Channel Myanmar

Lajos Kovács

Semmelweis (2023) 7
Semmelweis (2023) Semmelweis (2023)ကျွန်တော်တို့ ဆေးပညာသမိုင်းစာမျက်နှာကို လှန်ကြည့်လိုက်မယ်ဆိုရင် ခေတ်အဆက်ဆက်က သမားတော်တွေ ဆရာဝန်တွေဆိုတာ လူနာကိုအလယ်မှာထားလို့ ရောဂါပိုးတွေရော ရောဂါအမျိုးမျိုးနဲ့ပါ လွန်ဆွဲတိုက်ခိုက်နေကြရတာပါ။ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ ကုသနည်းတွေနဲ့အတူ ရောဂါဆန်းတွေလည်း တစ်ခုပြီးတစ်ခုမြင်နေရတယ်ဆိုပေမဲ့ အသစ်အသစ်ရှာတွေ့လာတဲ့ကုသမှုတိုင်းရဲ့နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ အားစိုက်ခဲ့ရတဲ့ ဆရာဝန်တွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မမေ့လိုက်သင့်ပါဘူး။ အခုဒီနေ့မှာ တင်ဆက်ပေးချင်တာတော့ တစ်ချိန်က မိခင်တွေရဲ့ကယ်တင်ရှင် Miracle Worker ရယ်လို့ တင်စားခဲ့ကြတဲ့ ဒေါက်တာအစ်ဂ်နက်ဆမ်မယ်ဝိုက်စ်ရဲ့Biography Dramaလေးပဲဖြစ်ပါတယ်။ဗီအန်နာမြို့ရဲ့ အကောင်းဆုံးဆေးခန်းမှာအလုပ်လုပ်ဖို့က အဲဒီခေတ်အဲဒီအချိန်က ဗီအန်နာမြို့က ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးရဲ့အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ ဒီဆေးခန်းက မီးဖွားမယ့်မိခင်တွေအတွက်တော့ သေမင်းဆေးရုံကြီးလို့ ခေါ်ရတဲ့အထိ အဝင်ပဲရှိ ထွက်လမ်းမရှိလို့ သမုတ်ရတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သေမင်းတံခါးဝပေါ့။ ဒီဆေးရုံမှာမွေးမယ့်အစား လမ်းဘေးမှာပဲမွေးပစ်လိုက်ရရင်တောင် ကောင်းသေးတယ်ဆိုတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။‌ဒီလိုနဲ့ သေမင်းဆေးရုံကြီးကို သားဖွားဆရာမကောလိပ်က သားဖွားဆရာမ သူနာပြုတစ်ယောက် အလုပ်လာလျှောက်ရာကနေ ဒေါက်တာဆမ်မယ်ဝိုက်စ်တစ်ယောက် မိခင်တွေတဖြုတ်ဖြုတ်သေနေတာ သူတို့ဆေးခန်းတစ်ခုတည်းမှာဖြစ်နေတယ်ဆိုတာ ဒီကပ်ဆိုက်နေတယ်ဆိုတာ ဒီဆေးခန်းမှာပဲ ထိန်းမရသိမ်းမရဖြစ်နေတာကို သိသွားပါတော့တယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးအလုပ်လာဆင်းတဲ့ သားဖွားဆရာမကောလိပ်က သူနာပြုက မီးဖွားထားတဲ့မိခင်တွေ အဖျားတက်ပြီး သူ့ရှေ့တင်ဆုံးသွားတာကို မျက်မြင် မြင်လိုက်ရပြီး ...
movie

Semmelweis (2023)

2023
Hadik (2023)
Hadik (2023)   ဟန်ဂေရီစကားပြော ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ စစ်ပွဲ ရုပ်ရှင် Hadikက မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Seven Years' War လို့ခေါ်တဲ့ ဥရောပတစ်ခွင်က နိုင်ငံကြီးတွေရဲ့ စစ်ပွဲအတွင်းမှာ Prussia နိုင်ငံက အေးချမ်းတဲ့ Austriaနိုင်ငံကို စစ်ပွဲတွေဆက်တိုက် တိုက်နေတဲ့အချိန်မှာ ဇာတ်လမ်းတည်ထားပါတယ်။ ဘုရင်မကြီး Maria Theresa ရဲ့ အယုံကြည်ရဆုံး စစ်ဗိုလ်မှူးချုပ်ဖြစ်တဲ့ Andras Hadikဟာ မြင်းစီးစစ်သည်တော်တွေကို ခေါ်ဆောင်ပြီး Prussia Empireရဲ့ အသည်းနှလုံးဖြစ်တဲ့ Berlin မြို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ဗိုလ်ချုပ် Hadikက စစ်ပွဲအတွင်းမှာ ထက်မြတ်ပြီး သတ္တိရှိသူဖြစ်ပေမယ့် မလိုမုန်းထားသူတွေအလွန်များပါတယ်။ တစ်ရက်စစ်ပွဲအတွင်းမှာ ရန်သူတွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကို လိုက်ယူရင်းနဲ့ ဒဏ်ရာရသွားပြီး မလိုသူတွေကြောင့် ရာထူးချခံရကာ နေရပ်ကိုပြန်သွားခဲ့ပါတယ်။ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးနေတုန်းမှာ ညီအစ်ကိုလို ချစ်ခင်တဲ့ ဗိုလ်ချုပ် Farkas Babochay ရောက်လာပြီး ...
movie

Hadik (2023)