Channel Myanmar

Kunal Nayyar

How to Date Billy Walsh (2024) 5.6
How to Date Billy Walsh (2024)  ဒီဇာတ်ကားလေးကတော့အထက်တန်းကျောင်းနောက်ခံအချစ်ဟာသဒရာမကားလေးတစ်ကားဖြစ်ပါတယ်။အာချီနဲ့မီလီဟာတစ်ဆေးရုံတည်းမွေးပြီးမိဘချင်းသာမကခွေးတွေချင်းပါရင်နှီးနေတဲ့အထိခင်မင်ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ အာချီကမီလီကိုငယ်ငယ်ကနေကြိတ်ချစ်လာခဲ့ပေမဲ့ဖွင့်မပြောနိုင်တာတော့အထက်တန်းနောက်ဆုံးနှစ်အထိပါပဲ။ဒီလိုနဲ့တစ်ရက်မှာတော့အာချီတစ်ယောက်သေချာအစီစဉ်ချပြီးမီလီဖွင့်ပြောဖို့ကြံပါတယ်။အဲဒီနေ့မှာပဲသူတို့ကျောင်းကိုဘီလီဝါ့ရှ်ဆိုတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပါတယ်။ဘီလီကိုမီလီကလည်းအဲဒီနေ့မှာတင်ကြွေသွားပါတော့တယ်။ဒီတော့အာချီကပဲသူငယ်ချင်းကနေချစ်သူအဆင့်တက်သွားနိုင်မလားအသည်းကွဲပဲကျန်ခဲ့ရမလားကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါရှင့်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by May Khant
movie

How to Date Billy Walsh (2024)

Spaceman (2024)
Spaceman (2024)  Adam Sandler ကြီးရဲ့ Netflix ရုပ်ရှင်အသစ်ပါ...ဒီကားမှာတော့ ပုံမှန်မြင်နေကြ ဇာတ်ကောင်မျိုးမဟုတ်ဘဲ အာကာသယာဉ်မှူးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ် ချက်ဇ်သမ္မတနိုင်ငံကိုယ်စားပြု အာကာသခရီးစဉ်မှာ ရွေးချယ်ခံခဲ့ရတဲ့ ယာကိုခေါ် Adam Sandler ဟာ ချော်ပရာတိမ်တိုက်တွေရှိရာ စကြဝဠာထဲကို တစ်ကိုယ်တော်တစ်နှစ် အာကာသခရီးစဉ်ထွက်လာပါတယ်ချော်ပရာခရမ်းရောင်တိမ်တိုက်တွေဟာ ယာကိုတို့နိုင်ငံရဲ့ ကောင်းကင်ကို ဖုံးလွှမ်းနေတာ ၄ နှစ်လောက်ရှိနေတဲံအတွက် ဒီပြဿနာကိုအဖြေရှာဖို့အတွက် ယာကိုကို လွှတ်လိုက်တာဖြစ်ပါတယ်ယာကိုလည်း ခရီးစဉ်ထွက်လာပြီး ၆ လအကြာ ဂျူပီတာဂြိုလ်ိကို ကျော်လွန်အပြီးမှာ တိမ်တိုက်တွေနဲ့နီးစပ်လာပါတယ် အဲ့ဒီမှာ စကြဝဠာကြီးအစထဲကရှိခဲ့တဲ့ ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်နဲ့ တွေ့ဆုံလိုက်ရပါတယ်ဒီသတ္တဝါကြီးက ယာကိုဒီတိမ်တိုက်တွေကိုရဖို့ ကူညီပြီး ယာကိုတို့ လူသားမျိုးနွယ်တွေကို စောင့်ကြည့်လေ့လာနေတာဖြစ်ပါတယ် သတ္တဝါကြီးရဲ့အကူညီနဲ့ ချော်ပရာတိမ်တိုက်တွေကို စုဆောင်းဖို့လာတဲ့ယာကိုဟာ စကြဝဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကိုပါ သိရှိသွားတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.4 GB)/(818 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Science Fiction, ...
movie

Spaceman (2024)

Ice Age: Continental Drift (2012) 6.5
Ice Age: Continental Drift (2012) ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size…  ...
movie

Ice Age: Continental Drift (2012)

2012
4K HEVCHDR
Trolls Band Together (2023)
Trolls Band Together (2023) Trolls Band Together (2023)နာမည်ကျော် ဂီတကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Trolls မှင်စာလေးများ ကာတွန်း သုံးကားမြောက်လာပါပြီ။ပထမနှစ်ကားကတော့ Trolls 2016, Trolls World Tour 2020 တို့ပါပဲ။ အသံသရုပ်ဆောင်အနေနဲ့လည်း ဂျက်စတင်တင်ဘာလိတ် နဲ့ အန်နာ ကန်းဒရစ်တို့ပဲ ပါဝင်ပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ Trolls မှာ မိသားစုတွေပိုမြိုင်ဆိုင်သွားအောင် ဘရန့်ရဲ့ ငယ်ငယ်ကကွဲသွားတဲ့ အစ်ကိုတွေ ပြန်ပါဝင်လာပါတယ်။ ဘရန့်ဟာ ဘရိုဇုံဆိုတဲ့ ညီအစ်ကိုတွေနဲ့ဖွဲ့ထားတဲ့ ယောကျာ်းလေး အဆိုတော်အဖွဲ့တစ်ခုက အငယ်ဆုံးညီလေးဖြစ်ခဲ့ပါတယ်။တစ်နေ့မှာတော့ သဘောထားမတိုက်ဆိုင်မှုတစ်ခုကြောင့် ညီအစ်ကိုတွေအကုန် တစ်လမ်းစီထွက်သွားခဲ့ပြီး ဘရန့်ကိုတော့ အဘွားနဲ့ ထားခဲ့ကြပါတယ်။ နှစ် ၂၀ နီးပါး အဆက်အသွယ်မလုပ်တော့တဲ့ အစ်ကိုတွေကို စိတ်နာနေပေမဲ့ တစ်နေ့မှာတော့ အကြီးဆုံးအစ်ကိုဂျွန်ကလာပြီး အစ်ကိုလတ်ဖြစ်သူ ဖလွိုက်ကို မသမာသူနှစ်ယောက်က ဖမ်းထားတဲ့အကြောင်းနဲ့ သူ့ကိုကယ်နိုင်ဖို့ ညီအစ်ကိုတွေအားလုံး ပြန်စုဖို့လိုကြောင်း ပြောလာတဲ့အခါ....File size…(5GB) ...
movie

Trolls Band Together (2023)

Trolls World Tour (2020) 7.3
Trolls World Tour (2020) Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို မှတ်မိကြသေးလားမသိဘူး။ သီချင်းလေးတွေ လှလှပပလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးလေ။ အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။ ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့ ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။ အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။ အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ် အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။ ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊ ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။ ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ် ဂီတတစ်ခုတည်းအောက်မှာ အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။ ဇတ်လမ်းကလည်း အတော်ကောင်းတာမို့ အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
movie

Trolls World Tour (2020)