Channel Myanmar

Kingston Vernes

So Cold the River (2022) 4.5
So Cold the River (2022) So Cold the River (2022) ====================ဝက်စ်ဘေဒန်မြို့လေးမှာ “ဘရက်ဒ်ဖော့ကျိန်စာ” ဆိုပြီးစိုးမိုးနေတဲ့အချိန် လူတွေကလည်း ဘရက်ဒ်ဖော့လို့ဆိုလိုက်တာနဲ့ အရမ်းကြောက်နေခဲ့ပါတယ်။ တကယ်တော့ သူတို့ကြောက်တာက ကမ့်ဘဲလ်ဘရက်ဒ်ဖော့ဆိုတဲ့လူကိုပါ။ သူကဘယ်လောက်ထိဆိုးသွမ်းလဲဆိုရင် ဘရက်ဒ်ဖော့မိသားစုဝင်တွေပါ အချင်းချင်းပြန်ကြောက်ရတဲ့အထိ သူ့နာမည်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ကမ့်ဘဲလ်ဘရက်ဒ်ဖော့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးပါဆိုပြီးတော့ အဲရစ်ကာကိုအလုပ်လာအပ်ခဲ့ပါတယ်။ အဲရစ်ကာကလည်း ခေသူမဟုတ်။ သဘာဝလွန်တွေနဲ့ အဆက်အသွယ်ရှိတဲ့ ထူးခြားတဲ့လူတစ်ယောက်ဆိုပြီး မှတ်တမ်းရုပ်ရှင်နယ်ပယ်မှာ နာမည်ကြီးနေတဲ့သူတစ်ယောက်ပါ။ မှတ်တမ်း ရုပ်ရှင်ရိုက်ဖို့ တစ်ခုတည်းသောသဲလွန်စအဖြစ် ကမ့်ဘဲလ်ဘရက်ဒ်ဖော့ရဲ့ မီးခံသေတ္တာထဲမှာသိမ်းထားတဲ့ ရေပုလင်းလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒါလေးကို ယူလာပြီး အဲရစ်ကာတစ်ယောက် ဝက်စ်ဘေဒန်မြို့မှာ သဲလွန်စရှာရပါတော့တယ်။ရေပုလင်းဆိုတော့လည်း ရေဆာနေတဲ့အချိန်၊ စိတ်အိုက်နေတဲ့အချိန် သောက်မိ ကြတာပေါ့နော်။ အဲ့ဒီရေပုလင်းက တကယ်တော့ မကောင်းဆိုးဝါးပါတဲ့။ ဝက်စ် ဘေဒန်မှာလည်း မြေအောက်ရေက အရမ်းအစွမ်းထက်ပါတယ်တဲ့။ အဲ့ဒါတွေကို ဆက်စပ်ကြည့်ရင်းနဲ့... အဲရစ်ကာတစ်ယောက် ဘာတွေရှာတွေ့သွားမလဲ၊ အဲ့ဒီရေ ကရော ဘာကြောင့်ကြောက်ဖို့ကောင်းနေတာလဲ၊ ဘရက်ဒ်ဖော့ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ဦးမလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်ကြည့်လိုက်ပါတော့နော် ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(983 MB) / (486 MB) Quality............WebRip 1080p / 720p Duration.........1Hr ...
movie

So Cold the River (2022)

2022
Mank (2020) 7.4
Mank (2020) Mank (2020)============IMDb Rating - 7.4/10#Unicodeမနှစ်ကတင် Tarantinoက ဟိုးအရင် ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကား ထွက်ထားပါတယ်။ ဒီနှစ်တော့ David Fincher အလှည့်ပါပဲ။ Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့ အတော်များများသိကြမှာပါ။FightClub , Gone Girl, Seven, Zodiacတို့လို နာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။ အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာက သူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကို Jackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့ 1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်က မြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာ နောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာ ထွက်လာခဲ့ပါပြီ။ဇာတ်အိမ်ရော ‌ဇာတ်လမ်းနာမည်ရောက လူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထား တယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။ သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။ တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှ နှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက် တစ်ကြောင်းကောက်ရေးကြတာတဲ့ အကြောင်းတွေ။ဟောလိဝုဒ်လောကက သူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားက အေးပေမယ့်လည်း ဒီအခန်းတွေက တကယ်အားရစရပါပဲ။အေးစက်တဲ့ရုပ်ရှင်ပေမယ့် ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့ သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာ ပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာက ပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက် ဖြစ်‌မနေမှုအတွက် ဇာတ်ညွှန်းကို သူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းက ထည့်သွင်းထားပေမယ့် ခါးသက်တယ်မထင်ရအောင် သေချာထည့်ထားတာပါပဲ။ အမှတ်မထင်ထည့်ထားတဲ့ တစ်ချို့ဟာသတွေကလည်း ခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲ သဘောကျမိစေတာမျိုးတွေပါ။ရုပ်ရှင်ဓာတ်ပုံပညာကလည်း ကျွန်တော်ဆို leaked photoတွေ ထွက်လာကတည်းက သဘောကျမိတာတွေတောင်ရှိတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကို ထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရွှေရောင်အတိတ်နေ့တွေကိုရော ဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်း ဖန်တီးခဲ့ပုံကိုရော Mankမှာ သေချာပုံဖော်ပေးသွားပါတယ်။ရုပ်ရှင်ထဲက မန့်ခ်ကတော့ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို ၂နာရီဆိုတဲ့အချိန်အတွင်းမှာ အမိအရရိုက်ပြလို့မရဘဲ အဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခု ထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ ဒါဆိုရင်‌တော့ Grey Oldmanရော David နဲ့ ...
movie

Mank (2020)

2020
Honey Boy (2019) 7.4
Honey Boy (2019) IMBD-7.4 ရရှိထားတဲ့ကားလေးပါ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ဟာတီဗီစတား တစ်ယောက်အဖြစ်အောင်မြင်ကျော်ကြားပြီးနောက်ရိုင်းစိုင်းကြမ်းတမ်းတဲ့ အရက်ဂျိုးအဖေက ပြန်လာပြီးတော့ကလေးရဲ့အထိန်းတော်အဖြစ်နဲ့ အတူတူနေထိုင်ကြတဲ့အကြောင်းအဖေနဲ့ သားကြားက ဆက်ဆံရေးအခြေအနေကို ရိုက်ကူးတင်ဆက်ထားတာပါကလေးသရုပ်ဆောင်ကောင်းသလို တစ်ကားလုံးကြည့်ရင်း နဲ့ဆွဲခေါ်သွားတဲ့ ကားလေးပါဒါ့အပြင် nomination များစွာ ပေးထားခြင်းခံထားရပါတယ်လက်တွေ့ဘဝဆန်ဆန် အကောင်းဆုံးပုံဖော်ရိုက်ကူး ထားတာဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး File Size : ( 882 MB , 324 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung Thant ...
movie

Honey Boy (2019)