Channel Myanmar

Krit Jeerapattananuwong

The Up Rank (2023)
The Up Rank (2023) The Up Rank (2023)ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ဂိမ်းကိုအရူးအမူးစွဲလမ်းကြတဲ့လူငယ်တွေလည်း အများကြီးရှိလာပါတယ်။ Rank မှ Rank ဖြစ်နေပြီး Rank ချင်းပြိုင်ရင် နိုင်ချင်ကြသူတွေလည်း အများကြီးပါပဲ။ ဒီထဲကမှ ယူဆိုတဲ့ကောင်လေးဟာ ဂိမ်းကို ထမင်းမေ့ဟင်းမေ့ အဖေနဲ့ရည်းစားကိုပါမေ့ပြီး အရူးအမူးဆော့တဲ့ Ace rank ID ပိုင်ရှင်‌ပါ။ တစ်နေ့မှာတော့ သူနဲ့ပွဲတစ်ပွဲမှာဆုံတဲ့အကောင့်တစ်ခုက ဂိမ်းဆော့ရင်းပိုက်ဆံရမယ်ဆိုတဲ့ စာပို့လာတဲ့အခါ ယူတစ်ယောက် သံသယလေးတစ်ဖက်နဲ့ စိတ်ဝင်စားလာပါတော့တယ်။ ဂိမ်းဆော့ရင်းပိုက်ဆံရပေမဲ့ ဂိမ်းစည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ rank တင်တဲ့အလုပ်... ဒီအလုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲ။ လောဘပေါ်လောဘဆင့်လာတဲ့ လူတွေရဲ့အငြိုးအာဃာတတွေ၊ ဆက်ဆံရေးတွေ ပျက်စီးလာရလောက်တဲ့အထိ ရူးသွပ်ကြပုံတွေ... စတာတွေကို IMDb 6.6 ရထားတဲ့ ဒီထိုင်းကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 30min Subtitle…. ...
movie

The Up Rank (2023)

Haunted Universities 2nd Semester (2022) 5.7
Haunted Universities 2nd Semester (2022) တက္ကသိုလ်တွေတိုင်းမှာ ကြောက်မက်ဖွယ်ရာ သရဲပုံပြင်တွေရှိကြသလို ဒီဇာတ်လမ်းမှာလည်း ကျောင်းသူကျောင်းသားတွေကြားမှာ ပြောလေ့ရှိတဲ့ သရဲဇာတ်လမ်းသုံးခုကို တင်ဆက်ထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Haunted Universities ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး သရဲတွေကို ​ကျောင်းတက်ရင်းမြင်နေရတဲ့ သူငယ်ချင်းနှစ်ယောက်၊ အထိမ်းအမှတ်နေ့မှာမှ သေဆုံးခဲ့ရပြီး စိတ်စွဲနေခဲ့တဲ့ဆေးကျောင်းသားလေး နဲ့ ကျောင်းမပြီးခဲ့လို့သေသွားခဲ့တဲ့စီနီယာ၊ နှလုံးဖောက်ပြီးသေဆုံးခဲ့ရတဲ့ ဆရာမ၊ ကချေသည်သရဲဆိုတဲ့ ရာဇဝင်တွေရှိတဲ့ အဆောက်အဦးဟောင်းကြီး အစရှိတဲ့သရဲပုံပြင်တွေထဲက ကြောက်မက်ဖွက်ရာသရဲဝိဥာဥ်တွေရဲ့ စွဲလမ်းမှုတွေကို ကြောက်စရာ သနားစရာအပြင် ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတဲ့ "Haunted Universities 2nd Semester" ကို ကြည့်ရှူကြရအောင် ။ထျန် အဖြစ် James Teeradon တျန် အဖြစ် Nana Sawanya မေ ဆာအဖြစ် Music Praewa တိုင် အဖြစ် Care Panisara ဂေါပ့် အဖြစ် Kit Krit မင် အဖြစ် Belle Kemisara( အညွှန်းရေးသားထားသူကတော့ Kyi Nue ...
movie

Haunted Universities 2nd Semester (2022)

Deep (2021) 5.2
Deep (2021) Deep (2021)မအိပ်ဘဲနဲ့ ပိုက်ဆံရမယ်ဆိုရင် ခင်ဗျားတို့ လုပ်မလား?အိပ်တဲ့အချိန်မှာ မယ်လာတိုနင် ဆိုတဲ့ ဟော်မုန်း ထွက်ပါတယ်။မအိပ်ဘဲ နေရင်တော့ ကြူရာတိုနင် ဆိုတဲ့ ဟော်မုန်း ထွက်လာပါတယ်။ဒါကို မိုက်ခရိုချစ်ပ် တစ်မျိုးကို သုံးပြီး ထုတ်ယူမှာပဲ ဖြစ်ပါတယ်။ဒါကို Deep Process လို့ ခေါ်ပြီး အဆင့် ၃ ဆင့် ပါဝင်ပါတယ်။ ၁ ဆင့်တက်တိုင်း ပိုက်ဆံထပ်တိုး ပေးတာမို့ အတော်လေး မက်လောက်စရာပါပဲ။ပိုက်ဆံရဖို့အတွက် လိုက်နာရမယ့် စည်းကမ်းချက်က တစ်ခုပဲ ရှ်ိပါတယ်။"အိပ်ပျော်မသွားဖို့" ပါပဲ။တစ်ခါအိပ်လိုက်မိရင် မနိုးသောအိပ်ခြင်း နဲ့ အိပ်စက်ရမှာပါ။ဒါပေမယ့် ကြာရှည်မအိပ်ရတဲ့လူတွေမှာလည်း မအိပ်စက်ရခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို ခံရတာပါပဲ။ဒါကို အစမ်းသပ်ခံလိုက်ရတဲ့ လူငယ် ၄ ယောက်အကြောင်းကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထာတာမို့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။အိပ်စက်ခြင်း နဲ့ မအိပ်စက်ရခြင်း လွန်ဆွဲမှုကြားမှာဒီ လူငယ် ၄ ယောက် ကျော်လွှားနိုင်ပါ့မလားဆိုတာကို ဆက်လက်ရှုစားရမှာပဲ ...
movie

Deep (2021)

2021