Channel Myanmar

Kostja Ullmann

A Most Wanted Man (2014) 6.7
A Most Wanted Man (2014) Philip Seymor Hoffman နဲ့ Rachael Mcadmasအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပြီးWillem Dafoe,Daniel Bruhl, Robin Wright တို့ပါ ပါဝင်အားဖြည့်ထားတဲ့ စပိုင်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင် ပါတယ်၉/၁၁ ဖြစ်စဉ်နောက်ပိုင်း ဟမ်းဘတ်ဂ်မြို့ဟာအမေရိကန်တို့ အထူးအာရုံစိုက်စောင့်ကြည့်လာတဲ့အကြမ်းဖက် လှုပ်ရှားမှုခြေရာခံရာ ဖြစ်လာခဲ့ပါတယ်အကြမ်းဖက်စစ်သွေးကြွအဖွဲ့ဝင်ဟုသတ်မှတ်ခံထားရသူအစ်စာကာပေါ့ဗ်ဟာဂျာမနီနိုင်ငံဟမ်းဘတ်ဂ်မြို့ကို တရားမဝင်နည်းလမ်းနဲ့ဝင်ရောက်လာပြီး ခိုလှုံခွင့်တစ်နေရာရရှိဖို့ကြိုးစားနေသူဖြစ်သလို အဖေ ဖြစ်သူရဲ့ဟမ်းဘတ်မြို့ကဘဏ်တစ်ခုမှာ အပ်နှံထားတဲ့ငွေကို ထုတ်ယူဖို့ရည်ရွယ်ချက်ရှိနေသူလည်း ဖြစ်ပါတယ်ဘေရွတ်က နောက်ဆုံး စစ်ဆင်ရေးအပြီးမှာဟမ်းဘတ်ဂ်မြို့မှာ အကြမ်းဖက်ဆန့်ကျင်ရေးတပ်ဖွဲ့တစ်ခုကိုဦးဆောင်ဖို့ စေလွှတ်ခံရသူ ဟားရ်ဘတ်ခ်မန်းကလည်းသူ လပေါင်းများစွာ နောက်ယောင်ခံလိုက်နေတဲ့အကြမ်းဖက်ထောက်ပံ့သူဟု သံသယရှိသူအက်ဘဒူလာကို ဖော်ထုတ်နိုင်ဖို့ သော့ချက်အဖြစ်အစ်စာကာပေါ့ဗ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်အစ်စာကာပေါ့ဗ်ဟာ တွန်မီဘရူးဆိုသူ ဘဏ်လုပ်ငန်းရှင်ကို ရှာဖွေနေသူလွတ်မြောက်ဆဲအကြမ်းဖက်သမား ဖြစ်တယ်ဆိုတာကိုသိရှိပြီးနောက်မှာတော့ ဂျာမနီ နဲ့အမေရိကန်လုံခြုံရေးအေဂျင်စီများကပါအစ်စာကာပေါ့ဗ်အရေးကို စိတ်ဝင်စား လာပါတော့တယ်နိုင်ငံမဲ့ဖြစ်နေသူတွေအတွက် လူမှုဝန်ထမ်းအကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးနေသူ ရှေ့နေမလေးအန်နာဘဲလ် ရစ်ချတ် နဲ့ဘဏ်လုပ်ငန်းရှင် တွန်မီဘရူးပါ အဖေဖြစ်သူရဲ့ ကတိစကားအတွက်အစ်စာကာပေါ့ဗ်ကို ကူညီပေးရန် ဖြစ်လာချိန်မှာတော့ဟားရ်ဘတ်ခ်မန်းရဲ့ ကစားကွက်ထဲကိုလှလှပပကြီး ကပြဖျော်ဖြေပေးရသူတွေ ဖြစ်လာပါ တော့တယ် အစ်စာကာပေါ့ဗ်ကရော ...
movie

A Most Wanted Man (2014)

2014
Ruby Red (2013) 6.0
Ruby Red (2013) အချိန်ခရီးသွားတဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ချင်သူတွေအတွက်ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းကတော့ Kerstin Gierရဲ့ ruby red ဝတ္တု trilogyကိုပြန်လည်းရိုက်ကူးထားတဲ့ ဇာတ်ကားသုံးကားထဲကမှပထမဆုံး ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့မွန်ထရို့စ်နဲ့ ဗီလီယဲ မိသားစုနှစ်ခုအကြောင်းကနေ စပြောရမှာပါ။ဒီမိသားစုနှစ်ခုဟာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းကို မျိုးရိုးဗီဇအရ မျိုးဆက်တစ်ခုမှာ တစ်ယောက်စီဆက်ခံခဲ့ကြတာပါ။မွန်ထရို့စ်မိသားစုမှာတော့ မိန်းကလေးတွေက ဒီအစွမ်းကိုပိုင်ဆိုင်ပြီး ဗီလီယဲ မိသားစုမှာတော့ ယောက်ျားလေးတွေက ပိုင်ဆိုင်ပါတယ်။ဂွမ်ဒိုလင်ဆိုတဲ့ ကောင်မလေးကတော့ မွန်ထရို့စ်မိသားစုမှာနေထိုင်သူဖြစ်ပြီး ဒီကိစ္စတွေကို အယုံအကြည်မရှိတဲ့သူပါ။တစ်နေ့မှာတော့ မွန်ထရို့စ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ချားလော့တ်ဟာသူ့ရဲ့မွေးနေ့မှာ အချိန်ခရီးသွားဗီဇကို စတင်ရရှိဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ဒါပေမယ့် အားလုံးထင်ထားသလို ဒီမျိုးရိုးဗီဇကိုဆက်ခံသူဟာ ချားလော့တ်မဟုတ်ပဲ ဂွမ်ဒိုလင်ဖြစ်နေတဲ့အခါမှာတော့ဂွမ်ဒိုလင်တစ်ယောက် သူ့ရဲ့အစွမ်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ဒီမိသားစုတွေကြားမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းလို့ပြောလိုက်တာနဲ့အများစုကတော့ Dark seriesကို ပြေးမြင်မိကြမှာပါ။ဒီ movie trilogyကတော့ darkလို အရမ်းကြီးရှုပ်ထွေးမနေပဲပေါ့ပေါ့ပါးပါးနဲ့ darkလိုပဲ အချိတ်အဆက်မိမိကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ပြီးတော့ adventureဇာတ်လမ်း အမျိုးအစားလည်းဖြစ်တာကြောင့်Funဖြစ်ပြီး ...
movie

Ruby Red (2013)

2013
Paradise(2023) 6.5
Paradise(2023) Paradise(2023)*************** ကိုယ့်ဘဝရဲ့ကျန်ရှိတဲ့သက်တမ်းထဲကအချိန်တချို့ကိုပေးလိုက်ရုံနဲ့ပိုက်ဆံတွေရနိုင်တယ်ဆိုရင်သင်ရောယူမှာလား။ဒီလိုမျိုးအလဲအလှယ်ကိုရောသင်ဘယ်လိုထင်ပါသလဲ။အီယွန်ဆိုတဲ့ကုမ္ပဏီတစ်ခုကအဲ့ဒီလို တခြားသူတစ်ယောက်ရဲ့သက်တမ်းတွေကိုပိုက်ဆံအများကြီးနဲ့လဲလှယ်ပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။မက်စ်ဆိုတဲ့လူတစ်ယောက်ကအဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့အချိန်လှူဒါန်းခြင်းမန်နေဂျာတစ်ယောက်ပဲဖြစ်ပါတယ်။လှူဒါန်းခြင်းလို့ခေါ်တယ်ဆိုပေမဲ့တကယ်တမ်းကတော့ကိုယ့်ရဲ့အချိန်တွေကိုရောင်းစားနေတာပါပဲ။သူကဆင်းရဲတဲ့လူတွေကိုအချိန်တွေလှူဒါန်းအောင်လို့လိုက်ပြီးနားချရတဲ့လူတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားလွန်းတဲ့အတွက်တစ်နှစ်တာအကောင်းဆုံးဝန်ထမ်းတွေပါဖြစ်ခဲ့ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့သူတို့အကြွေးနဲ့ဝယ်ယူထားတဲ့တိုက်ခန်းမီးလောင်သွားတဲ့အခါသူ့မိန်းမကိုယ်တိုင်ရဲ့ သက်တမ်း နှစ်ပေါင်း ၄၀ နဲ့ပြန်ဆပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့အခါကျမှသူများတွေကိုအချိန်လှူဒါန်းဖို့လိုက်ပြောနေတဲ့အီယွန်တစ်ယောက်လဲကိုယ့်အလှည့်ကျမှဒီလိုကြုံလာတဲ့အခါဆပ်ပြာသည်လင်ပျောက်သလိုတွေဖြစ်နေပါတော့တယ်ဒီလိုနဲ့ကြံရာမရတဲ့အဆုံး သူ့ဘဝမှာ မိုက်ရူးရဲအဆန်ဆုံးလုပ်ရပ်ကိုလုပ်ဖို့ ကြိုးစားပါတော့တယ်....   File Size :(1.4GB) &(527MB) Quality : NF.Web-Dl 1080P, 720p Format…mp4 Duration…01:57:00 Genre :Action, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Phyo Pyae 
movie

Paradise(2023)

Asphalt Burning (2020) 5.2
Asphalt Burning (2020) Asphalt Burning (2020)===================IMDb Rating - 5.2/10 ဘ၀မှာ စားခါနီးမှ ပုတ်ချခံရတဲ့ အဖြစ်မျိုး လူတိုင်းနီးပါး ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ် ရင်နာစရာပါ။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ဖြစ်တဲ့ ရွိုင်ဟာလည်း ဒီလိုအဖြစ်နဲ့ ကြုံလိုက်ရတဲ့သူပါ။ ရွိုင်က ကလေးတစ်ယောက်အဖေတစ်ခုလပ်ဖြစ်ပြီး ဆေလ်ဗီယာဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်တော့မယ့်သူတစ်ယောက်ပါ။ သူက ကားစီးရတာ ကားမောင်းပြိုင်ရတာကို သိပ်ကို ဝါသနာပါတဲ့သူ ပီပီ မင်္ဂလာပွဲကိုတောင် ကားမောင်းပြိုင်ပွဲပုံစံနဲ့ သတို့သမီးဆီ အရောက်ကားမောင်းသွားပြီးမှ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာပွဲ မတိုင်ညမှာ ရွိုင်မူးနေတုန်း ဂျာမန်မတစ်ယောက်က လာမြူစွယ်တော့ ရှူးရှဲပေးမိလိုက်ရာက ပြဿနာစပါတော့တယ်။ ဂျာမန်မက သူနဲ့လက်ထပ်မယ့် ဆေလ်ဗီယာ့ရဲ့ တစ်ခါက အခန်းဖော် ဖြစ်ရုံသာမက ဂျာမန်မကဆေလ်ဗီယာ့ကိုပါ ကြွေနေပုံပါ။ ဒီတော့ မင်္ဂလာဆောင်မယ့်နေ့မှာ စီစဉ်ထားတဲ့အတိုင်း " အရင်ရောက်တဲ့သူ သတို့သမီးကိုယူ " ဆိုတဲ့စည်းမျဉ်းနဲ့ ကားပြိုင်ပွဲလုပ်ပါတယ်။ ပြိုင်တဲ့သူတွေက သူ့ဘော်ဒါတွေဖြစ်လို့ ...
movie

Asphalt Burning (2020)

2020