမိုနိုးကြားလာပါတော့တယ်။ သားသမီးနဲ့မိဘကြားက သံယောဇဉ်ကို အသိမ်မွေ့ဆုံးနဲ့ အကြမ်းတမ်းဆုံး တင်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ ဓာတ်ပုံဆုတွေပါ ရရှိထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ IMDb ...
movie

We Need to Talk About Kevin (2011)

2011