Channel Myanmar

Kyutae Sim

Hunger (2023) 7
Hunger (2023) Hunger (2023)Bad Geniusထဲမှာ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားသွားတဲ့မင်းသမီး Aokbab Chutimon ရဲ့ ကားသစ်လေးဖြစ်တဲ့ Hungerဆိုတဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဂျစ်ကန်ကန်ကာရိုက်တာနဲ့ အင်မတန်လိုက်ဖက်တဲ့သူလေးကို ဒီကားထဲမှာတော့ ဇွဲနပဲကြီးတဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ရှက်ဖ်လေးအဖြစ် မြင်ရမှာပါ။အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသတ်ချင်သူပါ။ ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။ ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ...မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။ ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါ‌စားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ် အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့၊ လောကကြီးကို လုပ်နိုင်ကြောင်း သက်သေပြချင်တဲ့အွိုင်တစ်ယောက် အောင်မြင်မှုကို ငတ်မွတ်လာတဲ့အခါ ရယူခြင်းရဲ့နောက်ကွယ်က ...
movie

Hunger (2023)

2023
Pee Nak 3 (2022) 6.5
Pee Nak 3 (2022) ကြည့်ချင်လွန်းလို့ မျှော်နေကြသူတွေအတွက် Pee nak 3 ဟာ ရုံတင်ပြီး တစ်လအကြာမှာ ထွက်ရှိလာခဲ့ပါပြီ၁ နဲ့ ၂ ကြည့်ပြီးသူတွေကတော့ ဘယ်လောက်ရယ်ရကြောင်း ဘယ်လောက်‌‌ကြောက်ဖို့ကောင်းကြောင်းတွေကို သိထားပြီး ဖြစ်မှာပါအခု ၃ မှာ လည်း ၁ နဲ့ ၂ တုန်းကထက် ကြမ်းတဲ့ ဇာတ်အိမ်နဲ့ အလန်းစားရိုက်ပြသွားလို့ ထိုင်းမှာ ရုံပြည့်လျံလို့ ၂ပတ်ကနေ ၃ပတ်ထိ ပြသခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းထမ်မနာခါနိမစ်ကျောင်းတော်က သင်္ချိုင်းမြေတူးသမားအော့တ်ဟာ ဒုတိယကမ္ဘာစစ်ကာလက အုတ်ဂူတစ်ဂူကို တူးဖော်မိခဲ့တယ်အုတ်ဂူတွင်းက ရွှေခြေချင်းတစ်ခုကိုတွေ့လို့ လောဘစိတ်နဲ့ယူမိရာက ကျိန်စာမိခဲ့ပြီး အ​ရေပြားတွေက မြွေအရေခွံတွေအဖြစ်ပြောင်းလာခဲ့တယ်ဒါ့အပြင် ကျိန်စာရဲ့အစပထမဖြစ်တဲ့ ဖော့နာခ့်ကိုပါ သူပိုင်တဲ့ရွှေခြေချင်းကို ပြန်ယူဖို့ နိုးထလာစေပါတော့တယ်အော့တ်တို့ သူငယ်ချင်းတစ်စု ကျိန်စာပြေစေဖို့အပြင် အငြိုးတရားနဲ့လိုက်လာနေတဲ့ ဖော့နာ့ခ် သရဲလက်ကလွတ်ဖို့ပါ ကြိုးစားရပါတော့တယ်မရည်ရွယ်ဘဲ ထိခဲ့တဲ့ကျိန်စာကနေပြေဖို့အပြင် ဖော့နာ့ခ်လက်ကပါ အော့တ်တစ်ယောက် အသက်ဘေးလွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာ ဟာသနှောပြီးတင်ဆက်ပေးထားပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi ...
movie

Pee Nak 3 (2022)