Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kristen MacCulloch
4.9
Sorry About the Demon (2023)
Sorry About the Demon (2023) =======================သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို ကြည့်နေရင်း တစ်ချိန်တည်းမှာပဲ ပြုံးတုံ့တုံ့အခိုက်အတန့်လေးတွေပါ ခံစားစေရမဲ့ ဇာတ်လမ်းမျိုး လိုက်ရှာ နေတယ်ဆိုရင်တော့ ဒီကားလေးက အသင့်တော်ဆုံးလို့ပဲ ပြောပါရစေ။ နောက်ပြီး အခုမှ လောလောလတ်လတ် ထွက်ရှိထားတာဆိုတော့ ကားအ သစ်မှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာပါ။ ဆိုးဝါးလှတဲ့ သွားတိုက်ဆေးကုမ္ပဏီတစ်ခုရဲ့ customer service နေရာမှာ အလုပ်လုပ်နေတဲ့ ဝဲလ် ဆိုတဲ့ ကောင်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ် ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ အေမီ ဆိုတဲ့ ကောင်မလေးတို့ကတော့ ချစ်သူစုံ တွဲတွေပါ။ဒီလိုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲ ကြမှုအပြီးမှာတော့ ဝဲလ်တစ်ယောက် နတ်ဆိုးတစ်ကောင်နဲ့ သရဲတွေ ပျော်မြူး နေတဲ့ အိမ်ကြီးတစ်အိမ်မှာ နေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ရောက်နေတဲ့ နတ်ဆိုးက ငရဲပြည်ကို ခေါ်သွားလို့ရမဲ့ ဝိညာဉ်တွေကို စုဆောင်း နေတဲ့ တအားကြမ်းတဲ့နတ်ဆိုးတစ်ကောင်ပါ။ ဒီတော့ နတ်ဆိုးတွေ သရဲတွေ ဝိညာဉ်တွေအများကြီးနဲ့ ကခုန်ရမဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ထင်မှတ်မထားတဲ့ အချိုးအကွေ့လေးတွေမှာလည်း ဘဝင်အေးရပါစေလိမ့်မယ်။ ...
movie
Sorry About the Demon (2023)
5.2
Motherly (2021)
Motherly (2021)=============2021 ထွက် Horror Movies အမျိုးအစားပါပဲ . ဇာတ်လမ်းအညွှန်းလေးပြောရရင်အသိမိတ်ဆွေတစ်ယောက်က အပြင်သွားစရာရှိလို့ ကိတ် အိမ်မှာ သူ့ကလေးကို ခဏလာအပ်ထားခဲ့ပါတယ်။ဖြစ်ချင်တော့ တူတူပုန်းတမ်း အတူဆော့ရာကနေ အဲ့ကလေးလေးက သေသွားခဲ့တယ်ပေါ့။သတ်လိုက်တဲ့သူကလည်း ကိတ်ရဲ့ ခင်ပွန်း ဖြစ်နေတယ်။အဖြစ်အပျက်တွေက ၂နှစ်လောက်ကြာသွားပေမယ့်လည်း ကိတ်အတွက်တော့ စိတ်ဒဏ်ရာတခုလိုဖြစ်နေခဲ့ပြီးလူသူမသိတဲ့နေရာမှာ သမီးလေးနဲ့အတူ ဘဝအသစ်စဖို့ကြိုးစားနေတဲ့အချိန်မှာ ထောင်ကျနေတဲ့ခင်ပွန်းဖြစ်သူကကိုယ့်ကိုယ်ကိုသတ်သေပြီးတော့ ကိတ်အတွက်စာတစ်စောင်ချန်ခဲ့ပါတယ်။ သူချန်ခဲ့တဲ့စာအဓိပ္ပါယ်က ဘာဖြစ်မှာလဲ????အသတ်ခံရတဲ့ကလေးရဲ့မိဘတွေကလည်း ကိတ်ကိုရှာတွေ့သွားပြီးတော့ အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားကြတယ်။ကိတ်ရဲ့သမီးလေး ဘက်ရဲ့ဘေးကင်းမှုနဲ့ အသတ်ခံလိုက်ရတဲ့ သူတို့သမီးအတွက် အမှန်တရားကိုသိဖို့အတွက် အလဲအလှယ်လုပ်ကြတဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ . . .နောက်ပြီး အချိန်ပေးရတာနဲ့တန်အောင် စိတ်ဝင်စားစရာကောင်းတာမို့ ဆက်လက်စောင့်ကြည့်ကြပါဦးနော်(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, Thet Hnin Hsuတို့ပဲဖြစ်ပါတယ်။) File Size - (1.4GB)/(850MB)/(460 MB) Quality – WEBRIP ...
movie
Motherly (2021)
2021
6.2
Psycho Goreman (2020)
Psycho Goreman (2020)===================IMDb Rating - 6.2/10 မနေ့ကမှ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi, Horror ဇာတ်ကားလေးပါ။သတ်တာဖြတ်တာတွေကတော့ ကြမ်းပါတယ်။ ဇာတ်လမ်းကလည်း ထူးဆန်းပါတယ်။ စကြဝဠာကိုဖျက်စီးမယ့် အမည်မဲ့မကောင်းဆိုးရွားကို ကမ္ဘာပေါ်က တစ်နေရာမှာ ပိတ်ထားတာကို မောင်နှမနှစ်ယောက်က မတော်တဆ သွားလွှတ်ပေးမိပြီး သူ့ကို ထိန်းချုပ်နိုင်တဲ့ကျောက်တုံးကိုရသွားပါတယ်။ကလေးမလေးက ခပ်ဆိုးဆိုးကိုမှ စကြဝဠာတစ်ခုလုံးကို ဖျက်စီးနိုင်တဲ့ စွမ်းအားရှိတဲ့သူကို ထိန်းချုပ်နိုင်တဲ့အစွမ်းရနေတော့ ဘာတွေဖြစ်ကုန်မလဲ စဉ်းစားသာကြည့်ပါတော့။ သူက အဲဒီမကောင်းဆိုးရွားကို PsychoGoreman(အတိုကောက် PG) လို့နာမည်ပေးထားပြီး သူစိတ်တိုင်းကျလျှောက်လုပ်နေပါတော့တယ်။ အမှောင်ရှိရင် အလင်းရှိသလို သူ့ကိုတားဆီးမယ့် Pandora လည်းရှိနေပါတယ်။ သူတို့တွေရဲ့တိုက်ပွဲက ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ ဇာတ်သိမ်းရော Theme ကပါ ပုံမှန်မဟုတ်တဲ့ကားတစ်ကားလို့ပြောလို့ရပါတယ်။အဲဒါနဲ့ ဒီကားကို Comedy အမျိုးအစားထဲမှာပါတယ်လို့လည်း သတ်မှတ်ထားတာကိုတွေ့ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို d3mon မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Jack, d3mon တို့ပဲဖြစ်ပါတယ်။) Quality ...
movie
Psycho Goreman (2020)