Channel Myanmar

Kobi Frumer

The Quest for Tom Sawyer’s Gold (2023) 5.1
The Quest for Tom Sawyer’s Gold (2023) The Quest for Tom Sawyer's Gold (2023) =============================မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် က‌လေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ ...
movie

The Quest for Tom Sawyer’s Gold (2023)

2023
Skate Kitchen (2018) 6.6
Skate Kitchen (2018) Jaden Smith ပါဝင်ထားတဲ့ Drama ကားလေးပါ IMDb - 6.6/10 Rotten Tomatoes - 89% Google Users - 91% ဆင်ခြေဖုံးရပ်ကွက်လေးမှာနေထိုင်တဲ့ ကမီးလ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး အကြောင်းကို အခြေခံရိုက်ကူးထားတာပါ အထီးကျန်ဆန်တဲ့သူမရဲ့ဘဝမှာ စကိတ်စီးတဲ့ကောင်မလေးတစ်စုနဲ့ သူငယ်ချင်းဖွဲ့ဖြစ်ရာကနေ သူငယ်ချင်းသံယောဇဉ် မိဘနဲ့သားသမီးဆက်ဆံရေး တစ်ခါတစ်လေ သားသမီးဖြစ်ချင်တဲ့ဝါသနာ မိဘကနားမလည်နိုင်တာမျိုး မီးမောင်းထိုးပြီးရိုက်ပြသွားတာပါ ဒီကားလေးထဲမှာ ဆေးခြောက်သောက်တာ ဘာညာ ပါတီပွဲတွေပါတာတော့ရှိပါတယ် ဒါပေမယ့် မဖတ်သင့်တဲ့စာဆိုတာမရှိဘူး ဖတ်လိုက်တဲ့စာကနေကိုယ်ဘာကို absorbလုပ်တယ်ဆိုတာကပဲ အရေးကြီးတာပါ ဆိုတော့ကာ ရုပ်ရှင်လည်းထိုနည်းလည်းကောင်းပဲ ဆယ်ကျော်သက်လူငယ်လေးတွေ ဒီကားကိုကြည့်ဖြစ်တဲ့အခါ သူပေးချင်တဲ့messageလေးကို ရအောင်ကြည့်ကြပါလို့ ရုပ်ရှင်ကားကို Thit Nyein Han က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

Skate Kitchen (2018)

2018