Channel Myanmar

Kwon Hyeok-Pung

The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)

Memories of Murder (2003) 8.1
Memories of Murder (2003) IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie

Memories of Murder (2003)

2003
Barking Dogs Never Bite (2000) 7.0
Barking Dogs Never Bite (2000) [Unicode]Barking Dogs Never Bites (2000)IMDb rating - 7/10ဒီကားကတော့၂၀၀၀ပြည့်နှစ်မှာထွက်ရှိခဲ့တဲ့ Dark comedy filmအမျိုးအစားဖြစ်ပါတယ်။ "ယွန်းဂျူ "က အလုပ်မရှိတဲ့ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး တိုက်ခန်းတွဲတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်သူ့မိန်းမနဲ့ အတူနေထိုင်ပါတယ်။ ယွန်းဂျူက တက္ကသိုလ်ပါမောက္ခရာထူးကိုရဖို့အတွက် အသည်းအသန်ကြိုးစားနေရသူပါ။အလုပ်ရဖို့စိတ်ရှုပ်နေရတဲ့အချိန်မှာ ခွေးဟောင်သံကိုခဏခဏကြားရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာပါတယ်။ ဟောင်သံပိုင်ရှင်ကိုလိုက်ရှာရင်း ရှီဇူးခွေးတစ်ကောင်ကိုတွေ့တော့ အဲဒီခွေးပဲလို့ထင်ကာ ဖမ်းပြီးခေါင်မိုးပေါ်ကနေလွှတ်ချဖို့ကြံပါတယ်။ ဒါပေမဲ့ မအောင်မြင်တာကြောင့် မြေအောက်ခန်းထဲက ဘီရိုထဲမှာသော့ခတ်ထားခဲ့ပါတယ်။ အဲဒီခွေးကို အစောင့်တစ်ယောက်က သတ်ပြီး ချက်ပြုတ်စားလိုက်တာကိုလည်း မထင်မှ တ်ဘဲတွေ့လိုက်ရပါတယ်။ဒီလိုနဲ့သူတို့တိုက်မှာ ခွေးတွေတစ်ကောင်ပြီးတစ်ကောင်ပျောက်လာပါတယ်။"ဟွန်းနမ်"ကတော့ တိုက်ခန်းကြီးကြပ်ရေးရုံးက အတွင်းရေးမှုးတစ်ယောက်ပါ။ ခွေးပျောက်ကြော်ငြာတွေကပ်ဖို့ သူတို့ရုံးမှာ ခွင့်ပြုချက်လာတောင်းတာများလာတာကို သူလည်းသတိထားမိလာပါတယ်။တစ်နေ့ကျတော့ ဟွန်းနမ်က အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်နေတုန်း လူတစ်ယောက်ကခွေးကိုခေါင်မိုးထပ်ကနေပစ်ချလိုက်တာကိုမြင်ပြီး လိုက်ဖမ်းဖို့ကြိုးစားပေမဲ့ မမိခဲ့ပါဘူး။ ခွေးပျောက်ကြော်ငြာတွေကပ်ပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း ခွေးတွေကဆက်ပျောက်နေဆဲပါပဲ။ခွေးတွေကဘာကြောင့်ပျောက်နေရတာလဲ။ အလုပ်မရှိလို့ စိတ်ညစ်နေတဲ့ယွန်းဂျူက ခွေးသတ်ရတာကိုသဘောကျပြီး ဆက်တိုက်သတ်နေတာလား။ အစောင့်က ခွေးသားစားဖို့အတွက်သတ်တာလား။ ဘယ်လိုအကြောင်းကြောင့်လဲဆိုတာကို ဇာတ်ကားထဲမှာဆက်လက်ရှုစားနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie

Barking Dogs Never Bite (2000)

HEVC 1080p 5.1