Channel Myanmar

Krista Marchand

Don’t Sell My Baby(2023) 6.7
Don’t Sell My Baby(2023) Don't Sell My Baby(2023)***********************စီနီယာအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ နီကိုလက်ဟာ သူငယ်ချင်းဖြစ်သူဘရွတ်ပျောက်ဆုံးသွားတဲ့ အတွက် လူပျောက်ကြေငြာလိုက်ကပ်ရင်း ရတက်မအေးဖြစ်နေရသူပါ။ ဒီပျောက်ဆုံးသွားတဲ့ သူငယ်ချင်းဖြစ်သူဟာ ကိုယ်ဝန်ဆောင်နေရသူဖြစ်ပြီး ငယ်ရွယ်သူတို့ထုံးစံအတိုင်းအနာဂတ်ဆိုတာလည်း မရေရာမသေချာသေးပါဘူး။ တစ်နေ့ကျတော့ ဒီသူငယ်ချင်းဖြစ်သူက နီကိုလက်ဆီကို ဖုန်းဆက်လာပြီး သူ့နောက်ကို လူတစ်ယောက်လိုက်နေကြောင်း၊ ကလေးကို ငွေပေးပြီး လိုချင်နေသူတွေရှိကြောင်းပြောပါတယ်။ နီကိုလက်ကလည်း အကူအညီအပေးနိုင်ဖို့ တစ်နေရာမှာ ချိန်းဆိုလိုက်ရင်းက သူငယ်ချင်းဖြစ်သူကားတိုက်ခံရပြီး ဆုံးပါးသွားတာမြင်လိုက်ရပါလေရော။ ဒါတွေဟာ တိုက်ဆိုင်မှုပဲလား၊ တမင်ကြံစည်မှုပဲလားဆိုတာ စုံစမ်းနေရင်းမှ နီကိုလက်ကိုယ်တိုင်မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရပါတယ်။ ဒီလိုနဲ့ နီကိုလက်တစ်ယောက် ဘဝအနာဂတ်ရေရေရာရာ မရှိသေးခင်ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်လေးတွေကို ပစ်မှတ်ထားတဲ့လူတွေဆီက ပြေးလွတ်နိုင်မလားဆိုတာကိုတော့...File Size : (1.5GB) and (574MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Don’t Sell My Baby(2023)

Moonfall (2022) 5.3
Moonfall (2022) Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie

Moonfall (2022)

2022