Channel Myanmar

Laksmi Notokusumo

Tabu: Mengusik Gerbang Iblis (2019) 5.5
Tabu: Mengusik Gerbang Iblis (2019) Tabu: Mengusik Gerbang Iblis (2019)အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း...ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ...တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ...
movie

Tabu: Mengusik Gerbang Iblis (2019)

2019
Danur 2: Maddah (2018) 5.2
Danur 2: Maddah (2018) Danur 2 (2018)သရဲတွေကိုမြင်နိုင်စွမ်းရှိပြီး သရဲသူငယ်ချင်းသုံးယောက်ရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေး ရီဆာ။အစ်မဖြစ်သူရဲ့ သရဲမြင်နိုင်တဲ့စွမ်းရည်ရှိတာကို ရှက်တတ်တဲ့ ညီမလေး ရီရီ။သူတို့နှစ်ယောက်ဟာ မိဘတွေအိမ်မှာမရှိကြတာမို့ ဘန်ဒေါင်းမြို့ကိုပြောင်းလာခါစဖြစ်တဲ့ အဒေါ်ဖြစ်တဲ့တီနာတို့မိသားစုဆီကို မကြာခဏသွားလည်ပြီး ညအိပ်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ အဒေါ်ရဲ့ယောက်ျားဖြစ်သူ အဟ်မဒ်ကို အပြင်မှာ‌ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်ပါတော့တယ်။ ဦးလေးဖြစ်သူ အဟ်မဒ်ဖောက်ပြန်နေတယ်လို့ထင်ခဲ့ပြီး ရီဆာဟာ တစ်‌ယောက်တည်းစုံစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ အဒေါ်ရဲ့အိမ်မှာ ထူးဆန်းတဲ့အရာတွေကိုခံစားလာရပြီး ဦးလေးဖြစ်သူအဟ်မဒ်ရဲ့အပြုအမူတွေဟာလည်း ထူးဆန်းလာတယ်လို့ အစ်ကိုဝမ်းကွဲ အန်ကီကပြောလာခဲ့ပါတယ်။ ဦးလေးဖြစ်သူနဲ့တွေ့လိုက်တဲ့ကောင်မလေးဟာ ဘယ်သူဖြစ်မလဲ အိမ်မှာရှိနေတဲ့သရဲမနဲ့တစ်ခုခုများပတ်သက်နေမလား။ ဦးလေးအဟ်မဒ်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ဘာကြောင့်လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 711MB | 356MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Khaing Encoder ..... Aaron
movie

Danur 2: Maddah (2018)

2018
Tumbal Kanjeng Iblis(2022) 6.5
Tumbal Kanjeng Iblis(2022) Tumbal Kanjeng Iblis(2022)*************************မတူညီကြတဲ့ယုံကြည်ကိုးစားမှုတွေက ဒီကမ္ဘာမှာဒုနဲ့ဒေးရှိသလိုကိုယ်လိုချင်တာတစ်ခုအတွက် အခြားသူတွေကိုချနင်းစတေးဖို့ ဝန်မလေးတဲ့လူတွေလည်း အများအပြားရှိပါတယ် ...မိသားစုလေးတစ်ခုမှာ ပူတရီနဲ့တီအာဆိုတဲ့ညီအမနှစ်ယောက်ရှိတယ် ပူတရီကောလိပ်တက်ဖို့ တစ်ခြားမြို့ကိုသွားပြီးနောက် ၂နှစ်ကြာတဲ့အထိ သတင်းအဆက်အသွယ်မရ ပျောက်ဆုံးသွားခဲ့တယ်,,,,ကျန်းမာရေးယိုယွင်းလာတဲ့ ဖခင်ကို ဆေးရုံတင်ထားခဲ့ရပြီးတီအာ သူ့အစ်မကိုရှာဖို့ ထွက်လာခဲ့တယ် ...သူ့အစ်မနေခဲ့တယ်လို့ ယူဆရတဲ့အဆောင်မှာ နေပြီး သူ့အစ်မသတင်းကိုစုံစမ်းဖို့ကြိုးစားတယ်...အဆောင်ပိုင်ရှင် ရိုဆာက ရှေ့မှာအင်မတန် ဖော်ရွေလှပေမယ့် နောက်ကွယ်ကမူမမှန်တာတွေကို တွေ့ပြီး တီအာ သံသယတွေဝင်လာတယ် အဆောင်ရောက်ပြီးညတိုင်းအိပ်မက်ဆိုးတွေမက်နေပြန်တယ် သူ့အစ်မပျောက်ဆုံးမှုနောက်ကွယ်မှာဘယ်လိုအရာတွေ ရှိနေတာလဲ.... သူမအဖေရဲ့ အဖြေရှာမရ ဆိုးဝါးလှတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ဇစ်မြစ်ကဘာလဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာဆိုးကြီးကနေတီအာ လွတ်မြောက်နိုင်မလားဆိုတာ...။ ဒီဇာတ်လမ်းလေးက ကြောက်တတ်တဲ့သူတွေဆို တစ်ယောက်ထဲမကြည့်သင့်ပါဘူးအသည်းယားစရာကောင်းတဲ့ သွေးသံရဲရဲ ကြောက်စရာမြင်ကွင်းတွေ ပါတာမို့လို့ပါ။File size… 995MB& 416MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Horror , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by AOI
movie

Tumbal Kanjeng Iblis(2022)