Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Krithi Shetty
7.9
Super 30 (2019)
IMDb Rating (7.9)ကားရိုက်နည်းတဲ့ လက်ပွားမင်းသား ခေါ် မင်းသားကြီး Hrithik Roshan ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဒရမ်မာရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံက သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။ဇာတ်လမ်းအညွှန်းမဖတ်ဘဲ ရုပ်ရှင်ကိုကြည့်တာကတော့ ပိုပြီး သင့်တော်ပါမယ်။ တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ စာမဖတ်ဘဲ ရှောင်နိုင်တာ အကောင်းဆုံးပါ။ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်ဖြင့်... နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် သူ့မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ဒါပေမယ့် ဆင်းရဲတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေဟာ ...
movie
Super 30 (2019)
2019
8.1
Custody (2023)
Custody(2023) IMDb 8.1/10 Forrest Gump ကို Remake ပြန်ရိုက်ထားတဲ့ Laal Singh Chaddha ထဲမှာ လေတအားပေါတဲ့ စွပ်ကျယ်ချုပ်တဲ့ဆရာကြီး ဘာလာရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ ရဲမှူခင်းဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်း လူနာတင်ကားအတွက် ဝန်ကြီးချုပ်ကားကိုတောင် တားပြီး လူနာတင်ကားကို လမ်းပေးရဲတဲ့ ရဲတပ်သားလေးရှီဗာတယောက် အချစ်ရေးနဲ့ အမှန်တရားကြားမှာ ဗျာများရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ အမှန်တရားဘက်ရပ်တည်တဲ့အခါ တလောကလုံးနဲ့ကိုယ်တစ်ယောက်တည်း ရင်ဆိုင်တိုက်ပွဲဝင်ရယုံသာမကရာဇဝတ်မှုကျူးလွန်တဲ့သူတွေကလည်း ဟိုလူနဲ့အပိုင် ဒီလူ့တပည့်ပါဆိုပြီး အကာအကွယ်တွေယူ လက်တစ်လုံးခြားတွေလုပ် ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို အမျိုးမျိုးဖိနှိပ်ကြနဲ့ အက်ရှင်ဒရာမာ တရားခွင်စုံနေအောင် ရသစုံခံစားရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယရဲကားကောင်းလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကလည်း သရုပ်ဆောင်ကောင်းကောင်း rating ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရသစုံခံစားရမှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Sai,chiclon3,Thaik San,Bpl,Yunni,Zwe တို့ပဲ ဖြစ်ပါတယ်) File size…10.5GB / 3.45GB / 1.4GB Quality…4k HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~chiclon3~Thaik San~Bpl~ Yunni~ Zwe ...
movie
Custody (2023)
2023
4K HEVC
4.9
Macherla Niyojakavargam (2022)
Macherla Niyojakavargam (2022)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ Check 2021 ထဲက တေလဂူမင်းသားချောလေးနဲ့ နီတင်နဲ့ Uppena 2021 ထဲက မင်းသမီးချောလေး ကရီတီးရှက်တီးတို့ရဲ့ကားလေးပဲဖြစ်ပါတယ်။မာချာလာဆိုတဲ့မြို့တစ်မြို့ရှိတယ် အဲ့ဒီမြို့မှာ နှစ်ပေါင်း ၃၀ကြာရွေးကောက်ပွဲကျင်းပခွင့်မပေးဘဲ လူမိုက်ကြီးရာဂျာပါဆိုသူက အုပ်စိုးနေတယ်။ သူနဲ့အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ ဇာတ်သိမ်းသွားရပြီး ဆန့်ကျင်တဲ့သူမှန်သမျှ ဇီဝိန်ချုပ်သွားရတယ်။ဆိဒ်ဒူဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ် ဘယ်သူဘာပြောပြော စိတ်ထဲရှိတာနဲ့ ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တတ်တဲ့ကောင်လေး..။ အစိုးရအရာရှိဝန်ထမ်းစာမေးပွဲဖြေထားပြီး တာဝန်ကျမယ့်နေရာကို စောင့်နေတဲ့ ကောင်လေးပါ။မထင်မှတ်ဘဲ မာချာလာမြို့မှာ သူ တာဝန်ကျလာတဲ့အခါမှာတော့...။နှစ် ၃၀ ကြာ အုပ်စိုးနေတဲ့ ခြင်္သေ့အိုကြီးနဲ့ သူ့နန်းကို ဖျက်သိမ်းမယ့် ခြင်္သေ့ငယ်လေးတို့ ထိပ်တိုက်တွေ့လာပါတော့မယ်။ကျန်တာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော် File size…3.6GB / 1.76GB Quality…1080p Telugu WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ
movie
Macherla Niyojakavargam (2022)
2022
6.4
Aa Ammayi Gurinchi Meeku Cheppali (2022)
Aa Ammayi Gurinchi Meeku CheppaliIMDb-6.4/10ဒီတစ်ခါ CM ပရိသတ်ကြီး ရှုစားရမှာကတော့ Uppena နဲ့ ပရိသတ်ရင်ထဲရောက်လာတဲ့ မင်းသမီးချောလေးပါ၀င်ထားတဲ့ အချစ်ဇာတ်ကားကောင်းလေးပါရိုက်သမျှ ကြော်ငြာတွေ တစ်နှစ်တည်း 6 ကြိမ် ဆက်တိုက်ပေါက်လာတဲ့ တက်သစ်စလူငယ်ဒါရိုက်တာ နာဗင်းတစ်ယောက် တစ်နေ့ သူ့ပရိုဂျူဆာအိမ်က အပြန် အမှိုက်ကားနဲ့တိုက်မိပြီး လွန်ခဲ့တဲ့ 6 နှစ်လောက်က ရိုက်ခဲ့ဟန်တူတဲ့ ဖလင်ဟောင်းလေး တစ်ခု ကောက်ရခဲ့တယ်ဖလင်ထဲမှာပါတဲ့ ကောင်မလေးရဲ့ ရုပ်ရည်နဲ့သရုပ်ဆောင်ကို ကြွေသွားပြီး သူ့ရဲ့ပွဲဦးထွက် ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးတင်ရိုက်ဖို့ လိုက်ရှာတော့တာပေါ့ဒါပေမယ့် ဖြစ်ချင်တော့ မင်းသမီးက ရုပ်ရှင်မရိုက်ဖူးတဲ့အပြင် ရုပ်ရှင်ကို တစ်ခါမှမကြည့်ဖူးတဲ့ မျက်စိဆရာ၀န်တစ်ယောက် ဖြစ်နေတယ် မင်းသမီးအပါအ၀င် မင်းသမီးရဲ့မိသားစုကပါ ရုပ်ရှင်ဆိုတဲ့ စကားကို မကြားချင်လောက်အောင် ခါးခါးသီးသီး မုန်းနေကြတယ်ရုပ်ရှင်ခါးခါးသီးသီးမုန်းတဲ့သူကို ခေါင်းဆောင်မင်းသမီး တင်ရိုက်နိုင်အောင် တက်သစ်စ ဒါရိုက်တာလေး ဘယ်လိုကြိုးစားမလဲ ရုပ်ရှင်မုန်းတဲ့သူက ဘယ်လိုလုပ် ဖလင်ထဲမှာ ပါနေတာလဲဆိုတော့ ပရိသတ်ကြီးပဲ ကြည့်ရှုခံစားကြည့်ပါတော့ File size…2.09GB / 924MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie
Aa Ammayi Gurinchi Meeku Cheppali (2022)
2022
5.4
The Warriorr (2022)
ဒီတစ်ခေါက်မှာတော့ Modern Love Hyderabad ထဲက မင်းသား အက်ဒ်ဟီနဲ့ Uppenaမင်းသမီးချော ကာရီသီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် IMDB မှာ 5.4 ရထားတဲ့ Action, Crime, Thriller အမျိုးအစားမို့ အက်ရှင်ကြိုက်တဲ့သူတွေအကြိုက်တွေ့မှာပါ။ဇာတ်လမ်းအကျဉ်း ရိုးရိုးသားသားနဲ့ကြိုးစားပြီးဖခင်ရဲ့ဆန္ဒပြည့်ဖို့ မိခင်ရဲ့လမ်းညွှန်မှုနဲ့ ဆေးပညာဘွဲ့ရအောင်ယူပြီး ကူအာနိုးဆေးရုံမှာ အလုပ်သင်ဆင်းဖို့ ဟိုင်ဒရာဘတ်က ကူအာနိုးကို ပြောင်းလာတဲ့ ဆရာဝန်လေး FM တစ်ခုမှာအလုပ်လုပ်ပြီး မဟာလက်ရှ်မီးရဲ့ဝီစီသံလို့ အမည်တွင်အောင် သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ပြီးထုတ်လွှင့်နေတဲ့ မိတဆိုးသမီးလေးတစ်ယောက်တို့ တိုက်ခန်းတစ်ခုမှာ ဆုံကြတဲ့နောက်.....ဆရာဝန်ဟူသည် ရန်သူပင်ဖြစ်လင့်ကစားကုပေးရမယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး ကုသမှုပေးတဲ့ဆရာဝန်လေးနဲ့ ကူအာနိုးမြို့ရဲ့ အဓိကရ ဂုရုဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံကြတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေနဲ့ ဇာတ်လမ်းဆက်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါ။ အက်ရှင်ကြမ်းကြမ်း သတ်ဖြတ်ခန်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေကို မိုးအေးအေးနဲ့ စီးမျောနိင်ကြပါစေဗျာ။ File size…11GB / 3.62GB / 1.7GB Quality…1080p True WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin ...
movie
The Warriorr (2022)
2022
4K HEVC Web-DL
7.0
Bangarraju (2022)
Bangarraju (2022)IMDb -7.1/10ဇာတ်လမ်းအကျဉ်း _ အရှင်ရှီဝဘုရားကျောင်းရဲ့ မြေအောက်ဘက်မှာတန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေရှိနေကြောင်းသိရှိသွားတဲ့ လူရမ်းကားတစ်စုဟာဒီရတနာတွေကိုသိမ်းပိုက်ဖို့ အကြံမျိုးစုံထုတ်နေပါတယ်....ဘန်ဂါရာဂျူးနဲ့ နာဂါ့လက်ချမီးတို့နှစ်ယောက်ကတော့ကံကြမ္မာဇာတာခွင်အရအရှင်ရှီဝနဲ့ ပါဗသီတို့ရဲ့ဇာတာခွင်နဲ့ကိုက်ညီစွာမွေးဖွားလာခဲ့သူတွေပါသူတို့နှစ်ယောက်သာ ယူဖြစ်သွားရင် ကောင်းချီးတွေပဲပေါကြွယ်ဝမယ်ပေါ့ဒါပေမယ့် မယူခင်အထိမှာတော့ များစွာတဲ့ ဘေးအန္တရာယ်တွေကိုကျော်ဖြတ်ရမယ့်ဇာတာကလည်းရှိနေပါတယ်ဘန်ဂါရာဂျူးကိုမွေးပြီးပြီးချင်းမှာပဲ မိခင်ဖြစ်သူသေဆုံးသွားခဲ့ပြီးအဖေဟာလည်း ဒီဖြစ်ရပ်ကိုမေ့ပစ်ဖို့အမေရိကန်ကိုထွက်သွားပါတော့တယ်သိပ်မကြာခင်မှာပဲ အဖွားဖြစ်သူပါဆုံးပါးသွားတာကြောင့်ဘုရားသခင်ဆိုတာကိုအယုံအကြည်မရှိတော့တဲ့ရာဂျူးနဲ့...နာဂါ့လက်ချမီးကတော့ အရာရာမှာဉီးဆောင်နိုင်စွမ်းရှိတဲ့မိန်းကလေးတစ်ယောက်ပါရွာသူကြီးလုပ်မယ်ဆိုပြီးရွာကိုတက်အုပ်ချုပ်နေတော့ မတည့်အတူနေ ရာဂျူးတစ်ယောက်နောက်ကွယ်ကနေလိုက်စောင့်ရှောက်ရပါတော့တယ်ဒီလိုနဲ့ ဘုရားပစ္စည်းခိုးဖို့ကြံနေတဲ့လူမိုက်တွေနဲ့ သူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါမှာတော့ ရာဂျူးတစ်ယောက်ဘယ်လိုအန္တရာယ်အခက်အခဲတွေနဲ့ရင်ဆိုင်ရပြီး ကာကွယ်သွားရမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တာကြောင့် အိန္ဒိယဇာတ်ကားကောင်းရှာဖွေနေသူတွေအဖို့ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုလက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni & Go-O & Allena & Haruko)ပဲဖြစ်ပါတယ် File size…1.6GB / 3.2GB Quality…720p AAC 2.0CH / 1080p AAC 2.0CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Allena & Haruko
movie
Bangarraju (2022)
2022
8.3
Shyam Singha Roy (2021)
Shyam Singha Roy (2021)ဒီတစ်ခါမှာတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက်IMDb 8.3ထိရရှိထားတဲ့ Netflixက ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်Vasu ဟာဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ကူးပြောင်းနေတဲ့လူငယ်တစ်ယောက်ပေါ့တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ရာ အရင်းနှီးထုတ်ပေးမယ့်သူနဲ့တွေ့တော့ရုပ်ရှင်အတွက်ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်ကူးခဲ့ပါတယ်။အဲ့ရုပ်ရှင်ကတော်တော်လေးပေါက်သွားပြီး အောင်မြင်လုဆဲဆဲဖြစ်နေတဲ့ချိန်မှာပဲမူပိုင်ခွင့်ပြဿနာနဲ့တရားစွဲခံရပါတော့တယ်။ကိုယ်တိုင်စိတ်ကူးစိတ်သန်းကနေရေးသားထားတဲ့ဇာတ်ညွှန်းကို ခိုးချပါတယ်ဆိုပြီးအစွပ်စွဲခံရတော့ အဖြေရှာဖို့ကြိုးစားတဲ့အချိန်မှာ အဲ့ဖြစ်ရပ် နောက်ကွယ်အမှန်တရားကအတိတ်ဘဝနဲ့ထူးဆန်းစွာ ဆက်နွယ်နေမှန်းသိလိုက်ရတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို့ ခုပဲဒေါင်းပြီးကြည့်ကြဖို့အကြံပေးပါရစေ..... File size…2.3Gb / 1.2GB Quality…1080p True WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Allena & Eliza & Haruko
movie
Shyam Singha Roy (2021)
2021
6.8
Uppena(2021)
Uppena 2021 -------------------- IMDB Rating 6.9/10Action / Drama / Romanceတေလဂူးလ်ကားတွေထဲ အချစ်ကားဆို သိပ်မကြိုက်ပေမယ့် ဒီကားလေးကတော့ အတော်လေး သဘောကျစရာကောင်းတယ်လို့ပဲ ပြောရမှာပေါ့. ဇာတ်လမ်းအစမှာ ကြည်နူးဖွယ်ဇာတ်ဝင်ခန်းတွေ အလယ်လောက်မှာတော့ ခံပြင်းစရာဇာတ်ဝင်ခန်းမျိုးနဲ့ ဇာတ်လမ်းအဆုံးမှာတော့ မထင်မှတ်ထားတဲ့ အချိုးအကွေ့နဲ ဆွဲဆောင်သွားမယ့် ဇာတ်အိမ်မျိုးနဲ့ ရိုက်ကူးထားပါတယ်. မျိုးရိုးမတူတဲ့ လူငယ်နှစ်ယောက်ကြားက မေတ္တာရယ် မျိုးရိုးဇာတ်ဆိုတာကြီးကို သိပ်ကို ပြင်းထန်စွာ ခံယူထားတဲ့ ရာယာနမ်ဆိုတဲ့ လူကြီးရဲ့ အတ္တတရားကို အိုဗာအက်တင်သိပ်မပါပဲ ကြည့်ရမယ့်ကားမျိုးပေါ့. ကုလားပြည်မှာက မျိုးရိုးဇာတ်ခွဲခြားမှုတွေ သိပ်ကိုပြင်းထန်ခဲ့တာပေါ့ဗျာ. လူလူချင်းတူပေမယ့် မျိုးရိုးဇာတ်နိမ့်သူက ပညာတက်ဖြစ်ရင်တောင် အဖတ်မလုပ် မတူမတန်ရွံစရာသလို ဆက်ဆံခံရတဲ့ အန္ဒိယပြည့်ရဲ့ အရိပ်မည်းကြီးကို ဒီကားက အခြေပြု ရိုက်ကူးထားပါတယ်.ဇာတ်လမ်းအကျဉ်း ----------------- ရာယာနမ်ဆိုတဲ့ လူကြီးက ရွာရဲ့မျက်နှာဖုံး မျိုးရိုးဇာတ်အမြင့်ကိုမှ လူလို့ထင်တဲ့လူ. သမီးဖြစ်သူကို ကောလိပ်တတ်ဖို့ ရွာကို မြို့ကောလိပ်က ဘတ်စ်ကားကိုပါ လာခေါ်ခိုင်းနိုင်ပြီး တရွာလုံးကလူတွေကို သေဆိုသေရှင်ဆိုရှင်စေနိုင်တဲ့ထိ အာဏာဆက်ပြင်းတဲ့လူကြီး. သမီးဖြစ်သူ ဆဂီးသာကတော့ ဖြူစင်တဲ့ကောင်မလေးပေါ့. သူမ အဖေရာယာနမ်က သူ့ကိုသိပ်ဂရုမစိုက်ဘူးခံစားရလို့ အားကိုးရမယ့် ချစ်သူကို ရှာဖွေနေသူပါ. တနေ့တော့ မထင်မှတ်ပဲ သူ့ကျောင်းအပြန်လမ်းက ရန်ပွဲမှာ သူ့ရင်ခုန်ရာ ကောင်လေးကိုရှာတွေ့ခဲ့ပါတယ်. ကောင်လေးက သူတို့ရွာနားက ကမ်းစပ်မှာ နေထိုင်စားသောက်ပြီး တံငါသည်လုပ်ငန်းနဲ့ အသက်မွေးရတဲ့ ဆင်းရဲသားမျိုးရိုးဇာတ်နိမ့်သူ. ဒါပေမယ့် ...
movie
Uppena(2021)