Channel Myanmar

Kondwani Elliot Zulu

Can You See Us?(2022) 7.4
Can You See Us?(2022)  ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ Netflix ကိုတော့ လောလောလတ်လတ်ကမှ ရောက်ရှိလာတဲ့ "Can you see us" ဆိုတဲ့ Drama ဇာတ်ကားလေးပါပဲ။ IMDB 7.5/10 ရရှိထားတဲ့ ဒီဇာတ်ကားဟာဆိုရင်တော့ Netflix ရဲ့ ပထမဆုံး ဇမ်ဘီးယားနိုင်ငံ(အာဖရိက)က full-length ဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ်။ မတူကွဲပြားခြင်းဆိုတာက ကြောက်စရာ၊ လန့်စရာ၊ အထင်သေးရှုံ့ချစရာမဟုတ်ပေမဲ့ လူသားဆိုတာမျိုးက ကိုယ်နဲ့မတူကွဲပြားရင် ကြောက်လန့်တတ်ကြတဲ့ သဘာဝမျိုးမဟုတ်လား.. မတူညီတဲ့ပုံစံရှိတဲ့သူတွေကိုဆိုရင် သူတို့နဲ့ကွဲပြားတာမို့ ရှုံ့ချဆက်ဆံတာမျိုး၊ အထင်သေးအနိုင်ကျင့်တာမျိုး လုပ်တတ်ကြတဲ့ လူသားတွေရဲ့ထုံးစံကြောင့် သူများနဲ့မတူတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့သူ ကလေးငယ်လေးကတော့ မွေးဖွားလာကတည်းက အဖေအရင်းရဲ့ စွန်ပစ်ခြင်းကိုခံရပြီး လောကဓံရဲ့ရိုက်နှက်မှုတွေကို ခါးသီးစွာ ခံစားခဲ့ရပါတော့တယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ မွေးရာပါ albinism ရောဂါဖြစ်နေတဲ့ albino ကလေးငယ်လေး ဂျိုးဇက်ဖ်ဟာ လူမည်း အဖေ အမေက ...
movie

Can You See Us?(2022)