Channel Myanmar

Kyle Clements

12 Rounds (2009)
12 Rounds (2009) နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်.လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်.. သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီတရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ....ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား....ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe 
movie

12 Rounds (2009)

Allegiant (2016)
Allegiant (2016) စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ဇာတ်လမ်းရဲ့ကြောရိုး....အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ...
movie

Allegiant (2016)

2016
4K HEVCHDR
2 Guns (2013) 6.7
2 Guns (2013) 2 Guns (2013)~ IMDb - 6.7/10, Rotten Tomatoes - 64% ~2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ...
movie

2 Guns (2013)

2013
4K HEVC
Stolen (2012) 5.5
Stolen (2012)  တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်းပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကိုခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီးသူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာအချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီးငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာသူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲအဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင်တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်းကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။  File size…1.93 GB / 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Stolen (2012)

Battleship (2012) 5.8
Battleship (2012) Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie

Battleship (2012)

2012
4K HEVC
Wild Card (2015) 5.6
Wild Card (2015) Wild Card (2015)2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ …ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : ...
movie

Wild Card (2015)

2015
Ender’s Game (2013) 6.6
Ender’s Game (2013) Ender's Game (2013) IMDb - 6.6/10_____Rotten - 62%  Ender's Game (2013)ကတော့ ၁၉၈၅ ခုနှစ် ထုတ် စိတ်ကူးယဉ် သိပ္ပံ ဝတ္ထု ကို ရုပ်ရှင် ပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ၂၀၈၆ ခုနှစ်မှာ ကမ္ဘာကို Formics လို့ခေါ်တဲ့ ဂြိုလ်သားတွေက တိုက်ခိုက်လာပါတယ်။ အဲ့ဒီစစ်ပွဲမှာ လေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဂြိုလ်သားတွေရဲ့ အားနည်းချက်ကိုသိလိုက်ပြီး သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ လူသားတွေ အနိုင်ရခဲ့ပေမယ့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာ လေတပ်အဖွဲ့ကနေပြီး လူကြီးတွေအစား လူငယ်တွေကို လေ့ကျင့်ပေးပြီး Formics တွေပြန် ပြီးတိုက်ခိုက်လာရင် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။ လေ့ကျင့်ပေးရာမှာလည်း Simulation တွေ ဂိမ်းတွေ အပေါ် အခြေခံပြီး လူငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ နှစ်ငါးဆယ် ကြာသွားပြီးတဲ့အချိန်မှာ Formics တွေရဲ့ဂြိုလ်ပေါ်မှာ စစ်တပ်အင်အား အဆမတန် တိုးပွားလာကို လူတွေက သတိထားမိပြီး သူတို့ နောက်တစ်ကြိမ် ကမ္ဘာကို လာပြီး ရန်မစရဲအောင် သူတို့ ရဲ့ ဂြိုလ်အထိ လိုက်ပြီး တိုက်ခိုက် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဲ့ဒီမှာ Ender Wiggin လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ကို Colonel Hyrum Graff ...
movie

Ender’s Game (2013)

2013