Channel Myanmar

Kris Eivers

Cold in July (2014) 6.7
Cold in July (2014)  မိသားစုကိုချစ်မြတ်နိုးတဲ့ Richard Dane ကညနက်သန်းခေါင် သူ့အိမ်ထဲကို ကျူးကျော်ပြီးဝင်လာတဲ့Freddy Russell ဆိုတဲ့သူကို မတော်တဆသတ်မိသွားတဲ့အခါ၊ထင်မှတ်မထားတဲ့အဖြစ်ကြောင့် Freddy အဖေ ထောင်ထွက်လူမိုက်ကြီးက Richard Dane တို့မိသားစုကို လက်စားချေဖို့ကြံစည်လာတဲ့အခါ...Richard တယောက် ကြံရာမရဖြစ်ပြီး ရဲတပ်ဖွဲ့ကိုအကူအညီတောင်းပါတော့တယ်။ ဒါပေမဲ့ Freddy အဖေကိုရဲတွေက လူမသိသူမသိလုပ်ကြံဖို့ ကြိုးစားတဲ့အခါ ဒီနောက်ကွယ်မှာတော့ FBI ရဲ့ ဘယ်လိုပူးပေါင်းကြံစည်မှုတွေ၊လှည့်ကွက်တွေရှိနေတာလဲ။ Richard Dane တယောက်ဘယ်လိုလှည့်စားခံခဲ့ရတာလဲ။Richard က Freddy အဖေကိုကယ်ထုတ်ပြီးသူတို့နှစ်ယောက်ပူးပေါင်းလိုက်ကြတဲ့အခါ Freddy အစစ်ကိုရှာပုံတော်ဖွင့်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အစပိုင်းမှာရိုးရိုးရှင်းရှင်းစတင်ထားတယ်ဆိုပေမဲ့ နောက်ပိုင်းမှာတော့အထူးစုံထောက်ကြီး Johnson ကပါ ပူးပေါင်းပါဝင်လာတဲ့အခါရာဇဝတ်မှုအရှုပ်တော်ပုံကြီးကို တဆင့်ပြီးတဆင့် ဖော်ထုတ်သွားကြမှာဖြစ်ပါတယ်။ အချိန်ပေးပြီး ကြည့်ရကျိုးနပ်စေမယ့်မှုခင်းစုံထောက်ဇာတ်ကားကောင်းဖြစ်လို့ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.38GB / 656MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre …..Crime , Thriller Subtitle….Myanmar Subtitle (Hard ...
movie

Cold in July (2014)

The Believer (2001) 7.1
The Believer (2001) The Believer (2001)~ IMDb - 7.1/10, Rotten Tomatoes - 82% ~ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ ...
movie

The Believer (2001)

2001
Beach Rats (2017) 6.4
Beach Rats (2017) Beach Rats (2017) ==================== အသက်၁၉နှစ်ရှိပြီဖြစ်တဲ့ ဖရန်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာဘရွတ်ကလင်မြို့စွန်လေးမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူ့အဖေဟာ ကင်ဆာရောဂါနဲ့ အိပ်ရာပေါ်သေလုဆဲဆဲ လဲနေခဲ့တာကြောင့်သူဟာ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါး ဆေးကွဲပြီးအိမ်ကစိတ်ရှုပ်စရာတွေကို စိတ်ထွက်ပေါက်ပေးလေ့ရှိတဲ့သူပါ။ဒါပေမယ့် ညဘက်တွေမှာတော့ လိုင်းပေါ်က၀က်ဘ်ဆိုဒ်တွေမှာအသက်ကြီးကြီးယောက်ျားတွေကို ရှာကြည့်ပြီး စကားပြောတာ၊ ချိန်းတွေ့တာတွေ လုပ်လေ့ရှိပါတယ်။ဒါပေမယ့် သူ့ရဲ့လိင်စိတ်ခံယူချက်ကို သူကိုယ်တိုင်လက်မခံနိုင်တာကြောင့်ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းတွေကအစ မသိခဲ့ကြပါဘူး။ဒါတင်မက မီးရှုးပွဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ တွဲလိုက်ပါသေးတယ်။ဒီဇာတ်ကားဟာ ‌ဆေးစွဲပြီး လိင်စိတ်ခံယူချက်မပြတ်သားတဲ့လူငယ်တစ်ယောက်၊ ဘော်ဒါတွေကြားမှာ၊ ရည်းစားရဲ့အနားမှာသူ့ပြဿနာတွေကို တစ်ကိုယ်ရည်ဖြေရှင်းဖို့ ကြိုးစားနေတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အနားယူရင်းကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းပေးလိုက်ပါတယ်။မတော်တရော်လေးတွေ အနည်းငယ်ပါ၀င်တာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ File size…  2 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Beach Rats (2017)

2017