Channel Myanmar

Laila Liliana Garro

The Brave One (2007) 6.7
The Brave One (2007) ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့်ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။“Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူအဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီးသိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာကအရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကိုသင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက်သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာအခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကိုစသတ်မိရာကနေပြီးတော့ သူ့အတွက်ကောနယူးယောက်မြို့သားတွေအတွက်ပါအပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာနယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ဆက်ကြည့်လိုက်ကြပါဦး။ File size…    1.7 GB /  775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Crime / ...
movie

The Brave One (2007)

A Guide to Recognizing Your Saints (2006) 6.9
A Guide to Recognizing Your Saints (2006)  ဒီတစ်ခါ ဇာတ်ကားဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့အမေရိကန်ဒရာမာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ဒါရိုက်တာ ဒီတိုမွန်တီရယ် ကိုယ်တိုင်ရဲ့ဘဝအတွေ့အကြုံ မှတ်တမ်းက သူ့ရဲ့ငယ်စဉ်ဘဝကို ဇောင်းပေးမှီငြမ်း ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၂၀၀၆ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာဇာတ်ကားဆု၊ ဇာတ်ပို့ဆုတွေ ၈ခုထိရခဲ့ပြီး nomination ၉ခုရတဲ့အထိအောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့Robert Downey Jr.၊ Channing Tatum နဲ့ Shia Labeouf တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းက ဒီတိုက လက်ရှိအချိန်မှာ အယ်လ်အေမှာအောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နဲ့ အစပျိုးထားပါတယ်။ သူ့ရဲ မိခင် ဖလော်ရီနဲ့ ငယ်သူငယ်ချင်းနာ့ဖ်တို့ဆီက ဖုန်းဆက်တိုက်တွန်းမှုတွေကြောင့် သူစွန့်ခွာခဲ့တဲ့ငယ်စဉ်နေရပ် နယူးယောက် အော်စတိုရီယား ကို နေမကောင်းဖြစ်နေတဲ့ ဖခင်ကို ဆေးရုံတက်ရန် ဖျောင်းဖျဖို့ ပြန်လာခဲ့ပါတယ်ဇာတ်အိမ်တလျှောက် ၁၉၈၀ ဝန်းကျင် ဒီတို ငယ်စဉ်ဘဝကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိအချိန် ...
movie

A Guide to Recognizing Your Saints (2006)

Fighting (2009)
Fighting (2009) 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ underground street fighting ကို အခြေခံထားတဲ့ ကားကောင်းတစ်ကားပါ။မင်းသား Channing Tatum နဲ့ Terrence Howard တို့ ဦးဆောင် ပါဝင်ထားပါတယ်။ New York လမ်းဘေးမှာ ပစ္စည်းအတုတွေ ခင်းရောင်းပြီး အသက်မွေးနေတဲ့ ကောင်လေး Shawn က တစ်ရက်မှာ အမှတ်မထင် Harvey ဆိုသူနဲ့ ဆုံခဲ့ရပါတယ်။ Harveyကလည်း လမ်းမပေါ်မှာ တပည့်တွေနဲ့အတူ ရုပ်ရှင်လက်မှတ်တွေ ရှူးဖိနပ်တွေကို လက်သိပ်ထိုးရောင်းတဲ့အလုပ်နဲ့ အသက်မွေးပါတယ်။ Shawn ဆီမှာ fighter တစ်ယောက် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းကို တွေ့သွားတဲ့ Harveyက Shawnကို underground fighting လောကထဲ ဝင်ရောက်ဖို့ ဆွဲခေါ်သွားပါတော့တယ်။နှစ်ဦးကြား သံယောဇဥ်တိုးလာတာနဲ့အတူ အချစ်ရေး အချစ်ရာတွေ အတိတ်က မနာလိုမှုတွေ ရောပြွန်းလာပါတယ်။ Street fightတွေ ...
movie

Fighting (2009)

Teeth (2007) 5.4
Teeth (2007) Teeth (2007)~ IMDb - 5.4/10, Rotten Tomatoes - 80% ~အခုတ​လော ​ရေပန်းစား​နေတဲ့ ထူးထူးခြားခြား Horror ကား​လေး ရပါပြီ​နော်။ဘယ်လ်ိုရေပန်းစားလဲဆိုတာက​တော့ ​ပြောရမယ်ဆိုရင် သွား​တော့သွား၊ ဒါ​ပေမဲ့ စမူသွား​လေး​ပေါ့။ ​ဇာတ်လမ်း​လေးက​တော့ ​ဒေါင်းဆိုတဲ့ ​ကောင်မ​လေး​တစ်​ယောက်မှာ စမူသွား​လေး​တွေ ​မွေးကတည်းက ပါလာပါတယ်။ သူဟာ ကြီးပြင်းလာတဲ့အခါ အိမ်​ထောင်မပြုခင် လိင်ဆက်ဆံတဲ့အမှုကို ​ရှောင်ကြဉ်တဲ့ အဖွဲ့ဝင်ထားတဲ့အပြင် သူကိုယ်တိုင်လည်း တက်ကြွစွာကျင့်သုံးသူပါ။တစ်​​နေ့မှာ​တော့ တိုဘီဆိုတဲ့​ကောင်​လေးနဲ့ ဆုံရင်း သ​ဘောကျမိကြပါတယ်။ ​ရေကန်မှာ ​ရေသွားကူးကြပြီး ဂူထဲ​​ရောက်သွားချိန် လူငယ်တို့သဘာဝ ချစ်ကြည်နူးကြရင်း.... ​ကောင်းခန်းမ​ရောက်ချင်​တော့တဲ့ ​​ဒေါင်း​လေးက ရုန်းကန်.... တိုဘီကလည်း အတင်းအကြပ်လုပ်​​တော့ စမူသွား​လေး​တွေ အစွမ်းပြလိုက်တဲ့အခါ..... ​​ဒေါင်းအတွက် ဒီသွား​တွေက ​ကောင်းချီးတစ်ခုလား ကျိန်စာတစ်ခုဖြစ်​လေမလား...လက်​တွေ့ဘဝမှာလည်း အမျိုးသမီး​တိုင်းမှာသာ ​ဒေါင်းလို စမူသွား​လေး​တွေ ပါလာမယ်ဆိုရင်​တော့ မုဒိန်း​ကောင်​တွေလည်း ​​တော်​တော် ​နောက်တွန့်​နေမယ်လို့ ​တွေးမိရင်း ကြည့်ရှုခံစားလိုက်ကြပါဦး... (ဇာတ်ကားနဲ့အညွှန်းကို Mugiwara ...
movie

Teeth (2007)

2007