Channel Myanmar

Kodai Asaka

Side By Side (2023) 5.8
Side By Side (2023) Side by side (2023) =================Chihiro Ito ရဲ့ လက်ရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် မိယာမာ ဟာ ထူးခြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ သူ့စွမ်းရည်ကတော့ တခြားသူတွေရဲ့ စိတ်ကိုမြင်နိုင်တယ် သူ့ရဲ့စွမ်းရည်ကို အသုံးချပြီး လူတွေရဲ့ ပူပန်မှုတွေ စိတ်ဒဏ်ရာတွေကို ကူညီကုစားပေးတယ် လက်ရှိမှာ သူဟာ ရှိအိုရိဆိုတဲ့ အမျိုးသမီးနဲ့အတူ တောရွာလေးတစ်ခုမှာ အေးချမ်းစွာနေထိုင်တယ် သူမဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး မိမိ ဆိုတဲ့ သမီးလေးရှိတယ် မိယာမာဟာ ထူးခြားတဲ့ အရာတစ်ခု သူ့နောက် အမြဲလိုက်နေသလို ခံစားနေရတယ်အဲဒါကတော့ ကူဆာကာဆိုတဲ့ ဂျူနီယာတစ်ယောက်ကြောင့်ပါပဲ ကူဆာကာဟာ မြို့ပေါ်က နာမည်ကြီးအဖွဲ့ရဲ့ ဂီတာတီးသမားတစ်ယောက်ဖြစ်တယ် မိယာမာဟာ အကြောင်းရင်းကို သိချင်တာမို့ ကူဆာကာနဲ့ တွေ့ဆုံနိုင်ဖို့ကြိုးစားခဲ့တယ် သူတို့ နှစ်ဦးတွေ့ချိန်မှာ မိယာမာ ကြိုးစားဖွက်ထားခဲ့တဲ့ အတိတ်တစ်ခု ပြန်လည် အစပေါ်လာချိန်မှာတော့....( အညွှန်းရေးသားထားသူကတော့ Thu Thu ပါ ) File size_(1.7GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:04:00 Genre_Drama Subtitle_Myanmar Subtitle ...
movie

Side By Side (2023)

In Her Room (2023) 5.0
In Her Room (2023) In Her Room ( 2023 )In Her Roomဟာ Mysteryဆန်ဆန် ကားလို့ပြောရမယ်။ ဂျပန် Mysteryကားတွေဟာ ဂျပန်ကားတွေရဲ့ ပင်ကိုငြိမ်သက်ခြင်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအရသာမျိုးထွက်လာလဲ ဂျပန် Mystery , Thrillerကားတွေ ကြည့်ဖူးတဲ့ လူတွေသိကြမှာပါ။ In Her Roomဆိုတဲ့အတိုင်း ဒီကားရဲ့ ပဟေဠိကတော့ ကောင်မလေးတစ်ယောက်ရဲ့ အခန်းထဲက ပဟေဠိပေါ့။လူမှုဆက်ဆံရေးသိပ်မကျင်လည်တဲ့ သွားဆရာဝန်ကောင်လေးဟာ မိယာခိုဆိုတဲ့ ကောင်မလေးကို ချစ်မိနေတယ်။ ဒီကောင်မလေးက ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ်တယ်။ အတွင်းစိတ်နဲ့ပတ်သက်တဲ့ အရာတွေပေါ့။ ကောင်လေးကတော့ မိယာခိုက သူ့ကိုယ်သူနားမလည်တာတွေကိုတောင် နားလည်တယ်လို့ ယုံနေတယ်။ တစ်နေ့ကျ မိယာခိုရဲ့ သူငယ်ချင်းက မိယာခိုရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြမယ်ဆိုပြီး စကားစလာတယ်။ ဒီလိုနဲ့ ကောင်လေးက မိယာခိုအခန်းထဲက လျှို့ဝှက်ချက်တွေကို သိလာရတယ်။ သူချစ်မိနေတဲ့ သူနားမလည်နိုင်တဲ့ကောင်မလေးကို ဒီကောင်လေး ...
movie

In Her Room (2023)

Cherry Magic! THE MOVIE (2022) 7.3
Cherry Magic! THE MOVIE (2022) Cherry Magic : The Movie 2022 ========================= BL ပရိသတ်ကြီးအတွက် နွေးထွေးပြီးချစ်ဖို့ကောင်းတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ မူရင်းမန်းဂစာအုပ်ကို Live Action စီးရီးအနေနဲ့ ၁၂ ပိုင်း ပြန်လည်ရိုက်ကူးထားတာရှိပြီး အခုကတော့ တစ်ကားတည်းအပြီးအနေနဲ့ ထပ်ထွက်လာတာပါ။ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့အသားကို ထိလိုက်တာနဲ့ စိတ်ကိုဖတ်နိုင်တဲ့ ထူးထူးဆန်းဆန်းအစွမ်းကို ပိုင်ဆိုင်ထားတဲ့ ခုရိုရှိဆိုတဲ့ကောင်လေးဟာ သူ့ကိုခွက်ရှ်နေတဲ့ ကိုလူချောလေးရဲ့ စိတ်ကိုဖတ်နိုင်ခဲ့ပြီး တွဲဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မတော်တဆမှုဖြစ်ပြီး အစွမ်းပျောက်ကွယ်သွားတဲ့အခါမှာတော့...တွေ့နေကျ BL ဇာတ်အများစုထဲကလို ကျောင်းသားလေးတွေမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်းက လူလတ်ပိုင်းအရွယ် ရင့်ကျက်တဲ့ကောင်လေးနှစ်ယောက်အကြောင်းဖြစ်တာကြောင့် တစ်ချိန်လုံးရိုနေမှာတော့ မဟုတ်ပါဘူး။ အချင်းချင်းရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းကို အပြန်အလှန် အားပေးကူညီမယ်။ အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ်။အေးအတူ ပူအမျှခံစားပေးမယ် ။(စိတ်ဖတ်နိုင်တယ်ဆိုတာကလွဲလို့)ကြည့်နေရင်းနဲ့ အပြင်က BL အတွဲဆိုရင်လည်း ဒီလိုပဲဖြစ်မှာလို့ တွေးမိတဲ့အထိ အိုဗာတွေသိပ်မပါဘဲ ရိုးရိုးရှင်းရှင်းလေး လက်တွေ့ဆန်အောင် ရိုက်ပြထားတာကို သဘောကျမိတာမို့ ကြည့်ရှုအားပေးကြပါဦးလို့အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Comedy, Fantasy , ...
movie

Cherry Magic! THE MOVIE (2022)

2022
The Liar and His Lover (2013) 6.8
The Liar and His Lover (2013) The Liar and His Love (2013)လူတစ်​ယောက်အ​ပေါ် ထားရှိတဲ့ မ​​ကျေနပ်ချက်နဲ့ နာကျည်းမှု​ကို တခြားသူတစ်​ယောက်အ​ပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာ​ဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုး​ပေါ့။ Aki ဆိုတဲ့ကောင်​လေးလည်း ဒီလိုအဖြစ်မျိုး ကြုံ​တွေ့​နေရတာပါ။ အပြင်ပန်းမှာ​တော့ ဂျပန်ကနာမည်​ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်​တေး​​ရေး၊ ဂီတပိုင်းပါရမီရှင်တစ်​ယောက်ဆို​ပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှု​တွေ​ကြောင့် ဂီတ​လောကက​ အပြီးတိုင် ပျောက်ကွယ်​နေချင်သူ​ပေါ့။ဒီလိုနဲ့ တစ်​နေ့မှာ Rikoဆိုတဲ့ မိန်းက​လေးနဲ့ဆုံ​တွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်း​ကျောင်းသူ​လေးရဲ့ နှလုံးသားကို ​သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် ​တေး​​ရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းက​​လေး​တွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒ​တွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မ​​လေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါ​ပေမဲ့ က​လေးမ​လေးက သူ့အ​ပေါ် ...
movie

The Liar and His Lover (2013)

2013
Theatre: A Love Story (2020) 7.3
Theatre: A Love Story (2020) ဒီတခါတော့ ၂၀၂၀ထွက် ဂျပန်romance/dramaဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. တကယ်ကို ရင်ထဲမှာ ခံစားသွားရစေမယ့် အချစ်ဇာတ်လမ်းလေးတပုဒ်ဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းလေးကတော့ Nagataဟာ သိပ်ကို အနုပညာဘက်မှာ ထူးချွန်ချင်တဲ့ လူတစ်ယောက်ပါ. သူဟာ ပြဇာတ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာဖြစ်ပြီး အဲ့ဒီအလုပ်ကလွဲရင် တခြားဘယ်အလုပ်ကိုမှ မလုပ်ချင်တဲ့ခေါင်းမာတက်တဲ့ လူလဲဖြစ်ပါတယ်. တနေ့မှာတော့ သူ့ဘဝထဲကို သိပ်ကိုဖြူစင်ပြီး လှပတဲ့ နတ်သမီးလေး Sakiဝင်ရောက်လာခဲ့ပါတယ်. Nagataဟာ ပြဇာတ်တွေရေးရတာကို ဝါသနာပါပေမယ့် ပါရမီတော့ မပါခဲ့ပါဘူး. ဒီတော့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး သူ့အဖွဲ့ဟာလဲ ပျက်သွားခဲ့ပါတယ်. အဲ့ဒီအချိန်မှာ Sakiကို သူက သရုပ်ဆောင်ခိုင်းကြည့်ခဲ့ပါတယ်, သွက်သွက်လက်လက်နဲ့ ပါရမီရှိတဲ့ Sakiလေးပါတော့ ပရိတ်သတ်တော်တော်များများက သဘောကျကျပြီး သူ့ဇာတ်လမ်းလဲ ပေါက်သွားခဲ့ပါတယ်. ဒါပေမယ့် သူကတော့ နောက်ပြဇာတ်တွေမှာ Sakiကိုထပ်မသုံးတော့ပါဘူး ဘာလို့လဲဆိုတော့ သူ့ကောင်မလေးဖြစ်တဲ့ Sakiကပါရမီရှိတာသိသာလေလေ သူကအရှုံးသမားဆိုတာ ပိုပြီးသိသာလာလေလေလို့ သူတွေးမိခဲ့လို့ပါပဲ. အပြစ်ကင်းတဲ့ Sakiလေးကတော့ ဒါတွေကို နားမလည်ခဲ့ပါဘူး. သူတို့နေတဲ့ တိုက်ခန်းခတွေ အသုံးစရိတ်တွေကို ပေးနိုင်ဖို့ အလုပ်ကိုနေ့ရောညရော လုပ်နေခဲ့ပါတယ်. Sakiက ပိုပြီးဖြူစင်တာကို သိလာလေလေ Nagataဟာ ပိုပြီး အပြစ်ရှိခံစားစိတ်ဖြစ်လာလေလေပါပဲ. သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းက ဘယ်လိုများဖြစ်မလဲ? Sakiနဲ့Nagataပေါင်းဖက်နိုင်ရဲ့လားဆိုတာကို ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်ပြီး ရင်ထဲမှာ ခံစားချက်တစ်ခု ထည့်ပေးနိုင်တဲ့ ဂျပန်ဒရာမာ ဇာတ်လမ်းလေးဖို့ ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ.   File Size - ...
movie

Theatre: A Love Story (2020)

2020