Channel Myanmar

Kimberly L. Cole

Bermuda Island (2023)
Bermuda Island (2023) ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie

Bermuda Island (2023)

Body Snatchers (1993) 6.0
Body Snatchers (1993) Body Snatchers (1993) ================= IMDb Rating - 6.0/101990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာ ဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖို ရောက်လာခဲ့ပါတယ်။သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ် သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွား ရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအ ပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလို ပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံး ကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955) ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေ ကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီး science fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Body Snatchers (1993)

1993