Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kokoy de Santos
6.9
Mary Cherry Chua (2023)
Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb - 6.3/10ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ်ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ်ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့...ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းကိုတော့ ...
movie
Mary Cherry Chua (2023)
2023
[18+] Death By Desire (2023)
Death By Desire (2023)Three's a Crowd ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဘယ်လိုဆက်ဆံရေးမျိုးမဆို တတိယလူဆိုတာ မဝင်သင့်မဝင်အပ် ကြိုဆိုစရာအကြောင်းမရှိတဲ့လူမျိုးပါပဲ။ ဒါပေမဲ့လည်း မီဂယ်ဆိုတဲ့ ကောင်လေးကတော့ မီးတောက်တစ်စကို သူ့ဘဝထဲ လိုလိုလားလားခေါ်သွင်းခဲ့မိပါတယ်။ သူဟာ မကြာခင်လက်ထပ်ရတော့မယ့် သတို့သားလောင်းတစ်ယောက်... သူ့ရဲ့ဇနီးလောင်းကတော့ အောက်ပိုင်းသေနေပြီး သူ့လိင်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တော့တဲ့သူ။ အဲဒီဇနီးကိုလည်း သူသိပ်ချစ်တယ်။ ဒါပေမဲ့ အလိုဆန္ဒရဲ့ဖြားယောင်းမှုအရ သူအပြင်မှာ အပျော်ရှာမိတယ်။ ဒါပေမဲ့လည်း သူရှာမိတဲ့ ပျော်ရွှင်စရာလို့ထင်ခဲ့တဲ့ ကောင်မလေး ဧပရယ်ဟာ နာမည်နဲ့လိုက်အောင် သူ့ဘဝကို ရက်ရက်စက်စက် ပူလောင်ခြင်းတွေပေးတော့မှာဆိုတာကြိုမသိခဲ့ပါဘူး။ဧပရယ်ရဲ့အပြစ်ကတော့ သူ့ကို သိပ်ချစ်မိခဲ့တာနဲ့အစွဲအလန်းကြီးလွန်းခဲ့တာပါ။ ကာမပိုင်နီးပါးဖြစ်နေခဲ့တဲ့လူတစ်ယောက်ကို ချစ်ခင်စွဲလန်းခဲ့ပြီး အဲဒီလူဆီက ပစ်ခွာမှုကိုခံရချိန်မှာတော့ ဧပရယ် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ရယူပိုင်ဆိုင်လိုခြင်းတွေ အငြိုးအတေးတွေနဲ့ သေဆုံးသွားတဲ့သူဖြစ်တဲ့အလျောက် သူ့ကို အခုလိုဖြစ်သွားရအောင် စေစားခဲ့တဲ့သူတွေရဲ့ဘဝကိုလဲ အဆုံးစွန် လိုက်နှောင့်ယှက် ဒုက္ခပေးဦးမှာပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias ...
movie
[18+] Death By Desire (2023)
2023