Channel Myanmar

Kristen Ruhlin

Whatever Works (2009) 7.1
Whatever Works (2009)  ဒီဇာတ်လမ်းလေးကတော့ လူ့အသိုင်းအဝိုင်းကို မုန်းတီးရှောင်ကြဥ်တဲ့လူလတ်ပိုင်းအရွယ် လူ့ဂွစာ ဉာဏ်ကြီးရှင်ကြီးနဲ့ လူ့လောကအကြောင်းဘာဆိုဘာမှမသိတဲ့ နှစ်ဆယ်ကျော်သက်အရွယ် ကောင်မလေးတို့ကြားကဇာတ်လမ်းလေးတစ်ပုဒ်ကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ...။ဒီလူ့ဂွစာကြီး ဘိုးရစ်ဆိုသူဟာ သာမန်မဟုတ်ဘူးဗျ၊ ရူပဗေဒပညာရပ်ထူးချွန်လို့နိုဘယ်ဆုတောင် လျာထားခံရဖူးသူ၊ ကွမ်တမ်ဗေဒလည်း တတ်ကျွမ်းနားလည်သူ၊လူတွေအကြောင်းသိတတ်နားလည်သူဖြစ်ပါတယ်...။အဲ့လောက်သိတတ်နေမှတော့ သာမန်လူတွေကိုဆိုရင် အပြစ်ပဲမြင်ပြီး အမုန်းကြီးမုန်းပြီပေါ့...။သူ့အတွက်ကတော့ လောကကြီးကို မုန်းတီးတယ်၊ အချစ်ဆိုတာလည်းမရှိသူ...ဘယ်သူဘာတွေပဲဆိုဆို အလုပ်ဖြစ်ရင်ပြီးရောဆိုပြီး "Whatever Works"ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားသူပါ...။တစ်နေ့ကျတော့ သူ့ဘဝထဲကို မယ်လိုဒီဆိုတဲ့ အလှမယ်လေးရောက်ချလာပါတယ်...။ဒီကောင်မလေးဟာ လူတွေအကြောင်းလည်းနားမလည်၊ ဘာမှမသိမတတ်နဲ့၊အလှမယ်ပြိုင်ပွဲတွေပဲဝင်ပြိုင်ခိုင်းလွန်းလို့ အိမ်ကထွက်ပြေးလာသူပါ...။ဘိုးရစ်ဆီလည်းရောက်တော့ အရာရာသိတတ်နားလည်သူဆိုပြီး အကြွေကြီးကြွေပြီး ချစ်မိတယ်ထင်ပါရဲ့...။ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးဇာတ်လမ်းလေးကဘာဆက်ဖြစ်ကြမလဲဆိုတာကို ရယ်စရာဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ....။စူပါမန်းမင်းသား Henry Cavillရဲ့ ငယ်မူ သရုပ်ဆောင်ဟန်လေးကို ခဏတာမြင်တွေ့နိုင်မယ့်ကားလေးလည်းဖြစ်ပါတယ်...။ File size…4.18GB / 1.03GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy ,  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Whatever Works (2009)

Welcome to Mercy (2018) 5.2
Welcome to Mercy (2018) အချစ်ဆိုတာ ဧဒင်ဥယျာဉ်ထဲက တားမြစ်ထားတဲ့ ပန်းသီးတစ်လုံးတဲ့။အာဒမ်နဲ့ ဧဝတို့ ပန်းသီးကိုစားမိကြလို့ အပြစ်ပေးခံရကြပါတယ်။အဲဒီကစပြီး လူသားနဲ့ချစ်ခြင်းတရားက ဒွန်တွဲနေလာကြပါရောလား။Welcome to Mercy (2018) ဆိုတဲ့ Triller အမျိုးအစားဇာတ်ကားလေးကတော့ တားမြစ်ခံထားရတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်း ရင်တုန်စရာတင်ဆက်ပေးထားပါတယ်။တစ်ကိုယ်တည်းအမေတစ်ယောက်ဖြစ်တဲ့ Mandaline ဟာ သူ့အဖေ နေမကောင်းတဲ့သတင်း စာရတဲ့အတွက် သမီးလေး Willow နဲ့အတူလာတွေ့ခဲ့ပါတယ်။မိဘအိမ်မှာ ခဏနေရင်း ခန္ဓာကိုယ်ပေါ်မှာ လက်ဝါးကပ်တိုင်မှာ ကပ်ဖို့ သံနဲ့ရိုက်ခံရသလို ဒဏ်ရာတွေပေါ်လာခဲ့တဲ့အတွက် ခရစ်ယာန်ဘုန်းကြီးတစ်ပါးနဲ့ သီလရှင်ကြီးတစ်ဦးတို့ဆီ အကူအညီရယူပြီး မြင်ရတဲ့အရာတွေ မမြင်ရတဲ့အရာတွေ အကြောင်း နားလည်လာအောင် ကြိုးစားခဲ့ပါတယ်။အရမ်းကြောက်စရာကောင်းတဲ့ဇာတ်ကားတစ်ကားမဟုတ်ပေမယ့် နောက်ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားအောင်ပြသွားနိုင်တယ်လို့ထင်ပါတယ်။နောက်ဆုံးမှာလည်း မထင်ထားတဲ့ လှည့်ကွက်တစ်ခုနဲ့ အဆုံးကိုဆွဲခေါ်သွားပြီး အဆုံးမှာ သို့လော သို့လောနဲ့ တွေးစရာတစ်ခုထပ်ပေးသွားပါသေးတယ်။ဒီသိပ်မကြောက်ရတဲ့ ကြောက်စရာဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 5.2 ရှိပါတယ်။ဒီဇာတ်ကားထဲက အကြိုက်ဆုံး စာသားလေးကတော့ "အချစ်ထက်သန့်ရှင်းစင်ကြယ်တာ ဘုရားသခင်ပဲရှိတယ်" ဆိုတဲ့ ...
movie

Welcome to Mercy (2018)

2018