Channel Myanmar

Kitty Winn

Exorcist II: The Heretic (1977)
Exorcist II: The Heretic (1977) 1973 ခုနှစ်က ထွက်ခဲ့တဲ့ The Exorcist ရဲ့ ဒုတိယကားဖြစ်တဲ့Exorcist 2က ပထမကားထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ မတူပေမယ့် အဓိကဇာတ်ဆောင် မင်းသမီး ရေဂန်ပြန်လည်ပါဝင်လာပြီးဒီကားထဲမှာ အပျိုအရွယ်ရောက်လာခဲ့ပါပြီ။ဖာသာမာရင်ရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် ဘုန်းတော်ကြီးဖာသာလာမောင့်န်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ရေဂန်က စိတ်ရောဂါကုဆရာဝန်ဆီမှာကုသမှုခံယူနေဆဲဖြစ်ပါတယ်။ဆရာဝန်မရဲ့ စိတ်ချင်းဆက်သွယ်ပြီး အိပ်ငွေ့ချပေးတဲ့စက်ကိုအသုံးပြုပြီး ဝါရှင်တန်က ရေဂန်ရဲ့ အခန်းထဲမှာဖာသာမာရင် အပနှင်နေတုန်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ပြီး ကြည့်ရှုခဲ့ပါတယ်။ဒီမကောင်းဆိုးဝါးရဲ့ originက ဘာလဲ ဘယ်ကရောက်လာတာလဲဆိုတာဒီကားထဲမှာ အဖြေကို ရမှာပါ။ ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် Exorcist fanတွေဆို ကြည့်ရှုထားသင့်တဲ့ ကားဖြစ်ပါတယ်။  File size…  3.65 GB /  1.14 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Exorcist II: The Heretic (1977)

1977
The Exorcist (1973) 8.0
The Exorcist (1973) ထူးထူးဆန်းဆန်း Rating 8 ရထားတဲ့ Horror ကားတွေထဲကတစ်ကားဖြစ်ပါတယ်..ဒီတစ်ခါကတော့ horror မှကြိုက်လှပါချည်ရဲ့ဆိုတဲ့ ပရိတ်သတ်များတောင်းဆိုထားလို့တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားက ကားဟောင်းပေမဲ့ ဒီကားမှာ သွေးသံရဲရဲနဲ့ဆိုးဆိုးဝါးဝါးဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် အဲအချိန်တုန်းက သူတို့နိုင်ငံမှာပြသခွင့်တောင်ပိတ်ခံရတဲ့အထိကိုဖြစ်ခဲ့တာပါဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်က ဇာတ်ကားရိုက်ဖို့အတွက်ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ ခဏပြောင်းလာခဲ့ရပါတယ်။သူ့သမီးလေးက အစပိုင်းမှာ တီတီတာတာနဲ့ ချစ်စရာလေးပေမဲ့တစ်ဖြည်းဖြည်းနဲ့ အပြုအမူအပြောအဆိုတွေက ခက်ထန်ကြမ်းတမ်းလာခဲ့ပါတယ်သူလည်းဆရာဝန်တွေနဲ့ပြပြီး ကုသပေမဲ့ပိုပြီးဆိုးဝါးလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူ့သမီးဟာ တစ်ခြားလူတစ်ယောက်ပုံစံကိုလုံးဝပြောင်းလဲသွားပါတော့တယ်။ဒါဆိုဒီကိစ္စတွေရဲ့နောက်ကွယ်က ဘာလဲ။သူ့သမီးလေးပြန်ရအောင်ရော သူဘယ်လိုတွေအားထုတ်ကြိုးစားမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ရှုစားကြည့်ပါ(သွေးသံရဲရဲကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းများပါတဲ့အတွက် ကလေးသူငယ်များနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး) File size … (1 GB) Quality … 720p BluRay Format … mp4 Duration…. 02:02:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Moe Myint Lwin Translator ..... HMO
movie

The Exorcist (1973)

1973