Channel Myanmar

Lady Morgana

Third World Romance (2023) 6.1
Third World Romance (2023)  ဆင်းရဲသားကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ အလုပ်တွေကြိုးကြိုးစားစားလုပ်ရင်း နောက်၃၊၄နှစ်နေတော့ ချမ်းသာသွားကြပါတယ်။...ဒီလိုဆိုရင်တော့ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းဖြစ်နေမှာပေါ့။အချိန်တိုတိုလေးအတွင်း လူချမ်းသာကြီးဖြစ် အိမ်တွေကားတွေပိုင်သွားတယ်ဆိုတာဇိမ်ခံရုပ်ရှင်တွေထဲမှာပဲရှိတာပါ လက်တွေ့ဘဝကြီးမှာတော့ ဘာကိုမှအလကားရမနေပါဘူး။ လက်ရှိဘဝလေးကတဆင့် ချောင်လည်အောင် ကြိုးစားရုန်းကန်ရင်အသက်ရှင်နေရတာပါပဲ။ဒီဇာတ်လမ်းလေးထဲမှာလည်း အထက်လူကြီးရဲ့ခေါင်းပုံဖြတ်မှုကြောင့်အလုပ်ထွက်လိုက်တဲ့ Breeနဲ့ ပျော်ရွှင်ဖို့ကိုသာဘဝရည်မှန်းချက်အဖြစ်ထားတဲ့စူပါမားကတ်ကလုပ်သားလေးVinတို့ဟာ လက်တွေ့လောကကြီးဟာထင်သလောက်မလွယ်ကူကြောင်းပြနေပါတယ်။ကပ်ရောဂါကြီးဖြစ်ပြီးခါစ အားလုံးလည်း နာလန်ပြန်ထူဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။အစိုးရကထောက်ပံ့တဲ့ စားနပ်ရိက္ခာသွားယူရင်း Vinဟာ Breeကို သဘောကျသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ Breeကို လက်ရှိသူလုပ်နေတဲ့ စူပါမားကတ်မှာအလုပ်သွင်းပေးလိုက်ပါတယ်။ ဘဝမှာ နေပျော်ဖို့ပဲအဓိကထားပြီး စိတ်ထားပြည့်ဝတဲ့Vinဟာ Breeလိုအပ်တာမှန်သမျှကို တက်နိုင်သမျှလေးဖြည့်ဆည်းပေးရှာပါတယ်။ဆင်းရဲတဲ့ဘဝမှာ အကြောက်တရားကင်းဖို့ကလွဲရင် ဘာကိုမှရွေးချယ်စရာမရှိဘူးလို့ခံယူထားတဲ့Bree။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့်ဖြစ်ရပ်နဲ့ကြုံရတဲ့အခါ...  File size…1.88GB / 892MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 52m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Third World Romance (2023)