Channel Myanmar

Kohei Fukuyama

One-Percenter (2023) 6.3
One-Percenter (2023)  အက်ရှင်ကားဆိုအစစ်အမှန်တွေကိုသုံးပြီးချပြချင်တဲ့ဆန္ဒရှိနေတဲ့ အက်ရှင်မင်းသား တာခုမာတိုရှီရိုတစ်ယောက် သူ့ရဲ့ရည်ရွယ်ချက်‌ကိုအကောင်အထည်ဖော်ဖို့အတွက်ကြိုးစားပုံစံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ‌တိုရှီရိုက အက်ရှင်ကား‌တွေမှာ ကြိုးတွေ ကွန်ပျူတာအထူးတည်းဖြတ်မှုတွေကိုသုံးတာကို သဘောမတွေ့တာနဲ့အညီ သူကိုယ်တိုင် အက်ရှင်လောကကိုပြောင်းလဲဖို့ကြိုးစားပါတော့တယ်။သိုင်းနည်းနာတွေ ၁၀ နှစ်ကျော်သင်ယူပြီးတဲ့နောက်မှာ အာခီရာဆိုတဲ့ သူ့အပေါ်လေးစားအားကျတဲ့တပည့်လေးတစ်ယောက်နဲ့ဆုံဖြစ်သွားတယ်။အဲမှာပဲ တိုရှီရိုဟာ အာခီရာနဲ့အတူ သူ့အိပ်မက်ဖြစ်တဲ့ အက်ရှင်ကားစစ်စစ်ကိုဖန်တီးဖို့အတွက် ဆရာတပည့်နှစ်ယောက် လူမနေတဲ့ကျွန်းကြီးပေါ်မှာ ရုပ်ရှင်ရိုက်ကူးဖို့သွားလိုက်တဲ့အခါမှာ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.3GB)/( 730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

One-Percenter (2023)

High & Low The Worst(2019) 6.7
High & Low The Worst(2019) High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ...
movie

High & Low The Worst(2019)

High & Low The Worst X(2022) 6.5
High & Low The Worst X(2022) High & Low The Worst X ကတော့ ၂၀၂၂ တုန်းကနောက်ဆုံးထွက်ထားတဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်ပြီး High & Low The Worst အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းတည်ထားတာပါ။ အိုယာကျောင်းဂိုဏ်းဟာ ခေါင်းဆောင်အသစ်နဲ့အတူ ဂိုဏ်းအားလုံးထဲမှာ အတောင့်တင်းဆုံးနီးပါးအထိဖြစ်လာပြီး ဒါကို ပြဿနာရှာချင်တဲ့ ဆဲနိုမွန်ကျောင်းဂိုဏ်းက တခြားအဖွဲ့နှစ်ဖွဲ့နဲ့ပေါင်းပြီး အိုယာကျောင်းဂိုဏ်းကိုဖျက်ဆီးကြတဲ့အခါမှာ သုံးဖွဲ့တစ်ဖွဲ့ချကြပါတယ်။ ဇာတ်ကောင်အဟောင်းအနေနဲ့ကတော့ တိုဒိုရိုကီ၊ ဖူဂျီအို၊ ဆာချီအိုနဲ့ တခြားဇာတ်ပို့တွေပြန်ပါမှာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေအများကြီးနဲ့ ကျစ်လစ်တဲ့ဇာတ်အိမ်ကြောင့် ကြည့်ဖို့နှစ်ခါမစဉ်းစားသင့်တဲ့ဇာတ်ကားပါ။  File size…2.26GB / 1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kasashi
movie

High & Low The Worst X(2022)