Channel Myanmar

Kottayam Nazeer

Rani Chithira Marthanda (2023) 8
Rani Chithira Marthanda (2023) Rani Chithira Marthanda (2023)IMDb 8/10 .....ဘဝဇာတ်ခုံ....CM ပရိသတ်ကြီးကို ထူးခြားကောင်းမွန်တဲ့ မလေယာလမ်းဘာသာစကားပြော အိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်တောင်ပိုင်း မဆလးယာလမ်းသရုပ်ဆောင်တွေပဲ ပါဝင်ထားပြီး နာမည်မကြီးဝိတ်မရှိပေမဲ့ သူ့နေရာနဲ့သူတော့ ဇာတ်ကြောင်းကိုကောင်း‌မွန်စွာ ပုံဖော်သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိဘူးပဲ‌ ပြောပါရစေအိန္ဒိယကားတွေကို အိုဗာအိုက်တင်တွေ မင်းသားအသားပေးဇာတ်ကောင်တွေကြောင့် ကြိုက်တဲ့သူရှိသလို တစ်ခါတလေစိတ်ကုန်မိတဲ့သူတွေလည်း ရှိမှာပါဒီကားလေးမှာ‌တော့ လှပတဲ့ရှုခင်းတွေရယ် ရိုးရှင်းတဲ့ဇာတ်ကောင်တွေရယ် သဘာဝကျတဲ့ဇာတ်အိမ်ရယ် သုံးခုကိုသုံးနာညီတြိဂံလို အချိုးကျကျပေါင်းစပ်ကာ ပရိသတ်ကြည့်နေကျ ဘောလီးဝုဒ်ကားတွေနဲ့ ရသတစ်မျိူး တမူထူးကာပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အဖေကိုအရမ်းကြောက်ရတဲ့ အန်ဆွန်ရယ် သူ့အဖေရယ် သူတို့ရဲ့ဆေးဆိုင်လေးရယ် နိစ္စဓူဝနေ့စဉ်ဘဝလေးမှာ အန်ဆွန်နဲ့ ကောင်မလေးတစ်ယောက် စတင်သိကျွမ်းသွားပြီးတဲ့နောက်တော့ .... ဘာဆက်ဖြစ်မလဲကတော့ သိသာရင်လဲ သိသာမှာပါဒါပေမဲ့တချို့ဇာတ်ကားတွေက ဘာဆက်ဖြစ်မလဲဆို‌တာထက် ဘယ်လိုဖြစ်သွားလဲရိုက်ပြတာကို ကြည့်နေရတာကလည်း ရသတစ်မျိုးပဲမို့ CM ပရိသတ်ကြီးကို ဘဝသရုပ်မှန်ပုံဖော်‌ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…1.75GB / 750MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Rani Chithira Marthanda (2023)

2023
Thundu (2024) 5.5
Thundu (2024) Thundu (2024) ရဲအရာရှိဘေဘီIMDb-5.7/10ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး...။ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size…1.5GB /  771MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie

Thundu (2024)

2024
Janaki Jaane (2023) 7.9
Janaki Jaane (2023) Janaki Jaane ( 2023 ) ================== IMDb 8.5/10အသစ်ထွက်လာတဲ့ မာလေယာလမ်စကားပြော ရိုမန်းတစ်အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာနာကီဆိုတာ နယ်မြို့လေးကကောင်မလေးတစ်ယောက်။ငယ်ငယ်ကကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကြောင့် ထရော်မာဝင်ပြီး တစ်ယောက်ထဲမနေရဲတာ အမှောင်ကြောက်တတ်တာမျိုးကို အလွန်အကျွံခံစားနေရရှာသူလေး။ သစ်ကိုင်းခြောက်ကလေး ပြုတ်ကျတာတောင်သတိလစ်သွားတဲ့အထိအသဲငယ်ရှာသူလေး။အဲဒီလို အသည်းငယ်တာကြောင့် အိမ်ထောင်ဖက်တွေ့တိုင်း အဆင်မပြေဘဲ အပျိုကြီးဖြစ်နေရတယ်။အဲဒီလိုအသည်းငယ်တဲ့သူ့ကို ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ ပါလေရာငပိဇာတ်လိုက်ကျော်က မြင်မြင်ချင်းကြွေသွားပြီး လူကြီးတွေကနေတဆင့်နားဖောက်ဖို့ကြိုးစားပါတော့တယ်။တောင်ပိုင်းအချစ်ကားတွေ ကောင်းပြီဆိုရင် တော်ရုံကားလိုက်မမီတာကြောင့် ဒီဂျာနာကီရဲ့ အချစ်ဇာတ်လမ်းကရော ပရိသတ်တွေကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ ရှုမြင်ခံစားလိုက်ရအောင်လား။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, Moon, Cherry နဲ့ Zwe တို့ပဲဖြစ်ကြပါတယ်။ ) File size…2.03GB / 853MB Quality…1080p WEB DL /720p Format…mp4 Duration…. 2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ Moon~ Cherry ~ Zwe
movie

Janaki Jaane (2023)

Rorschach (2022) 7.9
Rorschach (2022) Rorschach (2022) Action, Mystery, Thriller IMDb 7.9/10 (2.2K)လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။မိန်းမ​ဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာ​ဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True  WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Rorschach (2022)

2022
Keshu Ee Veedinte Nadhan (2021) 5.4
Keshu Ee Veedinte Nadhan (2021) Keshu Ee Veedinate Nadhanဒီတစ်ခေါက်မှာတော့ comedy-drama အမျိုးအစား Tamil movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ငွေဆိုတာ ဒုတိယဘုရားသခင်ပဲလို့ သတ်မှတ်တဲ့သူရှိသလို ငွေထက် အရေးပါတဲ့အရာတွေများတယ်လို့ သတ်မှတ်တဲ့သူတွေလည်း ဒုနဲ့ဒေးရှိကြပါတယ်။ ဒီကားလေးမှာတော့ အသက် ၆၀ အရွယ်Keshu ဆိုသူဟာ ကားမောင်းသင်တန်းပိုင်ရှင်ဖြစ်ပြီး သားသမီး ၂ ယောက်ရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ဖြစ်ချင်တော့ မိဘတွေရဲ့ အမွေခွဲဝေတာနဲ့ ပတ်သက်ပြီး ညီမတွေရယ် သူတို့ရဲ့ ခင်ပွန်းတွေရယ်နဲ့ ဇာတ်ရှုပ်တွေဖြစ်လာပြီး မိသားစုလိုက် အားလုံး ဘုရားဖူးခရီးထွက်ဖို့ ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲဘုရားဖူးခရီးသွားဖို့လုပ်တုန်း Keshu ဟာ ထီပေါက်တယ်လို့ ကြားသိလိုက်ရပါလေရော။ဒီလိုနဲ့ Keshu တစ်ယောက် ထီပေါက်တယ်လို့ ကြားသိရတဲ့အခါမှာ ထီဆုငွေကအများကြီးရလား ရရဲ့သားနဲ့ မရဘူး ဖြစ်မလား...မောင်နှမတွေနဲ့ အမွေခွဲဝေဖို့ ဇာတ်ရှုပ်ကရော ဘယ်လိုဖြစ်သွားမလဲ....ငွေက လူကို အရောင်ဆိုးမှာလား....ဟာသနှောပြီး ပညာပေးရောတဲ့ ဒီဇာတ်ကားလေးကိုတော့၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ...
movie

Keshu Ee Veedinte Nadhan (2021)

2021