Channel Myanmar

Kun Li

Fantasy Mission Force (1983)
Fantasy Mission Force (1983)   သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းပါဝင်တဲ့ ဒီဇာတ်ကားကတော့ ဂျပန်မဲ့ တရုတ်စစ်တွင်းကာလကို နောက်ခံပြုထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။တိုက်ပွဲတစ်ပွဲမှာ ဂျပန်တွေက တရုတ်ဘက်က ခေါင်းဆောင် ၄ ယောက်ကို ဖမ်းခေါ်သွားခဲ့တယ်။ ဒီသတင်းပြန့်သွားရင် တပ်သားတွေ စိတ်ဓာတ်ကျကုန်မှာစိုးလို့ဆိုပြီး အဖွဲ့သစ်တစ်ဖွဲ့ ဖွဲ့ပြီး ၄ ရက်အတွင်း ခေါင်းဆောင်တွေကို ပြန်ခေါ်လာခိုင်းတယ်။ အဲ့အဖွဲ့မှာဆိုရင်တော့ သူခိုးလောင်စွန်း၊ ထွက်ပြေးချန်ပီယံ၊ ကလိမ်ကကျစ်သမားနဲ့ သူ့ရည်းစားဟောင်း၊ လက်ဝှေ့သမားနဲ့ သူ့ပါတနာတွေ ပါတယ်။ ပိုက်ဆံရမယ်ဆို ဘာမဆို လုပ်မယ်ဆိုတဲ့ အဖွဲ့တွေပေါ့။ပရမ်းပတာ အဖွဲ့ဖြစ်တဲ့ သူတို့တွေ အလွဲလွဲအချော်ချော်တွေကြားထဲက မစ်ရှင်ကို ဘယ်လို ကျေပွန်အောင် ဆောင်ရွက်ကြမလဲ ဟာသနှောပြီး ကြည့်ရမဲ့ Comedy, Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့တွေ တကယ်ပဲ မစ်ရှင်ကို အောင်မြင်နိုင်ပါ့မလား၊ ကိစ္စက သူတို့ထင်ခဲ့သလို ရိုးရှင်းမနေခဲ့မှန်း သိလိုက်ရတဲ့အချိန်မှာ တကယ့် final boss က ...
movie

Fantasy Mission Force (1983)

Spiritual Kung Fu (1978) 5.7
Spiritual Kung Fu (1978)  ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီ‌လောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။ဒီလိုနဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ File size…(2GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
movie

Spiritual Kung Fu (1978)

Fearless Hyena (1979) 6.6
Fearless Hyena (1979)   ချန်းလုံဆိုတဲ့ လူငယ်လေးဟာ အဘိုးနဲ့အတူ တစ်ရွာပြီးတစ်ရွာ ရွှေ့ပြောင်းနေထိုင်ရင်း ရရာအလုပ်လုပ်ပြီး ဘဝကို ပျော်အောင်ဖြတ်သန်းနေတဲ့လူငယ်လေးဖြစ်ပါတယ်။ အဖိုးဖြစ်သူသင်ကြားပေးတဲ့ ကွန်ဖူးသိုင်းပညာကို ကြိုးစားလေ့ကျင့်ပြီး ပြဿနာပဲရှာနေတတ်တဲ့လူငယ်လေးရဲ့ အရည်အချင်းတွေကို အမြတ်ထုတ်မယ့် လူတစ်စုနဲ့ ဆုံတွေ့လာပါတော့တယ်။ကလိမ်ကကျစ်ကျတတ်တဲ့ လူတစ်စုစီ ရောက်သွားတဲ့ သူကရော ဘာတွေတွေ့ကြုံရမလဲ၊ အဖိုးက စည်းကမ်းတွေတားမြစ်ထားတာ ဘာကြောင့်များလဲ၊စည်းကမ်းတွေ မလိုက်နာခဲ့တဲ့ အကျိုးဆက်ကို ချန်းလုံတစ်ယောက် တွေ့ကြုံလာရတဲ့အခါမှာတော့ …comedy actionအမျိုးအစားဖြစ်တာကြောင့် ရယ်ရယ်မောမောကြည့်ရမယ့်အပြင် ဟောင်ကောင်မင်းသားကြီး Jackie Chanရဲ့ အသက်၂၀ကျော် ကာလအပိုင်းအခြားမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် old but goldလို့ အပြည့်အဝဆိုနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရိုးရာသိုင်းပညာကားတွေကို လွမ်းနေတဲ့သူတွေအတွက်လည်း ဟာသနှောထားပေမယ့် သိုင်းပညာဘက်မှာလည်း မလျှော့ထားတဲ့ The Fearless Hyena (1979) ကိုကြည့်ပြီး ဘဝအမောပြေနိုင်တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ်  File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p ...
movie

Fearless Hyena (1979)