Channel Myanmar

Kyle Butenhoff

Laced (2023) 5.1
Laced (2023)  ဒီရုပ်ရှင်က တစ်ကားလုံးကို လူလေးယောက်နဲ့ အိမ်တစ်အိမ်ထဲမှာပဲ ရိုက်ထားပါတယ်။Charlie နဲ့ Molly နဲ့က မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို အသက်ဆက်နေကြတာပါ။ Mollyကတော့ Charlieကို ပိုပြီး မုန်းတီးလို့နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ယောကျ်ားစားမယ့် ညစာထဲကို အဆိပ်ခတ်သတ်ဖို့ စီစဉ်ခဲ့တာပါ။ သူ့အကြံက သူတစ်ယောက်ထဲ စီစဉ်ထားတာလား? သူ့ကို ကူညီပေးနေတဲ့ ဖုန်းထဲက အမျိုးသမီးရှိပါတယ်။ဇာတ်လမ်းအစမှာ Mollyက အဆိတ်ခတ်ထားတဲ့ ညစာကို ပြင်ဆင်လို့နေပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ Charlieကတော့ ဘောလုံးပွဲကို အားကြိုးမာန်တက် ကြည့်နေတာပါ။ ကြည့်ရင်းနဲ့ ယောက်ဖဖြစ်သူကိုပါ ဖုန်းလှမ်းခေါ်လိုက်ပါသေးတယ်။ နှင်းမုန်တိုင်းထန်နေတဲ့အချိန်မှာ Mollyရဲ့ မောင်အရင်း Austinကလည်း သူတို့ အိမ်ကို ဦးတည်လာနေပါတယ်။ Mollyက သူ့ယောကျ်ားအတွက် အဆိပ်ထည့်ထားတဲ့ပန်းကန်ရယ် သူ့အတွက် ပန်းကန်ရယ်ကို ထားပြီး ဖုန်းသွားဖြေနေတုန်းမှာ ယောကျ်ားဖြစ်သူ Charlieက စားပွဲပြင်ပြီး စောင့်လို့နေတာပါ။ ဒီလိုနဲ့ ဘယ်ပွဲက ...
movie

Laced (2023)

M.F.A.(2017) 5.9
M.F.A.(2017)  M.F.Aဆိုတာက "Master of Fine Arts"၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီးဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်းရိုက်ကူးထားတာပါ....။နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာအပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး....။တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက်သဘောကျမိသွားတယ်ပေါ့....။ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကိုပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော....။ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်းမျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့....။ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးကသူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်....။တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်းအကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ.....နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကိုစီးမျှောကြည့်ရှုလို့ရပါပြီ....။   File size…1.56GB / 644MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

M.F.A.(2017)