Channel Myanmar

Kylie Minogue

Holy Motors (2012) 7.0
Holy Motors (2012)  ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို၂၀၁၂ ကထွက်ရှိထားတဲ့ Holy Motors ဆိုတဲ့ Drama &Fantasy အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကို ဒါရိုက်တာ Leos Carax ကရိုက်ကူးပုံဖော်ထားပြီး rating 7/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ မင်းသား Denis Lavant နဲ့ မင်းသမီးEdith Scob တို့ပါဝင်သရုပ်ဆောင်ထားပြီးမင်းသား Denis Lavant ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိထားပြီး မင်းသမီး Edith Scob ကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားရုံသာမက ဒီဇာတ်ကားကအခြား အကောင်းဆုံးရုပ်သံတေးဖြတ်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့အကယ်ဒမီဆုပေါင်း ၂၉ ဆုအထိဆွတ်ခူးရရှိထားပြီးဆန်ကာတင်စာရင်း ၇၁ အခုအထိချိတ်ခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်..ဇာတ်လမ်းအစမှာ မစ္စတာအောစကာတစ်ယောက်မိုးလင်းပြီးဆိုတာနဲ့ မစ္စဆီလင်းနဲ့ အတူတူ ထူးဆန်းဖွယ်ချိန်းဆိုမှုကိုးခုကို အကောင်အထည်ဖော်ဆောင်ရွက်ကြပုံနဲ့စတင်ထားပါတယ် ချိန်းဆိုမှုတစ်ခုဆီမှာ မတူညီနဲ့ဇာတ်ရုပ်တစ်မျိုးစီ မတူညီတဲ့ဘဝတစ်ခုစီကို သရုပ်ဆောင်ရမှာဖြစ်ပါတယ် ဒီလိုနဲ့ မစ္စဆီလင်းနဲ့ မစ္စတာအောစကာတို့နှစ်ယောက် ဒီထူးဆန်းဖွယ်ချိန်းဆိုမှု ကိုးခုကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါမ့လား..ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဦး...ဒီဇာတ်ကားမှာ မစ္စတာအောစကာအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Denis Lavant ...
movie

Holy Motors (2012)

The Magic Roundabout (2005) 5.2
The Magic Roundabout (2005)  2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ ငယ်ဘ၀ကိုပြန်လည်လွမ်းဆွတ်စေမဲ့ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကာတွန်းကားလေးရဲ့နာမည်ကတော့ The Magic Roundabout :The Movie ဖြစ်ပြီး IMDb Rating 5.2 ရရှိထားပါတယ်။ဒူဂယ်ဆိုတဲ့ ခွေးလေးက အဝိုင်းရွာမှာ နေနေတဲ့ခွေးလေးတစ်ကောင်ဖြစ်ပြီး သူ့သခင်ကတော့ဖလောရန့်စ်ဖြစ်ပါတယ်။သူက အချိုအရမ်းကြိုက်တတ်ပြီး အချိုမစားရရင် မနေနိုင်မထိုင်နိုင်ကိုဖြစ်နေတာပါ။ဒီလိုနဲ့ တစ်နေ့မှာ သကြားလုံးရောင်းတဲ့ လူဆီကသကြားလုံးတွေ စားရဖို့ကြံရင်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီး ကလေးတွေကစားနေတဲ့ ဆုံလည်မြင်းကြီးပျက်စီးသွားပါတော့တယ်။အဲ့ဒီအချိန်မှာ အဲ့ထဲမှာပိတ်လှောင်ထားခြင်းခံရတဲ့ ရေခဲမကောင်းဆိုးဝါးဇီးဘတ် လွတ်မြောက်လာခဲ့ပြီးဖလောရန့်စ် အပါအဝင်တခြားကလေးတွေကို ဆုံလည်မြင်းကြီးထဲမှာ အေးခဲနေအောင်ပိတ်ထားခဲ့ပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည်ကတော့ နေကိုခဲအောင်လုပ်ပစ်ပြီး တစ်ကမ္ဘာလုံးကိုသူ့စိတ်ကြိုက်ရေခဲတွေနဲ့ ဖုံးလွှမ်းအောင်လုပ်ပစ်ဖို့ပဲရှိပါတယ်။သူ့ကိုတားဖို့အတွက် ဇစ်ဘဒီဆိုတဲ့ ရွာရဲ့သူရဲကောင်းရှိပေမဲ့သူ့ကို အနိုင်မယူနိုင်တဲ့အခါမှာတော့ ဒူဂယ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အကူအညီကို လိုအပ်လာပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည်အောင်မြင်ဖို့ မှော်စိန်သုံးလုံးကို လိုအပ်ပြီး အဲ့ဒီစိန်တွေကိုဇီးဘတ် မရသွားအောင် ဒူဂယ်နဲ့သူငယ်ချင်း တိရစ္ဆာန်လေးတွေကဘယ်လိုတားဆီးသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ကာတွန်းကားလေးပဲဖြစ်ပါတယ်။ File size…1.65GB / 926MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 21m Genre ….. ...
movie

The Magic Roundabout (2005)

Street Fighter (1994) 5
Street Fighter (1994) Street Fighterဗန်ဒိန်းဆိုတာနဲ့ ကျွန်တော်တို့ ငယ်ဘဝကကြည့်နေကျ အက်ရှင်မင်းသားကြီးဆိုတာ အမှတ်ရနေကြမှာပါ...Street Fighter ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာတော့ ဗန်ဒိန်းက Col. Guile အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်အာရှတစ်လွှားမှာ သူသတ်အကြမ်းဖက်လုယက်နေတဲ့ အာဏာရူး General Bisonဟာ မဟာမိတ်ညွှန့်အပေါင်းအဖွဲ့က စေတနာဝန်ထမ်၆၀ကျော်ကို ပြန်ပေးဆွဲသွားကာ လျော်ကြေးငွေ ၂၀ဘီလီယံတောင်းဆိုလာတဲ့အခါ ဗန်ဒိန်းတို့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်...ဒါတင်မကသေးဘဲ ဘိုင်ဆန့်လက်ချက်ကြောင့် ဒုက္ခရောက်ခဲ့ရသူအပေါင်းကလည်း လက်စားချေတုံ့ပြန်ဖို့ ကြံစည်လာတဲ့အခါ....တချိန်က ဗန်ဒိန်းကားတွေကို ကြည့်ခဲ့ဖူးသူဆိုရင်တော့ ဒီဇာတ်လမ်းလေးက ငယ်ဘဝကိုလည်း ပြန်ပြောင်းသတိရစေမှာပါAction ကြိုက်တဲ့သူတွေ့အဖို့လည်း အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တစ်ကားမို့တင်ဆက်ပေးလိုက်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2GB) / (1.1GB) Quality__Bluray_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:42:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by ...
movie

Street Fighter (1994)

Moulin Rouge!(2001) 7.6
Moulin Rouge!(2001) Moulin Rouge!(2001) အညွှန်း**************************IMDb...7.4ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor  နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... "သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်.... နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်... အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ.... အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲတိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်.... အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့.... ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ.... အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေအကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : (3.6GB)(1.2GB) And (580 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…02:07:00 Genre : ...
movie

Moulin Rouge!(2001)

Back to the Outback (2021) 6.7
Back to the Outback (2021) IMDb Rating (6.7) / Rotten Tomatoes (87%)တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့​မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်​လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီး ...
movie

Back to the Outback (2021)

San Andreas (2015) 6.0
San Andreas (2015) San Andreas (2015)__________IMDb - 6.0/10  Channel Myanmar က ပရိတ်သတ်တွေအတွက် The Rock မင်းသားကြီးပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေနဲ့ ရုပ်ရှင်ကား တစ်ကားကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ IMDb Rating 6.0 ရရှိထားပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။ အဖြစ်အပျက်က ဒီဇာတ်ကားမှာ The Rock လို့လူသိများတဲ့မင်းသားကြီးဟာ ကယ်လီဖိုးနီးယား မှာဖြစ်ပျက်သွားတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြားက အသက်ရှင်ကျန်တဲ့သူတွေကို ရှာဖွေကယ်ဆယ်မဲ့ ရဟတ်ယာဉ်ပိုင်းလော့ တစ်ယောက်ပါ။ ငလျင်ဒဏ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ သူ့သမီးကို သူနဲ့ Ex-wife  ဖြစ်လုဆဲဆဲ ဇနီးနဲ့အတူ မဖြစ်နိုင်တဲ့ စွန့်စားခန်းတွေဖွင့်ပြီး သွားရောက်ကယ်ဆယ်ကြမှာပါ။ ဒီဇာတ်ကားမှာ မင်းသားကြီးရဲ့ ပြည့်စုံတဲ့ လှုပ်ရှားမှုတွေ အပြင် ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး လို့ ပြောလို့ရတဲ့ CGI effect တွေကြောင့် ပါးစပ်အဟောင်းသားနဲ့ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် ...
movie

San Andreas (2015)