Channel Myanmar

La Thành

Duyen Ma (2022)
Duyen Ma (2022) Duyen Ma / My Biyfriend is a Ghost (2022)ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Boyfriend Is A Ghost လို့အမည်ရတဲ့ Vietnam ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်န်ဆိုတဲ့ တစ်ကိုယ်တော် ရိုးသားကြိုးစားတဲ့ ကောင်လေးက ကံအကြောင်းမလှဘဲ ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသွားပါတော့တယ်။ သေဆုံးခါစ ဝိဉာဉ်အဖြစ်နဲ့ သွားစရာမရှိဖြစ်နေတဲ့ မင်န့်ကို နော့ ဆိုတဲ့ ဝိဉာဉ်တွေ သရဲတွေကိုမြင်ရပြီး ခင်မင်ရတဲ့ဝိဉာဉ်တစ်ချို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်မလေးက သူ့အိမ်က ဝိဉာဉ်တွေနဲ့အတူတူ‌ လာနေထိုင်ဖို့ခေါ်လာခဲ့ရာက စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သေဆုံးသွားတဲ့အဖြစ်ကိုလက်မခံနိုင်ဖြစ်နေတဲ့ မင့်န်ကို ဝိဉာဉ်ဘဝနဲ့နေသားကျသွားအောင် ကူညီပေးနေရင်း သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ၊ အချစ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ကမ္ဘာနှစ်ခုခြားနေတဲ့ သူတို့အချစ်ရဲ့ခက်ခဲမှုတွေနဲ့အတူ ဘယ်လိုမျိုး အနှောင့်အယှက်တွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Cali နဲ့ Shin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Horror, Romance Quality…. 1080p | ...
movie

Duyen Ma (2022)

2022
Kumanthong (2019) 5.6
Kumanthong (2019)  သစ်ပင်တစ်ပင်အောက်မှာ ကောင်လေးရယ် သူ့အမေရယ် ရပ်နေကြတယ်။ မြွေတစ်ကောင်က အဲဒီနားရောက်လာပြီး ကောင်လေးအမေကိုပေါက်ဖို့လုပ်တဲ့အချိန်မှာ ကောင်လေးက အစားအပေါက်ခံလိုက်တယ်။ ကောင်လေးသေသွားပေမဲ့ နတ်ဆရာအဖြစ်ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူ့အမေကတော့ သူ့သားအတွက် ဖြေမဆည်နိုင်ဖြစ်ပြီး သတ်သေသွားခဲ့တယ်။ သူ့အမေကို ပြန်ရဖို့ ကောင်လေးဟာ နတ်နဲ့အပေးအယူလုပ်ပြီး ...ရှားရှားပါးပါးကြည့်ရခဲတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ။ Genreကလည်း Horror / Thrillerပါ။ ဗီယက်နမ်ရဲ့ ပထမဆုံးကွင်းဆက်လူသတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ဒါရိုက်တာ ဉာဏ်ကွန့်မြူးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ရှေးနတ်အယူအဆတွေ ယာဇ်ပူဇော်တာတွေနဲ့ ကွင်းဆက်လူသတ်တာကို ချိတ်ဆက်ပြီး ပုံဖော်သွားပြီး ဇာတ်အိမ်ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ပြထားပါတယ်။ နတ်ဆရာတွေ ဆေးကုပုံဘာညာကလည်း တွတ်ပီစာအုပ်တွေ ထဲက အတိုင်းပါပဲ။ ဗီယက်နမ်ဟန်ကို မြင်ရမှာပါ။ စုန်းလည်းဆန်သလိုလိုဖြစ်ပေမဲ့ နတ်ကားပါပဲ။ စပွိုင်လာဖြစ်မှာစိုးလို့ ဇာတ်လမ်းတော့ အများကြီးမပြောတော့ပါဘူး။ ဇာတ်လမ်းသက်သက်ချည်းလည်း ကြည့်ကောင်းသလို Thriller အငွေ့ လွှမ်းထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း ...
movie

Kumanthong (2019)