Channel Myanmar

Kyler Porche

American Outlaws (2023) 5.5
American Outlaws (2023)  American Outlaws ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့လီဂရေ့စ် ဒေလန်ရိုင်ယန်လို့ခေါ်တဲ့ ဒိုဟာတီမိသားစုဝင် မောင်နှမသုံးယောက်ရဲ့ ဝရမ်းပြေးဘဝကိုအသေးစိတ်ရိုက်ကူးပြသထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ဘယ်လိုဝရမ်းပြေးတွေဖြစ်လာသလဲဆိုတာကိုပြောရရင်ရိုင်ယန်ကခံဝန်နဲ့လွတ်ထားတာမကြာသေးပဲ စောင့်ကြည့်ခံထားရတဲ့အပြင်မှတ်ပုံတင်ပါမရှိတဲ့အတွက် နှစ်ရက်နေရင်အဖမ်းခံရတော့မှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ကလည်း အရမ်းဆင်းရဲတဲ့အတွက် ကျရာအလုပ်လုပ်ကိုင်နေရတဲ့သူတွေဖြစ်ပါတယ်။ဒီလိုနဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဒေလန်ကသုံးယောက်သား တခြားနိုင်ငံကိုထွက်ပြေးနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။သူတို့မောင်နှမသုံးယောက်လည်း သေချာစဉ်းစားဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့နယ်စပ်ကိုခိုးဖြတ်ဝင်ဖို့အတွက် သဘောတူခဲ့ကြပါတော့တယ်။ရိုင်ယန်လည်းသူ့ရဲ့မွေးဖွားခါနီးကောင်မလေးကိုထားခဲ့ရပြီး ထွက်လာခဲ့ပါတော့တယ်။ဒါပေမယ့်လမ်းမှာကားကို အရှိန်တင်မောင်းလို့ ရဲကားအလိုက်ခံရတဲ့အချိန်မှာသေနတ်နဲ့ပြန်ပစ်လို့ အမှုပတ်သွားပါတော့တယ်။ဒီလိုနဲ့သူတို့လည်းဆက်ထွက်ပြေးရင်းနဲ့ပိုက်ဆံလိုအပ်လာတဲ့အတွက်ဘဏ်ကိုပါဓားပြဝင်တိုက်ခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်မှုကနေနှစ်မှုဆင့်လာပြီး နောက်မှာတော့ သတင်းတွေထဲမှာရောရေဒီယိုတွေထဲမှာပါနာမည်ကြီးလာတဲ့ ဝရမ်းပြေးတွေဖြစ်လာခဲ့ပါတယ်။တခြားနိုင်ငံကိုကူးဖို့နယ်စပ်တောင်မရောက်သေးပဲ နဲ့ဒီလောက်အမှုတွေကြီးနေတဲ့ ဝရမ်းပြေးမောင်နှမသုံးယောက်ထွက်ပြေးဖို့ဆိုတာဖြစ်နိုင်ဦးပါ့မလား။သူတို့ရဲ့ဝရမ်းပြေးဘဝတွေမှာဘယ်လိုနေထိုင်ရလဲ သူတို့ရဲ့ငယ်ဘဝတွေကရောဘယ်လိုတွေဖြစ်ခဲ့လို့ဒီလောက်ဆိုးသွမ်းနေတဲ့လူတွေဖြစ်ရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73 GB / 730 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

American Outlaws (2023)

Mona Lisa and the Blood Moon (2022) 6.2
Mona Lisa and the Blood Moon (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ စိတ်အမောပြေစေမဲ့ ကားလေးတစ်ကားပါပဲ မွန်နာလီဆာ ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ ဒီကားထဲက မွန်နာလီဆာလေးကတော့ ကိုရီးယားသူလေးဖြစ်နေတာပါ ထူးခြားတာက သူ့မှာ လူတွေရဲ့စိတ်ကို ထိန်းချုပ်ပြီး သူလိုချင်တာကို ခိုင်းနိုင်တဲ့ အစွမ်းသတ္တိရှိနေတာပါပဲ သူ့ကို ဆယ်ကျော်သက် စိတ္တဇရောဂါသည် ထိန်းသိမ်းရေး ဆေးရုံမှာ ၁၂နှစ်ကြာ ထိန်းသိမ်းထားရာကနေ လပြည့်နေ့တစ်ညမှာ သူ့ကို လက်သည်းခြေသည်းညှပ်ပေးတဲ့သူကို စိတ်နဲ့ထိန်းချုပ်ပြီး ကိုယ့်ကိယ်ကို ဓားနဲ့ထိုးအောင်လုပ်ခဲ့တာပါ အဲဒီဆေးရုံးကနေ သူလွတ်သွားလို့ ခြေဦးတည့်ရာလျှောက်သွားရင်း ဖော်ချွတ်ကလပ်က အကမယ် ဘွန်နီဘဲလ်ဆိုတဲ့ တစ်ယောက်ကို ဘာဂါဆိုင်တစ်ဆိုင်မှာ ကူညီပေးရာကနေ အကမယ်က သူ့ကို အိမ်ခေါ်သွားခဲ့တာပါ သူ့ရဲ့ အစွမ်းကိုသိသွားတဲ့ အကမယ် ဟာ သူ့အစွမ်းတွေသုံးပြီး ပိုက်ဆံတွေ လိုက်လိမ်ပါတော့တယ် အဲဒီလိုနဲ့ အလိမ်ခံလိုက်ရတဲ့သူတွေက ရဲစခန်းကိုလာတိုင်တဲ့အချိန်မှာပဲ သူကပျောက်သွားတဲ့ စိတ်ရောဂါသည်ဆိုတာကို သိသွားပြီး ရဲတွေကအသည်းအသန်လိုက်ဖမ်းတော့တာပါပဲ အဲဒီလိုလိုက်ဖမ်းတဲ့အချိန်မှာ သူလွတ်အောင်ပြေးနိုင်မလား အကမယ်ကရော ...
movie

Mona Lisa and the Blood Moon (2022)

Assimilate (2019) 4.8
Assimilate (2019) ဇက်နဲ့ရန်ဒီ သူငယ်ချင်း၂ယောက်ပေါင်းပြီး သူတို့ မြို့ငယ်လေးအကြောင်း လူသိအောင်လုပ်ဖို့ကြိုးစားကြရင်း youtube ပေါ်တင်ဖို့ video အတိုလေးတွေရိုက်တင်လေ့ရှိပါတယ် သူတို့မြို့လေးမှာထူးဆန်းစွာပဲ တစ်ယောက်ပြီးတစ်ယောက် အကောင်ကိုက်ခံရပြီးသေကုန်တာကို video သက်သေတွေနဲ့တကွတွေ့ရပေမယ့် အဲဒီလူတွေကို နောက်တစ်ရက် အကောင်းပကတိအတိုင်းပြန်တွေ့ရပြန်ပါတယ် အဲ့လူတွေကမူလအစကလူတွေမဟုတ်တော့ပဲ ပုံစံတူအစားထိုးခံထားရတာကိုရှာတွေ့သွားတဲ့အခါမှာတော့... ဒီကားကကြောက်ဖို့လည်းကောင်းပြီးလူသတ်တဲ့အခန်းတွေကိုဆိုရင် တကယ်အနီးကပ်ရိုက်ပြထားတာပဲဖြစ်ပါတယ် Horrorကြိုက်တဲ့သူတွေအတွက်တော့ကားသစ်တွေထဲမှာမှ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File Size : (1.32 GB,682 MB) Quality : Blu-ray 1080p,720p Running Time : 2h 03min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Noe Encoded by sithu
movie

Assimilate (2019)

2019