Channel Myanmar

Kusha Kapila

Thank You For Coming (2023) 5.8
Thank You For Coming (2023) Thank You For Coming (2023) "အလိုမကျတဲ့ အပျိုကြီးမမ" IMDb-5.8/10အရှေးကူးမားရဲ့ Toilet ၊ Pati Patni Aur Wohတို့နဲ့ နာမည်ကြီးလာတာတဲ့ လုံးကြီးပေါက်လှ အကိတ်မင်းသမီးလေး ဘူမီး ပဒ်နေကရ်ရဲ့ လူကြီးဟာသ ဇာတ်လမ်းတစ်ပုဒ်...။နတ်သမီးပုံပြင်လေးတွေကို သဘောကျတဲ့မိန်းကလေးတွေထဲမှာ ကာနီကာကထိပ်ဆုံးက။ ကာနီကာတစ်ယောက်ဟာ မိခင်ဆရာဝန်ရဲ့အိမ်မှာပဲဖွင့်ထားတဲ့ဆေးခန်းကိုအမှီပြုပြီး ကလေးအရွယ်ထက်ပိုသာလွန်တဲ့ အသိတွေသိနေတာပေါ့ သိတဲ့အသိတွေကို မျိုသိပ်မထားနိုင်ဘဲ ကျောင်းကပွဲမှာ လူသိရှင်ကြားထုတ်ပြောမိရာက ကျောင်းရဲ့အကြဉ်ခံလေး ကာနီကာဖြစ်လာတော့တယ် ဒီအသိတွေက ဆယ်ကျော်သက်စူးစမ်းတတ်ချိန်ရောက်တဲ့အခါမှာတော့ လက်တည့်စမ်းပါတော့တယ်နှလုံးသားအလိုဆန္ဒ အချစ်စစ်နဲ့ ညာဘက်လူလိုချင်တာက တစ်ဖက် ၊ ငယ်ငယ်တည်းကရလာတဲ့အသိတွေနဲ့ သွေးသားဆန္ဒတောင့်တမှုတွေတစ်ဖက်နဲ့ ၁၆ နှစ်မှာ ရည်းစားထား ၁၈ နှစ်မှာ အတွေ့အကြုံအသစ်ကို အရယူပါတော့တယ် ။နှလုံးသားရောသွေးသားဆန္ဒပါ မပြည့်ဝတဲ့ ကာနီကာတစ်ယောက် ညာဘက်လူကိုရှာမတွေ့ဘဲ ရည်းစားများရင်းသာ အသက် ၃၂ နှစ်ပြည့်မွေးနေ့ရောက်လာခဲ့တယ် လက်တွဲဖော်အသီးသီးနဲ့ပျော်နေတဲ့ သူငယ်ချင်းတွေကြား ခပ်မိုက်မိုက်အလှနဲ့ကာနီကာတစ်ယောက် ညာဘက်လူကိုရှာတွေ့သွားနိုင်မလားဆိုတာ.... ပွင့်လင်းမြင်သာလွန်းတဲ့ ဒိုင်ယာလော့ခ်တွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ...
movie

Thank You For Coming (2023)

2023
Sukhee (2023) 7.3
Sukhee (2023) Sukhee 2023("ဒေလီက နုပျိုခဲ့သောနေ့ရက်များ") ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.14GB / 971MB Quality…1080p WEB DL ...
movie

Sukhee (2023)

2023
Selfiee (2023) 6.0
Selfiee (2023) Selfiee 2023 IMDb 6/10ဒီနှစ်ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ရုံတင်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ အာရှေးရဲ့ ဟာသ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်မှာ ဘောလိဝုဒ်စတား ဗီဂျေးကူးမားအဖြစ် Akshay ပြီးတော့ ဇနီးအနေနဲ့ Diana နောက်ထပ် RTO officer အနေနဲ့ Emraan Hashmi ပေါ့။ ဒီလိုမင်းသားကြီး ၂ လက် နဲ့ မင်းသမီးတစ်လက် အပြိုင်အဆိုင်ကြဲကြမယ့် ရုပ်ရှင်ဆိုပါတော့။ 2019 တုန်းကထွက်ရှိထားတဲ့ Driving License ကို Remake ပြန်ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ငွေ 23.63 ကုဋေရရှိထားပါတယ်။ A list- Cast တွေနဲ့တင် အတော်ကြည့်ရတန်နေပြီမို့ ဇာတ်လမ်းအကျဥ်းကိုလည်းဆက်ဖတ်ကြည့်ကြတာပေါ့။RTO officer အဂရာဗာလ်က ဗီဂျေးရဲ့အမာခံပရိတ်သတ်ပါ။ ဗီဂျေးက ဘိုပါလ်ဆိုတဲ့မြို့မှာ ရိုက်ကူးရေးသွားလုပ်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဥ်မောင်းလိုင်စင်လိုလာတယ်ဆိုပါတော့။ အဲဒီလိုအကြောင်းဖန်ရင်း ဗီဂျေးနဲ့ အဂရာဗာလ်တို့စတွေ့ကြတာက မထင်မှတ်ထားတဲ့ အထင်လွဲမှုတွေနဲ့ ပြဿနာတွေကြောင့် ၂ ယောက်လုံးဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ အနုပညာရှင်အလုပ်ကို ဆုံးရှုံးရနိုင်ပြီး ချောက်ကမ်းပါးအစွန်းမှာရပ်နေရတဲ့ ဗီဂျေး၊အကြိုက်ဆုံး ...
movie

Selfiee (2023)

2023
4K HEVC
Plan A Plan B (2022) 6.8
Plan A Plan B (2022) Plan A Plan B (2022)အခုတစ်ခါထွက်ရှိထားတဲ့ ကားလေးကတော့ မင်းသားရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီးချောလေး တမန်နားဘာတီယားတို့ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...တစ်ယောက်က ကွာရှင်းပြတ်စဲပေးတဲ့ ရှေ့နေလေး ကော်စီ...နောက်တစ်ယောက်က အောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ထောင်ရေးအေဂျင်စီမလေး နီရာလီ...ကော်စီက အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တယ် လက်ရှိအိမ်ထောင်ရေးအဆင်မပြေဘူးနီရာလီကတော့ ညှင်သာနူးညံ့လွန်းပြီး သူ့ကိုဖြတ်သွားတဲ့ ရည်းစားကို မမေ့နိုင်သေးတဲ့ ကောင်မလေး...အလုပ်မတူ စာရိတ္တချင်းမတူ စိတ်ဓါတ်မချင်းမတူတဲ့ ဒီလူနှစ်ယောက်ဟာ အဆောက်အဦးတစ်ခုထဲက ဘေးချင်းကပ်အခန်းမှာ ရုံးခန်းကိုယ်စီထိုင်ဖြစ်ကြတဲ့အခါ...သူတို့တွေ ကြောင်နဲ့ကြွက်လိုမျိုး ဘယ်လိုရန်ဖြစ်ကြမလဲ...တလွဲဟာသလေးတွေနဲ့ ဘယ်လိုတွေခွီရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်...အချစ်ဆိုတာက ဆန်းကြယ်တယ်လို့ ပြောစမှတ်တွင်ခဲ့ကြသလိုမျိုးပဲ သူတို့နှစ်ဦးကိုယ်စီကြားမှာ သံယောဇဉ်တွေ ရှိလာနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော် File size…1.8GB /  841MB Quality…1080p NF WEBDL AAC5.1CH / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & BpL & Taylor
movie

Plan A Plan B (2022)

2022
Ghost Stories (2019)
Ghost Stories (2019) Ghost Stories (2019) ================#Unicodeဒီရုပ်ရှင်က ဘာနဲ့ တူလဲဆိုတော့ထိုင်းမှာ နာမည်ကြီးတဲ့ 3AM လိုပဲ3AM က သရဲပုံပြင်တွေကို ရုပ်ရှင်အဖြစ်ရိုက်ပြီး အပိုင်းတိုလေးတွေ စုထားတဲ့ ရုပ်ရှင်ပါထိုင်းရဲ့ 3AM က Jump Scare တွေ အရမ်းများတယ်သေချာလေး မိတ်ကပ်ရော ကွန်ပြုတာ Effect ရောသေချာလုပ်တဲ့ အပြင် ဇတ်လမ်းတွေက အတော်စိတ်ဝင်စားစရာကောင်းပြီး ဇတ်ဝင်ခန်းတွေ ရဲ့တီးလုံးသံတွေကြောင့် ပိုအသက်ဝင်တယ်...အခု India က Ghost Stories ဆိုပြီး ရိုက်ချလာတယ်IMDb ကတော့ 4 ပဲ ရှိတာက မကောင်းတဲ့ အငွေ့အသက်လေးလဲရတာပေါ့...ဒါပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့ အခါတွေးစရာလေးတွေ ပေးတယ်အရမ်းကြောက်ရလား ဆိုတော့လဲ မဟုတ်ပြန်ဘူးသူက တွေးစရာတွေပဲ ပေးတယ်...ဘယ်လိုမျိုးလဲ ဆိုတော့ သတိုးတေဇ ၀တ္တုဖတ်ရသလိုတကယ်မရှိတာတွေက တကယ်ရှိပြီး တကယ်ရှိတာတွေကတကယ်မရှိတာမျိုးတွေတကယ်တမ်း India က ဒီထက် ပိုလုပ်နိုင်သေးတယ်Jump Scare ...
movie

Ghost Stories (2019)

2019